YBS ကားပေါ် အနုကြမ်းစီးနေလို့ ဘေးနားကဖြတ်သွားတဲ့ စစ်ကားကို ခရီးသည်အမျိုးသမီးက လက်သုံးချောင်းထောင်ပြ(လက်သုံးချောင်းထောင်သူကို ဖမ်းဖို့လိုက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အနုကြမ်းစီးတဲ့ အမျိုးသား ၃ ဦးကို ဖမ်းသွား)

Local News

YBS ကားပေါ် အနုကြမ်းစီးနေလို့ ဘေးနားကဖြတ်သွားတဲ့ စစ်ကားကို ခရီးသည်အမျိုးသမီးက လက်သုံးချောင်းထောင်ပြ(လက်သုံးချောင်းထောင်သူကို ဖမ်းဖို့လိုက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အနုကြမ်းစီးတဲ့ အမျိုးသား ၃ ဦးကို ဖမ်းသွား)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့YBS ကားပေါ် အနုကြမ်းစီးနေလို့ ဘေးနားကဖြတ်သွားတဲ့ စစ်ကားကို ခရီးသည်အမျိုးသမီးက လက်သုံးချောင်းထောင်ပြ(လက်သုံးချောင်းထောင်သူကို ဖမ်းဖို့လိုက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အနုကြမ်းစီးတဲ့ အမျိုးသား ၃ ဦးကို ဖမ်းသွား) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၅

YBS ကားပေါ် အနုကြမ်းစီးနေလို့ ဘေးနားကဖြတ်သွားတဲ့ စစ်ကားကို ခရီးသည်အမျိုးသမီးက လက်သုံးချောင်းထောင်ပြမှု မနေ့ ဒီဇင်ဘာလ ၄ ရက်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ မနေ့တုန်းက အင်းစိန်းဈေးအကျော်မှာ YBS ကားတစ်စီးပေါ်မှာ ယာဉ်မောင်းကို လူတစ်ဦးက ဓားနဲ့ထောက်ကာ မှတ်တိုင်တွေမရပ်ဖို့ ခြိမ်းခြောက်ခဲ့ပြီး ကျန် ၂ ဦးကတော့ ခရီးသည်တွေဆီက ပစ္စည်းတွေ၊ငွေတွေကိုခြိမ်းခြောက် အနုကြမ်းစီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ YBS ကားပေါ်မှာပါလာတဲ့ ခရီးသည်အမျိုးသမီးတစ်ဦးက ဘေးနားက ဖြတ်သွားတဲ့ လုံခြုံရေးကားကို နွေဦးတော်လှန်ရေးသင်္ကေတ လက်သုံးချောင်းထောင်ပြခဲ့တယ်လို့သိရပါတယ်။၊
လုံခြုံရေးကားကလည်း YBS ကားနောက်ကို လိုက်လာကာ သမိုင်းလမ်းဆုံအရောက်မှာ ကားကိုရပ်ခိုင်း၊ lat natတွေနဲ့ ကားပေါ်တက်ပြီးနောက် လက်သုံးချောင်းထောင်သူ ဘယ်သူလဲဆိုတာကို thayနတ်တွေနဲ့ချိန်ပြီး မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
“အဲဒီအမျိုးသမီးက သူက နိုင်ငံရေးမသိပါဘူး။ ကားပေါ်မှာ လူသုံးယောက် အနုကြမ်းစီးနေလို့ အကူအညီတောင်းတာပါ”ဆိုပြီး ပြောတယ်လို့ ကိုယ်တွေကြုံခဲ့တဲ့ ခရီးသည်တစ်ဦးက ပြောပါတယ်။
ကားပေါ်က ခရီးသည်တွေကလည်း အမျိုးသမီးပြောတာ ဟုတ်မှန်ကြောင်း ဝိုင်းဝန်းထောက်ခံကြလို့ အဲဒီ အနုကြမ်းစီးတဲ့ အမျိုးသား ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ရန်ကုန် YBS ကားတွေပေါ်မှာ နစက အာဏာရယူပြီးကတည်းက ပေါ်ပေါ်ထင်ထင် အနုကြမ်းစီးမှုတွေ ဖြစ်နေတာပါ။


ဓာတ်ပုံ ( ပုံဟောင်းကိုအသုံးပြုထားခြင်းဖြစ်သည်)

ရေးသားသူ – Zaw Win

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။