ဆားလင်းကြီးတွင် ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး အသက်မပြည့်သေးသည့် ကလေး အများအပြား ဖမ်းဆီးနေ

Local News

ဆားလင်းကြီးတွင် ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး အသက်မပြည့်သေးသည့် ကလေး အများအပြား ဖမ်းဆီးနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ဆားလင်းကြီးတွင် ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး အသက်မပြည့်သေးသည့် ကလေး အများအပြား ဖမ်းဆီးနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာလ ၃

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဆားထုံး ၊ လက်ပံကျွန်း ၊ တောကျောင်း ကျေး ရွာများကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ပြီး မီးရှို့နေသည့်အပြင် အသက်မပြည့်သေးသည့် ကလေးအများအပြားကို ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရွှေကုန်းကျေးရွာကို နိုဝင်ဘာ ၂၉ ရက်နေ့တွင် စစ်တပ်က ဝင်ရောက်တပ်စခန်းချခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ရွာအနီးဝန်းကျင်ရှိ ထန်းဇင်းကျေးရွာကို ဝင်ရောက်ကာ အိမ်ခြေ ၂၀ ကျော်ကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ်က နေအိမ်များကို ဖောက်ထွင်းပြီး တန်ဖိုးရှိသော ပစ္စည်းများကိုလုယက်ယူဆောင်သွားကြောင်း ဒေသခံများကပြောသည်။
” ဒီကောင်တွေ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်း ရွှေကုန်းမှာ စပြီးတပ်စခန်းချတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းမှာ ရွှေကုန်းအနောက်ဘက်က ထန်းဇင်ကျေးရွှာကို သူတို့လိုချင်တဲ့ပစ္စည်း တွေယူပြီး အိမ်ခြေ ၂၀ ကျော်ကိုမီးရှို့ဖျက်ဆီးသွားတယ်။ ဒါ့ပြင် ဆားထုံးကျေးရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဆားထုံး ၊ လက်ပံကျွန်း ၊ တောကျောင်းရွှာများကို ဝင်ရောက်ကာ ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်” ဟု ဒေသခံများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ယခုရက်ပိုင်းအတွင်း စစ်တပ်က ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုကို မီးရှို့ ဖျက်ဆီးနေစဉ်။

ဆားလင်းကြီးမြို့နယ်အတွင်းတွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မသိရှိသေးဘဲ ပြည်သူ ၁၀၀၀ ကျော် စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဓားမဆိုင်း တပ်မတော်၊ ယင်းမာပင်ခရိုင်တပ်ရင်း၂၈ အထူးတိုက်ခိုက်ရေးအဖွဲ့မှ ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။