နေပြည်တော်၊ လယ်ဝေးတွင် ဗုံးဖောက်ခွဲမှု သံသယဖြင့် ဖမ်းဆီးခံရသော မောင်ဘုန်းမြတ်ကို ကို စစ် တပ်က စစ်ကြောရေးတွင် thetဖြတ်၊ နာရေးကို မိသားစုဝင်တချို့ လှမ်းခေါ်ပြီး စစ်တပ်က သဂြိုလ်

Local News

နေပြည်တော်၊ လယ်ဝေးတွင် ဗုံးဖောက်ခွဲမှု သံသယဖြင့် ဖမ်းဆီးခံရသော မောင်ဘုန်းမြတ်ကို ကို စစ် တပ်က စစ်ကြောရေးတွင် thetဖြတ်၊ နာရေးကို မိသားစုဝင်တချို့ လှမ်းခေါ်ပြီး စစ်တပ်က သဂြိုလ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့နေပြည်တော်၊ လယ်ဝေးတွင် ဗုံးဖောက်ခွဲမှု သံသယဖြင့် ဖမ်းဆီးခံရသော မောင်ဘုန်းမြတ်ကို ကို စစ် တပ်က စစ်ကြောရေးတွင် thetဖြတ်၊ နာရေးကို မိသားစုဝင်တချို့ လှမ်းခေါ်ပြီး စစ်တပ်က သဂြိုလ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ ဒီဇင်ဘာ ၅
နေပြည်တော်၊ လယ်ဝေးမြို့ပေါ်တွင် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်း ဗုံး ပေါက် ကွဲခဲ့ပြီး ယင်းဗုံးပေါက် ကွဲမှု အတွက် သံသယဖြင့် ဖမ်းဆီးခံရသော မောင် ဘုန်းမြတ်ကို ကို စစ်တပ်က စစ်ကြောရေးတွင်thet ဖြတ်လိုက်ကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုနှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။


ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဗိုလ်ချုပ်ကြေးရုပ်အနီး မီးပွိုင့်ယာဉ်ထိန်းရဲကင်းအနီးတွင် အသံ မိုင်းဖြင့် လုံခြုံ ရေး အတွက် လာရောက် စစ်ဆေးကြမည့် စစ် သားကို မြှား ခေါ်၍ အဓိက မိုင်း ဖြင့် တိုက်ခိုက်ရန်စီစဉ်ခဲ့ကြောင်း၊ သို့ရာတွင် အဓိက မိုင်းကို လူတ ချို့က ကောက်ယူသွားသည့်အတွက် မဖောက်ခွဲနိုင်လိုက်ဘဲ စစ်တပ်ကို မြှားခေါ်သည့် အသံမိုင်း သာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ ကာကွယ် ရေးအဖွဲ့ – နေပြည်တော်(ပ.က.ဖ)နှင့် ပျဉ်းမနား ပ.က.ဖ တို့က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုအပြီး ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၆ နာရီတွင် မောင်ဘုန်းမြတ်ကိုကို CCTV မှ ခြေရာခံမိသည်ဟုဆိုကာ စစ်တပ်က လာ ရောက် ဖမ်းဆီးသွားကြောင်း၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် မောင်ဘုန်း မြတ်ကို စစ်တပ်က စစ်ကြောရေးတွင် thetဖြတ်လိုက်ကြောင်း၊ ကွယ်လွန်သူ မောင်ဘုန်း မြတ်ကို၏ အလောင်းကို သဂြိုလ်ရန် မိသားစုကို လှမ်းခေါ်ပြီး စစ်တပ်က ချက်ချင်း သဂြိုလ် လိုက်ကြောင်း သိရှိရသည်။
“ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၆နာရီမှာ မောင်ဘုန်းမြတ်ကို ကို ဖမ်းသွားတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ကျဆုံးသွားပါတယ်။ မိသားစုကို လှမ်းခေါ်ပြီး ကွင်း ကြီးသုသာန်မှာ သဂြိုလ်တယ်။ သဂြိုလ်တဲ့အချိန် မောင်းဘုန်းမြတ်ကိုရဲ့ မျက်နှာ တွေကိုလည်း ထိုးထားပြီး ရင်ဘတ်ကိုလည်း ခွဲထားပြီးပါပြီ။ နာရေးကို စစ်ဗိုလ်တစ်ယောက်၊ ရဲမေ ၂ ယောက် ၊ ရဲ ကားတစ်စီးက လာ သဂြိုလ်တယ်။ ဗုံးပေါက်တဲ့ မီးပွို့င့်မှာ CCTV က 360 view လှည့်လို့ရတော့ မသင်္ကာ ဘူးဆိုပြီး ဖမ်းဆီးစစ်ဆေး thetပစ်လိုက်တာပါ။ ကွယ်လွန်သူ မောင်းဘုန်းမြတ်ကိုက အသက် ၁၈ နှစ် မပြည့်သေးဘူး။ ဖမ်းပြီး အထူးစစ်ကြောရေးပို့ပြီး thetပစ် လိုက်တာပေါ့” ဟု မောင်ဘုန်းမြတ်ကိုနှင့်ရင်းနှီးသူ မိတ်ဆွေက ပြောသည်။


စစ်ကောင်စီက အကြမ်းဖက် စစ်တပ် ရုံးစိုက်ရာ နေပြည်တော်နှင့် ပတ်ဝန်း ကျင် မြို့နယ်များတွင် ဘန်ကာများ၊ လှည့် ကင်းများ၊ ကင်းပုန်းများ ချထားခြင်း၊ CCTV ကင်မရာ တပ်ဆင်ခြင်း အပါအဝင် လုံခြုံရေး အထူးတင်းကျပ် ထား ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။