သရေရလဒ်နဲ့ အဆုံးသတ်ခဲ့တဲ့ အင်အားကြီး ၂ သင်းရဲ့ပွဲ

Sports

သရေရလဒ်နဲ့ အဆုံးသတ်ခဲ့တဲ့ အင်အားကြီး ၂ သင်းရဲ့ပွဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့သရေရလဒ်နဲ့ အဆုံးသတ်ခဲ့တဲ့ အင်အားကြီး ၂ သင်းရဲ့ပွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂျာမနီ ၁-၁ စပိန်
ပထမပိုင်းမှာ စပိန်ဘက်က အိုလ်မိုရဲ့ ကန်ချက်ကို နျူအာ ကာကွယ်ရာမှာ တိုင်ထိထွက်ခဲ့သလို ဂျာမနီအတွက် ရူဒီဂါရဲ့ ခေါင်းတိုက်ချက် ဂိုးဝင်ခဲ့ပေမဲ့ လူကျွံနေလို့ ဂိုးမရခဲ့ပါဘူး။ စပိန်က ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကစားကွက် အသာ ရခဲ့ပေမဲ့ ဂျာမနီက အပိုင်ဂိုးသွင်းခွင့် ပိုရခဲ့တာပါ။
စပိန်အတွက် အဖွင့်ဂိုးကို လူစားဝင် ကစားသမား မိုရာတာက သွင်းခဲ့တာပါ။ မိုရာတာဟာ ကမ္ဘာ့ဖလားသမိုင်းမှာ လူစားဝင် ကစားခွင့်ရတဲ့ ၂ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ၆ ယောက်မြောက် ကစားသမား ဖြစ်ပါတယ်။

ဆာနေး လူစားဝင်လာပြီးနောက်ပိုင်း ဂျာမနီတိုက်စစ် ပိုသွက်လာခဲ့ပြီး ဂျာမနီရဲ့ ချေပဂိုးကလည်း သူ့ရဲ့ အကွက်မြင်မြင် ထိုးပေးမှုကနေ မူစလီယာ ရသွားပြီး ဖူးခရက်က ကန်သွင်းခဲ့တာပါ။ ဆာနေးရဲ့ ဖန်တီးမှုကို မူစလီယာ အပိုင်ကန်ခွင့် ရခဲ့ပေမဲ့ စပိန်ဂိုးသမား အူနိုင်းဆိုင်မွန် လက်နဲ့ ထိသွားလို့ ဂိုးမရခဲ့တာပါ။


အခုပွဲ သရေရလဒ်ကြောင့် ဂျာမနီက အုပ်စုနောက်ဆုံးပွဲမှာ ကော်စတာရီကာကို အနိုင်ကစားပြီး (စပိန်ကို ဂျပန် မနိုင်မှသာ) ၁၆ သင်းအဆင့် တက်လှမ်းခွင့် ရရှိမှာပါ။

ရေးသားသူ – Yoyarlay Sports

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။