ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲ ရိုဟင်ဂျာဦးရေ ၉ သိန်းခွဲကျော်ရှိလာ

Local News

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲ ရိုဟင်ဂျာဦးရေ ၉ သိန်းခွဲကျော်ရှိလာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲ ရိုဟင်ဂျာဦးရေ ၉ သိန်းခွဲကျော်ရှိလာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ လက်ခံထားတဲ့ ရိုဟင်ဂျာဦးရေဟာ ပြီးခဲ့တဲ့နိုဝင်ဘာလကုန်အထိဆိုရင် ၉ သိန်းခွဲကျော်အထိ ရှိလာတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ကပြောပါတယ်။

ဒီအရေအတွက်ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ကောက်ဘဇားခရိုင်နဲ့ ဘာဆန်ချာ ကျွန်းပေါ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာဦးရေဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ UNHCR တို့ ပူးတွဲ စာရင်းကောက်ယူပြီးတဲ့နောက်မှာ သိရှိရတာဖြစ်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် ၉ သိန်းခွဲကျော်ထဲက တစ်ဝက်ဟာ ကလေးငယ်တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၇ တုန်းက ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးဖြစ်စဉ်အတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။

FILE PHOTO: Rohingya refugees hold placards as they gather at the Kutupalong Refugee Camp to mark the fifth anniversary of their fleeing from neighbouring Myanmar to escape a military crackdown in 2017, in Cox’s Bazar, Bangladesh, August 25, 2022. REUTERS/Rafiqur Rahman/File Photo

လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြသူအများစုဟာ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေမှာ နေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။

နိုင်ငံအတွင်းက ထွက်ခွာသွားရသူတွေ၊ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူနိုင်ရေး ဆောင်ရွက်မယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီး လပိုင်းအကြာမှာ ထုတ်ဖော်ပြောထားခဲ့ပေမဲ့ ဘာတွေ လုပ်ဆောင်ဖို့ ရှိသလဲ ဆိုတာကို တိတိကျကျ ထုတ်ဖော် ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာဦးရေတိုးလာတာနဲ့အမျှ ဆက်ပြီးလက်ခံထားရေးမှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်ဆိုတဲ့အချက်ကို ထောက်ပြပြီး ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်ရေး မြန်မာကို တိုက်တွန်းဖို့ တရုတ်အပါအဝင် အာဆီယံနိုင်ငံတွေကို ထုတ်ဖော်ပြောဆိုနေပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။