ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ စစ်တပ် ဒေါက်တိုင်ဟု သတ်မှတ်ခံရသော အရက်ဘား ၂ ခုကို ဖောက်ခွဲ တိုက်ခိုက်

Local News

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ စစ်တပ် ဒေါက်တိုင်ဟု သတ်မှတ်ခံရသော အရက်ဘား ၂ ခုကို ဖောက်ခွဲ တိုက်ခိုက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ စစ်တပ် ဒေါက်တိုင်ဟု သတ်မှတ်ခံရသော အရက်ဘား ၂ ခုကို ဖောက်ခွဲ တိုက်ခိုက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ စစ်တပ် ဒေါက်တိုင်ဟု သတ်မှတ်ခံရသော အရက်ဘား ၂ ခုကို UG အဖွဲ့ များက ဒီဇင်ဘာ လ ၂ ရက်နေ့ညပိုင်းတွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ပျောက်ကျား တပ်ဖွဲ့ များက ပြောသည်။
ဒီဇင်ဘာ ၂ ရက်နေ့ ည ၉ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ ဒေါက်တိုင် Red-X-Bar ကိုမှော်ဘီ အခြေစိုက် Guardians UGနှင့် မဟာမိတ် တပ်ဖွဲ့ အဖြစ် GR-1နှင့် Marauder Front Five (MFF) တို့ က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၂ ရက်နေ့ ည ၉ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ်၏ The Idol Bar ကို ရန်ကုန် တိုင်း ပြည်သူ့တပ်မဟာ၏ ပူးပေါင်းအဖွဲ့ဝင်ဖြစ်သော Guardians UG နှင့် တပ်မဟာတို့က အဝေး ထိန်းဗုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း ထိခိုက် thayဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးသော်လည်း ယင်းတိုက်ခိုက်မှုသည် ဒေါင်းအလံလွှင့် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ညတိုက်ခိုက်ခဲ့သော Red-X-Bar နှင့် The Idol Barသည် မည်သို့မည်ပုံ စစ်တပ် ဒေါက် တိုင်အဖြစ် ပါဝင်နေသည် ကိုမူ ဖော်ပြထားခြင်းမရှိဘဲ အဆိုပါအရက်ဘား ၂ ခုသည် စစ်တပ် နှင့်ပတ် သက်ဆက်နွယ်မှု ရှိ၊ မရှိ ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။