မင်းအောင်လှိုင် မင်္ဂလာဒုံစစ်ဆေးတက္ကသိုလ်ကျောင်းဆင်းပွဲတက်မှာမို့ မှောင်နဲ့မည်းမည်း မဖြစ်စေဖို့ အလစ်အလပ်မရွေး လင်းထိန်နေစေဖို့ မီးတိုင်ကြီးတွေ စိုက်ထူ၊ CCTV တွေတပ်ပြီး လုံခြုံရေးတိုးမြှင့်

Local News

မင်းအောင်လှိုင် မင်္ဂလာဒုံစစ်ဆေးတက္ကသိုလ်ကျောင်းဆင်းပွဲတက်မှာမို့ မှောင်နဲ့မည်းမည်း မဖြစ်စေဖို့ အလစ်အလပ်မရွေး လင်းထိန်နေစေဖို့ မီးတိုင်ကြီးတွေ စိုက်ထူ၊ CCTV တွေတပ်ပြီး လုံခြုံရေးတိုးမြှင့်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မင်းအောင်လှိုင် မင်္ဂလာဒုံစစ်ဆေးတက္ကသိုလ်ကျောင်းဆင်းပွဲတက်မှာမို့ မှောင်နဲ့မည်းမည်း မဖြစ်စေဖို့ အလစ်အလပ်မရွေး လင်းထိန်နေစေဖို့ မီးတိုင်ကြီးတွေ စိုက်ထူ၊ CCTV တွေတပ်ပြီး လုံခြုံရေးတိုးမြှင့် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၆

အကြမ်းဖက် မင်းအောင်လှိုင်က လာမယ့်ရက်ပိုင်းအတွင်း မင်္ဂလာဒုံစစ်ဆေးတက္ကသိုလ် ကျောင်းဆင်း ပွဲ တက်မှာမို့ မင်္ဂလာဒုံမှာ မှောင်နဲ့မည်းမည်း အလစ်အလပ်မရွေး မီးတိုင်တွေစိုက်၊ CCTV တွေတပ်ပြီး လုံခြုံရေးတိုးမြှင့်နေပြီဖြစ်တယ်လို့ စစ်ဆေးတက္ကသိုလ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်ဟာ ရန်ကုန်မှာ စစ်ဆေးတက္ကသိုလ် ကျောင်းဆင်းပွဲနဲ့ မှော်ဘီ အမျိုး သမီးဗိုလ် လောင်း သင်တန်း ဆင်းပွဲ တက်ဖို့ရှိပြီး စစ်ကောင်စီဘက်ကတော့ လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
ဓာတ်ပုံ-ယခင်နှစ် စစ်ဆေးတက္ကသိုလ်ဆင်းပွဲ တက်နေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်။
“မင်္ဂလာဒုံ၊ သားဖွားမီးယပ်၊ ဆေးတပ်ခြံစည်းရိုးဘေးတွေမှာ မီးတိုင်အကြီးတွေ စိုက်ထူနေတယ်။ အမှောင် အမည်းမရှိစေရ၊ ခြုံခိုနိုင်တဲ့ အလစ်အလပ် မရှိစေရဆိုတာမျိုးနဲ့ လုံခြုံရေးတိုးမြှင့်နေပြီ၊ CCTV တွေ နေရာတိုင်း တပ်မယ်လို့လည်းသိရတယ်။ DSMA ကျောင်းဆင်းပွဲကို မင်းအောင် လှိုင် လာတက်မယ်လို့ သိရတယ်” ဟု စစ်ဆေးတက္ကသိုလ်နဲ့ နီးစပ်တဲ့သတင်းရပ်ကွက်ကဆိုပါတယ်။
ဒါ့အပြင် မင်္ဂလာဒုံ၊ မှော်ဘီ၊ လှည်းကူးမြို့နယ်တွေမှာလည်း ဧည့်စာရင်းစစ်ဖို့ စီမံချက်တွေ၊ ကင်းပုန်း တွေ ချတာတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး ရပ်ကွက်တွေမှာ ကင်းလှည့် တာတွေကို မင်းအောင်လှိုင် ရောက်ရှိနေစဉ် ကာလအတွင်းမှာ လုပ်ဆောင်ဖို့ လည်း စစ်ကောင်စီ ဘက်က ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။