ထိပ်ဆုံးကလူဖြစ်အောင်လုပ်နည်း

Astrology

ထိပ်ဆုံးကလူဖြစ်အောင်လုပ်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ထိပ်ဆုံးကလူဖြစ်အောင်လုပ်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပထမဦးဆုံး Message ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို သိထားရင်‘ဂမ္ဘီရတံခါးပေါက်” ဆိုတာ. . . ဘာလဲဆိုတာကို သိလာလိမ့်မယ်။

ငါတို လူတွေ. . . သတ္တဝါတွေရဲ့ ခေါင်းပေါ် ပေတစ်သောင်းကျော်လောက် ကောင်းကင်ယံမှာ Ethereal Layer ဆိုတဲ့ ကောင်းကင်ဘုံနဲ့ ဆက်သွယ်နိုင်တဲ့ မြင့်မြတ် တဲ့ အလွှာဆိုတာရှိတယ်။ ဒါကို သိပ္ပံပညာရှင်တွေက လက်ခံမှာမဟုတ်ဘူး။ ဘာသာရေး ဆိုင်ရာ ပြဌာန်းမှုတွေထဲမှာလည်း မပါဘူး။ ဒါကို ‘အနောက်တိုင်း လောကီသမထ ပိုင်းဆိုင်ရာ ဂမ္ဘီရသီအိုရီ” လိုပဲ မှတ်ထားကြပါ။ Ethereal Layer မှာ အားကောင်းတဲ့ Supreme Power ကြီးတစ်ခုရှိတယ်။ မြင့်မြတ်တဲ့ စွမ်းအားကြီးလို အကြမ်းဖျင်းမှတ် ထားကြပါ။ အဲဒီ Supreme Power ကနေ ကမ္ဘာမြေပြင်ပေါ်မှာရှိတဲ့ လူသားတွေ အတွက် Solutions နဲ့ News တွေကို ထုတ်လွှင့်ပေးတယ်။ အဲဒါကို Message လို ခေါ်တယ်။ Heaven Gift လို့လည်းခေါ်တယ်။

ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အဖြစ်အပျက်တွေကို နှစ်ပေါင်းရာကျော်ပြီး ဟောကိန်းထုတ်သွားတဲ့ “နော်သာဒိန်းမတ်” ပရောဟိတ်ကြီးဟာ Supreme Power တွေ News Message တွေ ရသွားလို့ပဲ။ Crystal – Gazing လိုခေါ်တဲ့ ဓါတ်ဖန်လုံး ကြည့်ပြီး တိုင်းပြည်တွေရဲ့ အနာဂတ် ကံကြမ္မာကို ဟောကိန်းထုတ်သွားတဲ့ ဗေဒင် ဆရာမကြီး ‘ဂျိမ်းဒစ်ဆင်း’လည်း Supreme Power က News Message တွေ ရသွား လိုပဲ။ Palmist လိုခေါ်တဲ့ ကမ္ဘာကျော် လက္ခဏာဆရာကြီး ‘ကိုင်ရို’လည်း News Message တွေနဲ့ အံ့ဩဖွယ်ရာလက္ခဏာ ဟောကိန်းကြီးတွေကို ထုတ်နေတာပါ။ ဒါကို တစ်ချို့က သေသေချာချာမသိတော့ ‘နော်သာဒိန်းမတ်’ တို့၊ ‘ဂျိမ်းဒစ်ဆင်” တို့၊ ‘ကိုင်ရို’ တို့ကို Supreme Power ရနေတယ်လိုပြောကြတယ်။ ဒါ မဟုတ်ပါဘူး။ News Message ရနေလို့ပါ။
ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားခဲ့တဲ့ တစ်ချို သိပ္ပံပညာရှင်ကြီးတွေဟာ Supreme Power ကနေ.. . . . Solutions Message တွေကိုရရှိပြီး ပြောင်မြောက်လှတဲ့ သိပ္ပံသီအိုရီတွေ၊ နိယာမတွေကို ဖော်ထုတ် နိုင်ခဲ့ကြ တာပါ။ ကမ္ဘာ ကျော်. . . တီထွင်သူသိပ္ပံပညာရှင်ကြီး ‘အယ်ဒီဆင်” ကို ကြားဘူးကြမှာပါ။

The Man Who Lit the World …

ကမ္ဘာကြီးကို မီးထွန်းပေးခဲ့တဲ့သူပေါ့ကွာ။ သူဟာ သိပ္ပံ စမ်းသပ်မှုပေါင်းများစွာကို အကြိမ်ပေါင်းများစွာ လုပ်နေတုန်းမှာ Supreme Power
ကထုတ်လွှင့်လိုက်တဲ့. . . Solutions Message ကို ရသွားပြီး အောင်မြင်တဲ့ သိပ္ပံ စမ်းသပ်မှုတွေကို လုပ်နိုင်ခဲ့တယ်။ ရူပဗေဒပညာရှင်ကြီး ‘နျူတန်’လည်း သစ်သီးတစ်လုံးကြွေတာကို မြင်ပြီး “သစ်ပင်ပေါ်ကသစ်သီးတွေ သစ်ပင်ပေါ်က ဘာဖြစ်လို မြေကြီးပေါ်ကြရသလဲ” လို အဖြေရှာနေတုန်းမှာ Solutions Message ရရှိသွားတာပါ။
“ခုပြောတဲ့. . . ပရောဟိတ်ကြီး၊ ဗေဒင်ဆရာမကြီး၊ လက္ခဏာဆရာကြီး၊ တီထွင် သူ ပုဂ္ဂိုလ်ကြီးနဲ့ ရူပဗေဒပညာရှင်ကြီးတွေကတော့Ethereal Layer မှာ Supreme Power ကြီး ရှိတယ်။ အဲဒီ. . . ကနေပြီး ကမ္ဘာမြေပြင်က လူသားတွေ အတွက် News နဲ့ Solution တွေကို ထုတ်လွှင့်ပေးတယ်။ အဲဒါကိုပဲ Heaven Gift လိုလည်း ခေါ်တယ်။ Message လိုလည်း ခေါ်တယ်ဆိုတာကို မသိရှာကြပါဘူး။ မတောင်းခံပဲ နဲ့ ရကြတာပါ။ ဒါကလည်း သူတိုမှာရှိတဲ့ ကြီးမားတဲ့ ဆန္ဒနဲ့ စေတနာကြောင့်ပါ။ Supper Palmist ဆရာကြီး ‘ကိုင်ရို” ကတော့. . . Supreme Power ကြီးဆီကနေ Heaven Gift လိုခေါ်တဲ့ Message တောင်းခံပုံ တောင်းခံနည်းရသွားပုံရတယ်။ သူရဲ့ လက္ခဏာ ကျမ်းစာအုပ်တစ်အုပ်ထဲမှာ Heaven Gift လိုခေါ်တဲ့ Message အကြောင်းကို အရိပ် အမြွက်လေးပါသွားတယ်။
အဲဒီ Message က ‘ဂမ္ဘီရ တံခါးပေါက်’ ပဲ။ အဲဒီ Message တောင်းလိုရရင် တပည့်သန္ဓေတို့ ‘ဂမ္ဘီရတံခါးပေါက်” ကြီးကို ဖွင့်လိုရသွားပြီလို မှတ်ပေတော့. . . ။ ဟုတ်ပြီလား။ အဲဒီကျရင်တော့ ဘယ် အသက်မွေးဝမ်းကျောင်းရပ်ဝန်းမှာပဲ ဖြစ်ဖြစ်. . . ထိပ်ဆုံးကလူ ဖြစ်အောင်လုပ်လိုရပြီ။
ကဲ. . . ဒီနေ့ကစပြီး ‘သိဒ္ဓိ” လိုခေါ်တဲ့ “စိတ်စွမ်းအား” တွေကို ဖွံဖြိုးအောင် လမ်းခရီးမှာ လူတစ်လုံး သူတစ်လုံး ဖြစ်ရုံတင်မကဘူး. . . “ထိပ်ဆုံးက လူဖြစ်အောင် ကြိုးစားကြပေတော့”ငါ့သန္ဓေတပည့်တို့. . .

ရေးသားသူ – Min Thein Kha – မင်းသိင်္ခ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။