တန့်ဆည်မြို့နယ်၊ နနွင်းတောရွာနှင့် ခင်ဦးမြို့နယ်၊ ဖို့ကုန်းကျေးရွာကို စစ် တပ်က ယနေ့ နံနက် မီးတင်ရှို့နေ

Local News

တန့်ဆည်မြို့နယ်၊ နနွင်းတောရွာနှင့် ခင်ဦးမြို့နယ်၊ ဖို့ကုန်းကျေးရွာကို စစ် တပ်က ယနေ့ နံနက် မီးတင်ရှို့နေ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တန့်ဆည်မြို့နယ်၊ နနွင်းတောရွာနှင့် ခင်ဦးမြို့နယ်၊ ဖို့ကုန်းကျေးရွာကို စစ် တပ်က ယနေ့ နံနက် မီးတင်ရှို့နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ နနွင်းတောရွာကို နိုဝင်ဘာလ၂၃ ရက်နေ့ နံ နက် ၇ နာရီ၁၅ မိနစ်အချိန်တွင် အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး နေအိမ်များ မီးလောင်ကျွမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။
အင်အား၂၀၀ကျော်ရှိသော စစ်ကောင်စီစစ်ကြောင်းက နိုဝင်ဘာလ ၂၁ ရက်နေ့ မှ စ၍ နနွင်းတောရွာကို တပ်စွဲနေပြီး နိုဝင်ဘာ ၂၂ရက်နေ့က နေအိမ် အချို့ကို ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင်မူ ကျေးရွာကို မီးတင်ရှို့ ခြင်း ဖြစ် ကြောင်း ဒေသခံ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြော ဆိုသည်။

ဓာတ်ပုံ- ပေါက်မြို့နယ်၊ ကျွန်းတိုင်ကျေးရွာ ယမန်နေ့ရက်ပိုင်းအတွင်း စစ်တပ်က မီးရှို့ခဲ့သည့်မြင်ကွင်း။

“နနွင်းတောကို ဒီမနက် မီးစရှို့နေတာ၊ မီးခိုးလုံးတွေအရတော့ ၁၀ လုံး ထက် မနည်း လောင်နေတယ်၊‌မနေ့ကလည်း အိမ်တွေလိုက်ပြီး ရိုက်ဖျက်နေတာ။ အခုလည်း စစ်ခွေးတွေ စည်းသာရွာဘက်ကို ထွက်လာတယ်လို့ ကြားတယ်”ဟု ပြောသည်။
အခြားစစ်ဘေးရှောင်လူငယ်တစ်ဦးကမူ “စစ်ခွေးတွေက ရွာတွေကိုအမြဲပတ်ပြီး မီးရှို့နေတာ၊ ကိုယ့်အိမ်လေး ဘယ်တော့မီးထဲပါမလဲဆိုပြီး စိုးရိမ်ပူပန် နေရ တယ်၊ ကိုယ့်အိမ်လေးမီးလောင်သွားမှ စိတ်အေးရတော့မယ့် အခြေအနေမျိုးကို ဖြစ်နေပြီ၊
ရွာလုံးကျွတ်ပြာကျတာလည်း များနေပြီ၊ ဆုံးရှုံးမှုတွေ တကယ် များ နေပါပြီ” ဟု ပြောပြသည်။
နနွင်းတောရွာကို ယနေ့နံနက် မီးရှို့နေသော စစ်ကောင်စီစစ်ကြောင်းသည် နိုဝင် ဘာလ၂၁ရက်က ကျွန်းလှမြို့နယ်၊ ခဝါသည်ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်၁၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရသည်။
အလားတူ ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ဖို့ကုန်းရွာ ကိုလည်း စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသခံများက ပြောဆိုကြသည်။
“ဖို့ကုန်းရွာ၊ သောက်ကန်ရွာ ၊ အလယ်လျှိုရွာ အကုန်ရှို့မယ်လို့ သတင်း ရ ထားပါတယ်။ ပြည်သူတွေကတော့ ပြေးနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။