တရုတ် FTC 2000 G တိုက်လေယာဉ် ၆ စီး နမ့်စန် လေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိလာသော သတင်း ခေတ်သစ်ထံပေါက်ကြားမှု လေတပ်အရာရှိများ စစ်ဆေးခံနေရ

Local News

တရုတ် FTC 2000 G တိုက်လေယာဉ် ၆ စီး နမ့်စန် လေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိလာသော သတင်း ခေတ်သစ်ထံပေါက်ကြားမှု လေတပ်အရာရှိများ စစ်ဆေးခံနေရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တရုတ် FTC 2000 G တိုက်လေယာဉ် ၆ စီး နမ့်စန် လေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိလာသော သတင်း ခေတ်သစ်ထံပေါက်ကြားမှု လေတပ်အရာရှိများ စစ်ဆေးခံနေရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၈

စစ်တပ်က ဝယ်ယူထားသော တရုတ် FTC 2000 G တိုက်လေယာဉ် ၆ စီး နမ့်စန် လေတပ် စခန်းဌာနချုပ်သို့ ရောက်ရှိလာသော သတင်းကို ရန်ကုန်ခေတ်သစ်ခေတ်သစ်က နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖော်ပြခဲ့ရာ အဆိုပါ သတင်းပေါက်ကြားမှု အ တွက် နမ့်စန်လေတပ်စခန်းမှ လေတပ် အရာရှိများ စစ်ဆေးခံနေရကြောင်း ရန်ကုန်ခေတ်သစ်၏ လေတပ် သတင်းရင်းမြစ်က ပြောသည်။
တရုတ်နိုင်ငံလုပ် FTC 2000 G တိုက်လေယာဉ် ၆ စီးသည် နိုဝင်ဘာလ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ နှစ်သုတ်ခွဲ၍ နမ့်စန်လေတပ်စခန်းဌာနချုပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။
” သတင်းပေါက်ကြားလို့ နေပြည်တော် ကာချုပ်ရုံး(လေ)က နမ့်စန်လေတပ်စခန်းဌာနချုပ်မှူးကို ထောင်းတယ်။ တစ်ခါ နမ့်စန်လေတပ်စခန်းဌာနချုပ်မှူးက လေတပ်အရာရှိတွေကို ခေါ်ပြီး စစ်တယ်၊ ဆေးတယ်။ ဘယ်လိုဖြစ်သလဲ ခေါ်မေးတယ်။ အစစ်ခံရသူတွေကတော့ သတင်းပေါက်ကြားတာ သူတို့မသိပါဘူးလို့ဖြေတယ်။ ဖုန်းတွေ စစ်တော့လည်း ဘာမှ မတွေ့ဘူး။ ဘဲဥအစရှာမရသလိုဖြစ်နေတယ်။ ခေါ်ယူသတိပေးတဲ့ အဆင့်တော့ဖြစ်သွားတယ်” ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။

ဓာတ်ပုံ- တရုတ် FTC 2000 G လေယာဉ်တစ်စင်း။

နမ့်စမ်လေတပ်စခန်းဌာနချုပ်တွင် ရောက်ရှိနေသည့် တရုတ်နိုင်ငံလုပ် FTC 2000 G တိုက်လေယာဉ် ၆ စီးသည် ယခုရက်ပိုင်းအတွင်း လေ့ကျင့်ပျံသန်းမှုများ မကြာခဏဆိုသလိုပြုလုပ်နေပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ လေတပ် နှစ်ပတ် လည်နေ့တွင် တပ်တော်ဝင် အခမ်းအနားဖြင့် ထုတ်ပြဖွယ်ရှိသည်ဟု သိရှိရသည်။

မြန်မာလေတပ်က တရုတ်နိုင်ငံ၊ Guizhou Aviation Industries Corporation (GAIC) က ထုတ် လုပ်သည့် FTC 2000 G အမျိုးအစား ၂ ယောက်မောင်း Fighter လေယာဉ် ၆ စီးကို မှာယူခဲ့ကြောင်း၊ ယင်းလေယာဉ် များကို တရုတ်ပြည်၊ ယူနန်ပြည်နယ်၊ Xishuangbanna Gasa လေ ဆိပ်မှ နမ့်စန် လေတပ်စခန်းဌာနချုပ်ထံသို့ နိုဝင်ဘာ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ တစ်ကြိမ်လျှင် လေယာဉ် ၃ စီးဖြင့် တစ်အုပ်စုအဖြစ် အုပ်စုဖွဲ့၍ ၂ ကြိမ် လေယာဉ် ၆ စီး ပျံသန်း ရောက်ရှိ လာခဲ့ ခြင်း ဖြစ်ကြောင်း၊ တရုတ် လုပ် FTC 2000 G တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၈ သန်းခွဲဝန်းကျင် ကျသင့် ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။