KBC ဥက္ကဋ္ဌ (ငြိမ်း) သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ဖမ်းဆီးခံရ

Local News

KBC ဥက္ကဋ္ဌ (ငြိမ်း) သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ဖမ်းဆီးခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့KBC ဥက္ကဋ္ဌ (ငြိမ်း) သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ဖမ်းဆီးခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ (ငြိမ်း) သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ကို ဒီကနေ့ ဒီဇင်ဘာ၅ရက် မနက် ၉နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တာဝန်ရှိသူအချို့ထံက သိရှိရပါတယ်။
ထိုင်းနိုင်ငံကိုဆေးသွားကုဖို့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်‌ရောက်နေတဲ့ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်​ဆေး​မေးမြန်းစရာရှိတယ်ဆိုပြီးဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားရတဲ့ အကြောင်းအရင်းနဲ့ ဖမ်းဆီးထိန်းသိမ်းထားခံထားရတဲ့ အခြေအနေအတိအကျကို သိရှိနိုင်ဖို့ KBC အသင်းတော် တာဝန်ရှိသူတွေက စစ်ကောင်စီကို မေးမြန်းတာတွေလုပ်နေပေမယ့် တိတိကျကျ ပြန်လည် သိရှိရတာမရှိသေးဘူးလို့ ပြောကြပါတယ်။


ဒေါက်တာခလမ်ဆမ်ဆွန်နဲ့ အတူ အခြား ၂ ဦးလည်း စစ်ဆေးမေးမြန်းခံရတာတွေရှိပြီးအဲဒီ ၂ဦးက KBC လူငယ် တာဝန်ခံ‌ဟောင်းဖြစ်သူ ဂွမ်ကရောင်ခန်နော်နဲ့ ဆရာတော် ခမ်းဝါတို့ ဖြစ်တယ်လို့သိရပါတယ်။ သူတို့ကိုတော့ လေဆိပ်ကနေ ထွက်ခွာခွင့်ပြုလိုက်ပြီလို့ အခြေအနေသိရှိသူ နီးစပ်သူတွေက
ဘီဘီစီကိုပြောပါတယ်။
သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန် ဟာ KBC ရဲ့ အထွေထွေ အတွင်းရေးမှုးချုပ်နဲ့ ဥက္ကဋ္ဌ တာဝန်တွေကို ယူခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာလက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ” KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ” အဖြစ် ခန့်အပ်ခံထားရတာဖြစ်ပါတယ်။
သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန် ဟာ ၂၀၁၉ ခုနှစ်က လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေးလွတ်လပ်ခွင့်ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တင်ပြခဲ့သူဖြစ်ပြီးအဲဒါကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အရာရှိတစ်ဦးက တရားစွဲဆိုခံခဲ့ရပြီးနောက်ပိုင်းမှာအမှုရုပ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။