နေပြည်တော်အပါအဝင် အရေးကြီး ဝန်ကြီးဌာနရုံးများတွင် ဒရုန်းဖြင့် ဗုံးကျဲမှုမှ ကာကွယ်ရေး စက်များ တပ်ဆင်မည်

Local News

နေပြည်တော်အပါအဝင် အရေးကြီး ဝန်ကြီးဌာနရုံးများတွင် ဒရုန်းဖြင့် ဗုံးကျဲမှုမှ ကာကွယ်ရေး စက်များ တပ်ဆင်မည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေပြည်တော်အပါအဝင် အရေးကြီး ဝန်ကြီးဌာနရုံးများတွင် ဒရုန်းဖြင့် ဗုံးကျဲမှုမှ ကာကွယ်ရေး စက်များ တပ်ဆင်မည်ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၈

နေပြည်တော် အပါအဝင် နိုင်ငံတစ်ဝန်းရှိ ရုံးများ၊ ဝန်ကြီးဌာနဆိုင်ရာ အဆောက်အအုံများတွင် ဒရုန်း ဖြင့် ဗုံးကျဲမှုမှ ကာကွယ်နိုင်သော စနစ်များ တပ်ဆင်ရေး လိုအပ်သော ဘဏ္ဍာငွေ တောင်းခံ နိုင်သည် ဟု စစ်ကောင်စီက ညွှန်ကြားထား ကြောင်း သိရှိရသည်။
လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်တောင်းခံရာတွင် ဌာနဆိုင်ရာရုံးများ အတွက် ဒရုန်းကာ ကွယ်ရေး စက်များထားရှိတပ်ဆင်ရန် ရန်ပုံငွေတောင်းခံနိုင်သည်ဟု ခွင့်ပြုခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ရုံးနှင့်နေရာဌာနအားလုံးအတွက် ငွေကြေးမတတ်နိုင်ဘဲ အရေးကြီးဆုံးဟု ယူဆ သည့် ဗဟိုရုံး၊ ကွပ်ကဲရေးနေရာဌာနများ အတွက်ကို သာ အဓိက တောင်းခံကြရန် ညွှန်ကြား ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ဒရုန်းများကို ဒရုန်းပစ်ချသည့်lat nat ဖြင့် ပစ်ချခြင်း၊ဒရုန်းများ ထိန်းချုပ်မောင်းနှင်မှုကို ဖြတ်တောက်သည့် စက် တပ်ဆင်ထားခြင်း ပုံစံနှစ်မျိုးဖြင့် ကာကွယ်နေပြီး နှစ်မျိုးစလုံးမှာ ငွေကြေးကုန်ကျမှု များပြားသဖြင့် ရုံးဌာနနေရာအားလုံးတွင် တပ်ဆင်ရန် မဖြစ်နိုင် သေးဟု သိရှိရသည်။

ဓာတ်ပုံ- ဒရုန်းပစ်ချသည့်lat nat ကိုင်ဆောင်ထားသော ရဲများ။ (ပုံအဟောင်းဖြစ်သည်)။

“ဒရုန်းတွေကို လုံး၀ ကာကွယ်နိုင်တဲ့ ၃ မိုင်ပတ်လည်အတွင်း ဆက်သွယ်ရေး ဖြတ်တောက်နိုင်တယ် ဆိုတဲ့ စနစ်တွေဆိုတာက အရမ်းကို‌ စျေးကြီးပါတယ်။ ဒရုန်းပစ်ချတဲ့ lat natတွေ တပ်ဆင်ပေးဖို့ပဲ ဘတ်ဂျက်ချပေးမယ်ထင်ပါတယ်။ ဒါတောင် ရုံးတိုင်းမရနိုင်ပါဘူး” ဟု ရန်ကုန်ခေတ်သစ်၏ သတင်း ရင်းမြစ်က ပြောသည်။
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော ပြည်သူ့ကာကွယ်ရေးတပ်မတော်PDF က ဒရုန်းတပ်ဖွဲ့များ စွာ ဖွဲ့စည်းထားပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ အထိနာစေရန် ဒရုန်းများဖြင့် တိုက်ခိုက်လျက်ရှိ ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။