NUG က တွေ့ဆုံဆွေးနွေးရေး ကိစ္စထုတ်ပြောလာတာ ဘာကြောင့်လဲ

Local News

NUG က တွေ့ဆုံဆွေးနွေးရေး ကိစ္စထုတ်ပြောလာတာ ဘာကြောင့်လဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့NUG က တွေ့ဆုံဆွေးနွေးရေး ကိစ္စထုတ်ပြောလာတာ ဘာကြောင့်လဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂ ဒီဇင်ဘာ ၂၀၂၂

အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) က မြန်မာနိုင်ငံအရေးအတွက် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် ကြိုတင်သတ်မှတ်ထားတဲ့ သူတို့ လိုလားတဲ့ အချက်တွေကို ထုတ်ဖော် ပြောလိုက်ပါတယ်။

NUG ရဲ့ ယာယီသမ္မတ ဒူဝါ လရှီးလ က ပြည်သူ့အကျိုးနဲ့ နိုင်ငံ့အကျိုးကို ရှေ့ရှုပြီး မဖြစ်မနေ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရမယ်ဆိုရင် “တပ်မတော်ဟာ နိုင်ငံရေး ကနေ လုံးဝ စွန့်ခွာမယ် ဆိုတာကို အာမခံချက်ရှိရမယ်” လို့ ပြောပါတယ်။

တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ လိုအပ်ချက်တွေအနေနဲ့ အချက် ၅ ချက်ရှိကြောင်း ရိုက်တာ သတင်းဌာနနဲ့ လုပ်တဲ့ မေးမြန်းခန်းမှာ သူက ပြောကြား ခဲ့တာဖြစ်ပြီး “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်တာကြောင့် အဲဒါကို ဖျက်သိမ်းပြီး ဖြစ်တယ်ဆိုတာကို လက်ခံရမယ်” လို့လည်း ‌ပြောသွားပါတယ်။

အာဆီယံက တောင်းဆိုထားသလို စစ်တပ်က “ပြည်သူလူထုတွေကို thetဖြတ် နေတာတွေ ချက်ချင်းရပ်ဆိုင်းဖို့”၊ နိုင်ငံသားတွေ ဒုက္ခရောက်နေတာကို “နိုင်ငံတကာက ကူညီမယ့်အပေါ် အနှောင့်အယှက် မရှိဖို့”၊ တွေ့ဆုံဆွေးနွေးရေးမှာ “နိုင်ငံတကာက ကြားခံအဖြစ်ဆောင်ရွက်ပေးဖို့” စတာတွေကိုလည်း NUG ရဲ့ ယာယီသမ္မတက တောင်းဆို သွားပါတယ်။

 ဒူဝါလရှီးလက ဆွေးနွေးရေးအတွက် ကြိုတင်သတ်မှတ်ချက် ၅ ချက်ကို ထုတ်ပြော

ဒူဝါလရှီးလ က ဆွေးနွေးရေးအတွက် ကြိုတင်သတ်မှတ်ချက် ၅ ချက်ကို ထုတ်ပြော
“နှစ်ဖက်စလုံးက တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်ထား” တဲ့ တောင်းဆိုချက်တွေ

စစ်ကောင်စီဘက်က တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ ကြိုတင် သတ်မှတ်ချက်တွေမှာ စစ်ကောင်စီကို မဖျက်ရ၊ အစားမထိုးရ ဆိုတာတွေနဲ့ အတူ “ဆွေးနွေးမှု အခြေခံ အဖြစ် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ထားရမယ်” လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းက ထွက်ပေါ်လာခဲ့တဲ့ အာဆီယံရဲ့ မြန်မာ့အရေး ဆိုင်ရာ အထူးသံတမန် မစ္စတာ ပရက်ဆော့ခွန်းရဲ့ အစီရင်ခံစာထဲမှာ ရေးထား ပါတယ်။

အာဆီယံ အထူးသံတမန် ရုံးကနေ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဘက်ကို ဆက်သွယ်ပြီး သဘောထားရယူတဲ့ အခါ “စစ်တပ်ဟာ အရပ်သား အုပ်ချုပ် ရေး အောက်မှာရှိ‌ရေး”၊ “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထောင်အကျဥ်းချ အရေးယူရေး” စတဲ့ ကြိုတင်သတ်မှတ်ချက်တွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ နှစ်ဖက်ကြား “ကွာဟချက်က သိပ်ကို အကြီးအမား” ဖြစ်နေတာလို့ အာဆီယံ အထူးသံတမန်က မြင်ခဲ့သလို အခု NUG ရဲ့ ကြိုတင်သတ်မှတ်ချက် ၅ ချက်ဟာလည်း စစ်ကောင်စီဘက်က သတ်မှတ်ချက်နဲ့ ကွာဟဆဲပါ။

မြန်မာ့နိုင်ငံရေးအကဲခတ်တယောက် ဖြစ်တဲ့ ဦးရဲထွန်း (သီပေါ) က နိုင်ငံရေးကနေ စစ်တပ်က စွန့်ခွာဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းဖို့ ဆိုတာတွေကို စစ်ခေါင်းဆောင်တွေအနေနဲ့ လက်ခံမယ်လို့ မထင်ကြောင်း ပြောပြီး “အခု သူတို့ (NUG က) တောင်းဆိုချက်တွေက တပ်က မလိုက်လျောနိုင်တဲ့ တောင်းဆိုချက်တွေ ဆိုတာကိုလည်း သူတို့ သိမှာပါ။ ဒီတောင်းဆိုချက်တွေကို (စစ်တပ်က) လက်ခံ ပြီးတော့ ဆွေးနွေးလာမှာ မဟုတ်ဘူးဆိုတာလည်း သူတို့ သိမှာပါ။ ချုပ်ပြော ရရင်တော့ နှစ်ဖက်စလုံးက တွေ့ဆုံဆွေးနွေးရေးဆိုတာကို ငြင်းပယ်ထားတုန်းပဲ” လို့ ဆိုပါတယ်။

US ASEAN

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အာဆီယံ ဘုံသဘောတူညီချက်ကို ထောက်ခံထား
တွေ့ဆုံဆွေးနွေးရေး အသံ ဘာလို့ ပေါ်လာတာလဲ

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း lat natကိုင်ပဋိပက္ခတွေ ပိုကျယ်ပြန့်လာသလို လူထုအကြား တွေ့ကြုံနေရတဲ့ လူမှုဒုက္ခတွေ ပိုကြီးမားလာနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်ပြည်သူ ၁.၃ သန်း ပိုပြီး တိုးများ လာတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောနေသလို NUG ယာယီသမ္မတ အဆိုအရ စစ်ကောင်စီတပ်တွေဘက်က thayဆုံးမှု ၂၅,၀၀၀ ရှိလာနေပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) အင်အားစုတွေဘက်က ဆုံးရှုံးမှုဟာလည်း ၂,၀၀၀ ကျော် ရှိလာနေကြောင်း သိရပါတယ်။

မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်း အဝိုင်းကပါ အာဆီယံ ဘုံသဘောတူညီချက်မှာ တင်ပြထားတဲ့ သက်ဆိုင်သူတွေ အားလုံး တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာအဖြေရှာကြဖို့ကို ထောက်ခံ တိုက်တွန်း နေကြဆဲပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စစ်ကောင်စီကို ဖယ်ရှားရမယ် ဆိုတဲ့ သဘောထားရှိထားနေခဲ့တာ ဖြစ်ပြီး အခု ဘာလို့ ဒီလို ပြောင်းလဲ လိုက်သလဲဆိုတဲ့ အပေါ်မှာ ရှင်းရှင်းလင်းလင်း မရှိသလို ဘီဘီစီ အနေနဲ့လည်း သူတို့ကို မမေးမြန်းနိုင်ခဲ့သေးပါဘူး။

အခု NUG ရဲ့ တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ သဘောထားနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဘက်က တုံ့ပြန်ချက်ကိုလည်း မကြားရသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ဒီမိုကရေစီအရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စုအရေးတွေ အတွက် တိုက်တွန်းချက် တခု တိုးလာတာလို့ ဦးရဲထွန်း (သီပေါ) က မှတ်ယူပါတယ်။

“lat natကိုင်တိုက်ပွဲဟာ အဆုံးအဖြတ်အနေနဲ့ သူတို့ (NUG ဘက်က) သွားမှာ မဟုတ်ဘူး ဆိုတာကို ကောက်ချက်ချလို့ရပါတယ်။”

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။