တစ်ကမ္ဘာလုံးက နှစ်သစ်ကူးညကို တိတ်တဆိတ်အကျဉ်းချုံး ဖြတ်သန်း

Local News

တစ်ကမ္ဘာလုံးက နှစ်သစ်ကူးညကို တိတ်တဆိတ်အကျဉ်းချုံး ဖြတ်သန်းရသော်လည်း
ဝူဟန်တွင် နှစ်သစ်ကူးညကို စည်ကားသိုက်မြိုက်စွာကျင်းပ
==================================================
၂၀၂၀ ခုနှစ်သည် လူတိုင်းနီးပါးအတွက် အခက်ခဲအကြမ်းတမ်းဆုံးနှစ်၊ စိတ်ဓာတ်ကျဖွယ်
အကောင်း ဆုံးနှစ်ဖြစ်သဖြင့် လူအများက ၂၀၂၀ ခုနှစ်ကို ပျော်ပျော်ကြီး မြန်မြန် နှုတ်ဆက် လိုကြသည်။
၂၀၂၀ ခုနှစ်ကို တစ်ကမ္ဘာလုံးရှိလူများက အားရပါးရ နှုတ်ဆက်ကာ နှစ်သစ်ကို အူလှိုက်သည်းလှိုက်
ကြိုဆို ချင်ကြသော်လည်း ကန့်သတ်ချက်များစွာ ရှိသဖြင့် နှစ်သစ်ကူးညကို အကျဉ်းချုံးကာသာ ဖြတ်သန်း ခဲ့ကြရသည်။
သို့သော် ကိုရိုနာဗိုင်းရပ်စ်ပိုးကို လွန်ခဲ့သည့် ၁၂ လက စတင်တွေ့ရှိခဲ့ရာ ဝူဟန်မြို့တွင်မူ
နှစ်သစ်ကူး ညကို အလွန်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
ကိုဗစ်ကြောင့် သေဆုံးသူ ၂၅ ဦးသာ ရှိပြီး ကန့်သတ်ချက်များ မရှိသလောက်နည်းသည့်
နယူးဇီလန်တွင် လူများက လမ်းပေါ်ထွက်ကာ မီးရှူးမီး ပန်းပွဲကို ကြည့်ရှုခဲ့ကြသည်။
ကပ်ဘေးကြီး အဆိုးဝါးဆုံး အချိန်ကို ဖြတ်ကျော်ပြီးသွားပြီဖြစ်သည့် သြစတြေးလျတွင်လည်း
နေ့စဉ် ဘဝသည် ပုံမှန်နီးပါး ပြန်ဖြစ်သွားပြီဖြစ်ပြီး မဲလ်ဘုန်းနှင့် ဆစ်ဒ်နီတွင် လူအများက နှစ်သစ်ကူးညကို
တပျော်တပါး ဖြတ်သန်းခွင့်ရကြသည်။ လော့ခ်ဒေါင်းတင်းတင်းကျပ်ကျပ် ချခံထားရသည့် နိုင်ငံအ များစု အတွက်
မနာလိုစရာ အကောင်းဆုံးမှာ ဗိုင်းရပ်စ်ပိုး စတင်မြစ်ဖျားခံခဲ့ရာ ဝူဟန်မြို့ပင် ဖြစ်ပေ လိမ့်မည်။
ထိုမြို့တွင် ဖျော်ဖြေပွဲကြီးများ ကျင်းပပြီး ယင်းပွဲကြီးများတွင် လူများ ပြုံတိုးနေကြသည်။
စည်းချက်ဖြင့် လိုက်ပါစီးမျောနေသည့် လူအုပ်ကြီးထဲတွင် လူများသည် တစ်ဦးနှင့်တစ်ဦး
နှစ်လက်မခန့်သာ ခွာကြပေ လိမ့်မည်။ သို့သော် ကမ္ဘာ့လူဦးရေ ခုနစ်ဘီလျံ တွင် အများစုမှာ
ပျော်ပွဲရွှင်ပွဲများ လုပ်ခွင့်မရဘဲ လမ်း ပေါ်ထွက်ခွင့်မရ၊ ဖျော်ဖြေပွဲများကိုလည်း
အိမ်မှသာ ကြည့်ကြရသည်။ ပြင်သစ်တွင် အစိုးရက နှစ်သစ် ကူးညကာလ လူအများ
အပြင်မထွက် စေရန် ရဲအင်အား ၁၀၀ ၀၀၀ ကျော် ချထားခဲ့သည်။
( DM, 1.1.21) ချယ်ရီ
Source : Pyi Myanmar FB Page

Leave a Reply