သတင်းစာဆရာ ဦးစည်သူအောင်မြင့် ထောင် နောက်ထပ်နှစ်နှစ် ချမှတ်ခံရ

Local News

သတင်းစာဆရာ ဦးစည်သူအောင်မြင့် ထောင် နောက်ထပ်နှစ်နှစ် ချမှတ်ခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့သတင်းစာဆရာ ဦးစည်သူအောင်မြင့် ထောင် နောက်ထပ်နှစ်နှစ် ချမှတ်ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သတင်းစာဆရာတစ်ဦးဖြစ်တဲ့ ဦးစည်သူအောင်မြင့်ကို ဗဟန်းမြိုန့ယ်တရားရုံးမှာ စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅-က အတွက် မနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ အင်းစိန်အကျဥ်းထောင်တွင်းအထူးတရားရုံးက ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

Myanmar Journalist SiThu Aung Myint

ဦးစည်သူအောင်မြင့်ဟာ မူလက ပုဒ်မ ၅၀၅-က နဲ့ ထောင် ၃ နှစ်ချမှတ်ခံထားရပြီဖြစ်ပါတယ်။
ဝါရင့် သတင်းစာဆရာတစ်ဦးဖြစ်တဲ့ ဦးစည်သူအောင်မြင့်ဟာ VOA မြန်မာပိုင်းသတင်းဌာနရဲ့ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးလည်းဖြစ်သလို ဖရွန့်တီးယားမြန်မာသတင်းဌာနနဲ့ မြန်မာနောင်းသတင်းဌာနတို့မှာလည်း သတင်းဆောင်းပါးသုံးသပ်ချက်တွေရေးသားခဲ့သူဖြစ်ပါတယ်။

သူ့ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ရန်ကုန်မြို့ဗဟန်းမြို့နယ်အတွင်းက နေအိမ်တစ်အိမ်မှာစစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘီဘီစီမီဒီယာအက်ရှင်ရဲ့အလွတ်တန်းထုတ်လုပ်ရေးမှူး မထက်ထက်ခိုင်နဲ့အတူ ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဦးစည်သူအောင်မြင့်ကို ပုစွန်တောင်မြိုန့ယ်တရားရုံးမှာ ပုဒ်မ ၅၀၅-က နဲ့တစ်မှု၊ နိုင်ငံတော် အကြည် အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့နဲ့ တရားစွဲဆိုခဲ့ပြီး အခုအခါ ပုဒ်မ ၅၀၅- က နှစ်မှုလုံးအတွက် အမိန့်ချမှတ်ခဲ့ကာ စုစုပေါင်း ထောင်ဒဏ် ငါးနှစ် ရှိလာပြီဖြစ်ပါတယ်။ နောက်ထပ် ပုဒ်မ ၁၂၄ (က) ကိုထပ်မံရင်ဆိုင်ရဖို့ရှိနေပါတယ်။

မထက်ထက်ခိုင်ကိုတော့ ပုဒ်မ ၅၀၅(က)​၊ ပုဒ်မ ၁၇ (၁) တို့နဲ့ စစ်ကောင်စီက တရားစွဲခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချမှတ်ထားပါတယ်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။