Taurus (April 20 – May 20)

Astrology

Taurus (April 20 – May 20)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့Taurus (April 20 – May 20) အကြောင်းလေးပဲ ဖြစ်ပါတယ်။

Taurus (April 20 – May 20)

Element – Earth
Symbol: Bull
Birthstones: Emerald, Sapphire, Diamond, Rose quartz, Garnet
spirit animal – Bear

Personality

Spirit animalက Bear symbolက bull ဆိုတော့ အထွေအထူးပြောစရာမလိုအောင် အတော်ကိုခေါင်းမာတဲ့ signတစ်ခုပါ Taurusတော်တော်များများ ဟာ strong ဖြစ်တယ် သစ္စာရှိတယ်
စိတ်ရှည်တယ် လက်တွေ့ကျတယ် သစ္စာရှိတယ် အရာတစ်ခုခုကို စနစ်တကျတည်ဆောက်တဲ့နေရာမှာလဲ အတော်ဆရာကျကျပါတယ် ဘယ်အရာမဆို ဘယ်အလုပ်မဆို အချိန်နေရာ စကားအတိုင်းတိတိကျကျ လုပ်တက်တဲ့လူမျိူးတွေဖြစ်ပါတယ် သူတို့မနိုင်တဲ့ ကတိကိုမပေးတက်ကျပါဖူး ကတိပေးပြီးရင် ဖြစ်အောင်အမြဲလုပ်တက်ကျပါတယ် ဒီ အရည်အချင်းတွေကြောင့် လုပ်ငန်းခွင်မာ အမြဲတမ်း လူလေးစားတာ ခံရတက်ပါတယ် ကိစ္စတစ်ခုခုလုပ်ဖို့အတွက် အချိန်ယူပြီးစဉ်းစားတက်ကျပေမဲ့ ဆုံးဖြတ်ပြီးရင်လဲ ဘယ်လောက်ခက်ခဲခဲ ဖြစ်အောင် လုပ်တက်ကျပါတယ် ကတိပျက်တာ သစ္စာမဲ့တာ စတာတွေဆို အရမ်းမုန်းတက်ကျပါတယ် ဇွဲကြီးသလို ဘ၀ကို အရိုးရှင်းဆုံးဖြတ်သန်းချင်ကျပါတယ်
‌မကောင်းတဲ့ အချက် – တစ်ဇွတ်ထိုးနဲ့ မိုက်ရူးရဲဆန်တာ ကိုယ့်ကိုကို ယုံကြည်မှုလွန်ကဲတာတွေ တစ်ခါလေ အရေးကြီးတဲ့ ကိစ္စတွေမှာ ဆင်ခြင်မဲ့ လုပ်တက်ကျပါတယ် အောင်မြင်မှုကိုအရမ်းတပ်မက်ကျသလို အလုပ်လောဘ ဥစ္စာလောဘ အရမ်းကြီးကျပါတယ် မလုပ်ချင်တာကို အားနာပါးနာနဲ့တောင်မလုပ်ပေးတက်ကျသလို အပြောင်းအလဲတွေကိုအရမ်းမုန်းကျပါတယ် အရမ်းခေါင်းမာလို့ တစ်ခါလေ ဘေးကလူရဲ့စကား ခံစားချက်တွေထည့်မတွက်တက်ကျပါဖူး
Taurusတွေဟာ Love and beauty godness လို့ခေါ်တဲ့ Venusဂြိုဟ်ရဲ့ လွမ်းမိုးမှုအောက်မာ ရှိနေပါတယ် ဒါကျမို့ အချစ်နဲ့ sex ကိစ္စကတော့ ပြောစရာလိုမယ်မထင်ပါဖူး

Taurus (astrology) - Wikipedia

ထူးခြားချက်

အေးအေးဆေးဆေးအနေတက်ဆုံး သူများကိစ္စကို ၀င်မစွက်ဖက်တက်ပါဖူး ထိူ့အတူဘဲ သူတို့ကိစ္စကို လာစွက်ဖက်ရင်လဲမကြိုက်တက်ကျပါဖူး ကိုယ်အထာနဲ့ကိုနေရတာကြိုက်ကျပါတယ်
‌စကားနဲ့ ကိုယ်အပေါ်နာခံတက်အောင် သွေးအေးအေးနဲ့ ချက်ကျလက်ကျပြောတက်ကျပါတယ်
ခံစားချက်ကိုအလေးအနက်ထားသလို အရာရာကို တကယ်ကိုညအတွင်းကျကျခံစားတက်ပါတယိ တော်ရုံစိတ်မဆိုးတက်သလို ဒေါသထွက်ရင်လဲ မျက်ရည်ပေါက်ပေါက် ကျတက်ပါတယ်
သက်တောင့်သက်သာနေရတာအရမ်းကြိုက်နှစ်သက်တဲ့တွက်မွေးရနံတွေ ပန်းရနံတွေအသီးအနံတွေကိုအရမ်းနှစ်သက်ကျပါတယ်
Taurusတွေက လှလှပပ၀တ်ဆင်ရတာထက် သေသေသပ်သပ်၀တ်ဆင်ရတာပိုကြိုက်နှစ်သက်သလို ဂုဏ်တစ်ခုအနေနဲ့လဲဂုဏ်ယူတက်ကျပါတယ်

အကျိုးပေးသော စီးပွားရေး

Earth signဖြစ်တဲ့ အတွက် Earth elementနဲ့ဆိုင်တဲ့ အိမ်ခြံမြေလုပ်ငန်း ‌ဘဏ်လုပ်ငန်း insurance industry Financialနဲ့ ပက်သက်တဲ့ လုပ်ငန်း စတွေနဲ့ အတော်ကို အကျိုးပေးပါတယ်
မွေးရနံနဲ့ဆိုင်တဲ့ spaလုပ်ငန်း ရေမွေး ဝိုင်လုပ်ငန်း ဥယျာဥ်ခြံ‌ေမြစတာတွေနဲ့လဲအကျိူးပေးပါတယ် Trustedနဲ့ လုပ်ရမဲ့ serviceတွေ projectတွေဆို Taurus signသမား နဲ့ သာအပ်ပါ
သတိထားသင့်တာက ဆွေမျိုး သူငယ်ချင်း တွေနဲ့ အလုပ်တွဲမလုပ်ပါနဲ့ အားနာမှုပေါ်မာ အခွင့်ကောင်းယူသွားတက်ကျပါတယ်

History of Taurus: Know your constellation - Times of India

အချစ်ရေး

အလွမ်းသမားလို့တင်စားကျတဲ့Taurusတွေမာ Love in first sightကရှားပါတယ် Taurusတွေရဲ့ အချစ်ကိုရဖို့ဆိုရင် သူတို့နဲ့ ရင်းနှီးမှုယူပါ ပျော်ပွဲစားအတူတူထွက်တာ စကားအေးဆေးပြောလို့ရအောင်အရင်ကြိုးစားပါ
သူတို့ရဲ့ အချစ်ကနွေးထွေးမှု ယုံကြည်မှုကစပါတယ် သူတို့ဟာ ခံစားချက်ကိုအရမ်းအရေးထားပါတယ် တစ်စုံတစ်ယောက်ကို လွယ်လွယ်နဲ့မချစ်တက်သလို ချစ်မိရင်လဲ အချစ်ကြီးပြီး သစ္စာရှိတက်ကျပါတယ် သူတို့ရဲ့ချစ်ခြင်းမေတ္တာဟာ လေးစားရိုသေမှုကို မူတည်ကျပါတယိ သူတို့ချစ်တဲ့သူတွေဟာ သူတိူ့ကြောင့်ပြောင်းလဲသွားတာ အမှတ်တရရှိတာမျိုးကိုအလွန် မြတ်နိုးနှစ်သက်ကျပါတယ် ချစ်တယ်လို့ ခဏခဏမပြောတက်ပေမဲ့ ချစ်တာကို အလုပ်နဲ့သက်သေပြတက်ပါတယ် သူတို့မြတ်နိုးတဲ့တစ်စုံတစ်‌ဦးကိုလဲ ထားသွားရမာအရမ်း၀န်‌ေလးကျပါတယ် အချစ်ရေးမှာ ကြားလူအနှောက်အယှက်ခံရတက်သလို အိမ်ထောင်ရေးမှာလဲ အိမ်ထောင်ပျက်အောင်သွေးဆောင် ဖြားယောင်းအမြဲခံရတက်ပါတယ် Taurusတွေဟာ Long distance relationshipထားရင်တော့ ဘေးကလူအမြင်ကတ်အောင် တသသ တမြမြနဲ့ သတိရကြောင်းအမြဲပြောတက်ပါတယ် ရှေးဟောင်းနှောင်းဖြစ် အဖြစ်အပျက်တွေကို တသသပြောပြီး ကြည်နူးရတာလဲအရမ်းနှစ်သက်ကျပါတယ် သတိထားရမှာက တသသဖြစ်တက်လွန်းလို့ သံသယဖြစ်တာမျိူးဆို ကိုယ့် ပါတနာကို ပွင့်ပွင့်လင်းပြောပါ တစ်အုံနွေးနွေး သ၀န်တိုမျိုးမပြုလုပ်ပါနဲ့

လွမ်းမိုးသော Tarot ကတ်အမြင်
Taurusဟာ The Empressကတ်နဲ့ The Hierophantကတ်ရဲ့ လွမ်းမိုးမှုအောက်မာရှိနေပါတယ်

The Empress
အချစ်နတ်ဘုရားမ ကိုယ်၀န်ဆောင်သည်တွေကောင်းချီးပေးသူ
Mother nature အချစ်ကြီးသလို အမျက်ကြီးတယ်လို့ နာမည်ကြီးတဲ့ သူပါ ဘုရင်မဆိုတဲ့တိုင်းအရာရာကိုလွမ်းမိုးချင်တယ် စိုးရိမ်စိတ်ကြီးတယ် တစ်ခုခုဆို အရမ်းချုပ်ချယ်တယ် အမှားမခံဖူးလို့ နာမည်အရမ်းကြီးပါတယ် (သူ့သမီးပါစီဖုန်းဘဲ အပြင်လူံး၀ပေးမထွက်တာကိုဘဲကြည့်)
အကယ်၍သင့်အမေက Taurus signဆိုရင်တော့ brave yourselfပါဘဲ

The Hierophant
ဒီကတ်ဟာ Rider ကတ်တွေမှာတော့ Pope အဖြစ်ဖော်ပြပြီး
Mythicကတ်တွေမှာတော့ Centaurအဖြစ်ဖော်ပြကျပါတယ်
ပုံရိပ်နှစ်ခု အရ Taurusတွေဟာ ဘာသာရေး သမား ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ သို့မဟုတ် တစ်ခုခုမာ အလွန်ထူးချွန်ပြီး တပည့်တပန်းပေါ်များတဲ့ဆရာ တွေအဖြစ် ‌ထင်ပေါ်ကျော်ကြားကျပါတယ် တပည့်တွေပေါ်များပေမဲ့ ဒီကတ်နှစ်ကတ်ဟာ အထီးကျန်တာ လူတွေသူတွေနဲ့ ဝေးရာမှာနေချင်ပေမဲ့ သူတစ်ပါးကို ကူညီလိုစိတ်ပြင်းပြတာ အနှစ်နာခံတက်တာတွေကို တွေ့ရပါတယ်
ဒါကတော့ Taurusရဲ့ အကြောင်းဟာဒီလောက်ပါဘဲ Moon Risingတွေအရတော့ အမျိုးအမျိူးကွဲသွားနိုင်ပါတယ်

ရေးသားသူ – ELLIE

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။