အရာတော်၊ သလဲဘာရွာ ပျူစောထီးနှင့်စစ်စခန်းမှ စျေးဝယ်ထွက်သည့် ပျူစောထီး ၂ ဦးကို လက်ပစ်ဗုံးနှင့်အတူ ဖမ်းဆီးရမိပြီး ခုခံသဖြင့် ပစ်ခတ်ရာမှ thayဆုံး

Local News

အရာတော်၊ သလဲဘာရွာ ပျူစောထီးနှင့်စစ်စခန်းမှ စျေးဝယ်ထွက်သည့် ပျူစောထီး ၂ ဦးကို လက်ပစ်ဗုံးနှင့်အတူ ဖမ်းဆီးရမိပြီး ခုခံသဖြင့် ပစ်ခတ်ရာမှ thayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့အရာတော်၊ သလဲဘာရွာ ပျူစောထီးနှင့်စစ်စခန်းမှ စျေးဝယ်ထွက်သည့် ပျူစောထီး ၂ ဦးကို လက်ပစ်ဗုံးနှင့်အတူ ဖမ်းဆီးရမိပြီး ခုခံသဖြင့် ပစ်ခတ်ရာမှ thayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မူးမြစ်တစ်လျှောက်တွင် lat natကိုင်၍ သောင်းကျန်းနေသော ပျူစောထီး ၂ ဦးကို စျေးဝယ်ထွက်လာစဉ် လက်ပစ်ဗုံး နှင့်အတူ ဖမ်းဆီးရမိစဉ် ခုခံသဖြင့် ပစ်ခတ်ရာမှ thayဆုံးသွားကြောင်း B F R A -Wat Lat အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၁ ရက်နေ့ စစ်တပ်နှင့်ပျူစောထီး စခန်းချထားသော သလဲဘာရွာမှ စျေးဝယ်ထွက်လာသည့် ပျူစောထီး ဝင်းလှိုင်ကို B F R A -Wat Lat အဖွဲ့ ဖမ်းဆီးရမိကြောင်း၊ အလားတူ သလဲဘာရွာပျူစခန်းမှ ဒုခေါင်းဆောင် ကျော် စွာ ဆိုသူကိုလည်း ဖမ်းဆီးရန် ကြိုးပမ်းရာတွင် လက်ပစ်ဗုံးဖြင့် ခုခံသဖြင့် ပစ်ခတ်ရာမှ thayဆုံးသွားကြောင်း သိရှိရသည်။


“လွယ်အိတ်ထဲပါရှိတဲ့ လက်ပစ်ဗုံးထုတ်ပြီး ခုခံဖို့ လုပ်တဲ့အတွက် ပစ်ခတ်ရာမှ thayဆုံးပါတယ်။ ပျူဒုခေါင်းဆောင် ကျော်စွာဆီကနေ လက်ပစ်ဗုံး သိမ်း ဆည်း ရမိပါတယ်။ ဝင်းလှိုင်လည်းthayဆုံးသွားပါတယ်” ဟု B F R A. Pro Life. အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီက စစ် ကြောင်း ထိုးသဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရပြီး ဒေသ ကာကွယ် ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ အရှိန်အဟုန် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။