မြန်မာ့အရေးအဖြေရှာဖို့ အာဆီယံ ကို အီးယူက အပြည့်အ၀ပံ့ပိုးပေးမယ်

Local News

မြန်မာ့အရေးအဖြေရှာဖို့ အာဆီယံ ကို အီးယူက အပြည့်အ၀ပံ့ပိုးပေးမယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာ့အရေးအဖြေရှာဖို့ အာဆီယံ ကို အီးယူက အပြည့်အ၀ပံ့ပိုးပေးမယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၁၄ရက်မှာ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာကျင်းပမယ့် အာဆီယံ – အီးယူ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးဖို့ ရှိတယ်လို့ Channel News Asia သတင်းကဖော်ပြပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ရဲ့ အလှည့်ကျ ဥက္ကဋ္ဌသစ် ဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးပမ်းချက်ကိုအားပေးမယ့်အကြောင်း အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr Igor Driesmans က CNA ရဲ့ အင်တာဗျုးမှာ ပြောထားတာပါ။

CNA နဲ့ အင်တာဗျူးဖြေချိန်မှာ မြန်မာ့ အ‌ရေးထည့်သွင်းပြောခဲ့တဲ့အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr Igor Driesmans

မြန်မာအရေးဖြေရှင်းဖို့နဲ့ပတ်သက်ပြီး အလှည့်ကျ ဥက္ကဋ္ဌသစ်အင်ဒိုနီးရှားနိုင်ငံအပေါ်အများကြီးမျှော်လင့်ထားကြောင်း သံအမတ်ကြီးက ဆိုပါတယ်။
“ နိုင်ငံကိုသာမက ဒေသတွင်း တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေတဲ့ ဒီအကျပ်အတည်းအတွက် အဖြေရဖို့ နဲ့ အမှန်တကယ်တွန်းအားပေးဖို့ အင်ဒိုနီးရှားကို ကျွန်တော်တို့ အားကိုးတယ်။ဒါမှလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်နိုင်မှာပါ” လို့ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr Igor Driesmans က ပြောပါတယ်။

မြန်မာ့အရေး အဖြေရှာဖို့မလွယ်ပေမယ့် EU က အလှည့်ကျ ဥက္ကဋ္ဌသစ်အင်ဒိုနီးရှားကို အပြည့်အ၀ပံ့ပိုးပေးမယ်လို့ Mr Dresmans က ထပ်လောင်းပြောပါတယ်။
မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက် ကိုလည်း စစ်တပ်က အခုအချိန်အထိ အကောင်အထည်မဖော်နိုင်သေးကြောင်း Mr Driesmans က ထောက်ပြပါတယ်။

အာဆီယံဆိုင်ရာ EU သံအမတ်ကြီးကတော့ စစ်ခေါင်းဆောင်တွေဘက်က အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ဆန္ဒမရှိတာတွေ့ရလို့ ဒါကို အာဆီယံက တိုး‌ပြီဖိအားပေးဖို့လိုတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်း ၂နှစ်တာကာလအတွင်း အာဆီယံဟာ ထိပ်သီးအစည်းအဝေး အပါအဝင် အစည်းအဝေးအချို့မှာ မြန်မာစစ်ခေါင်းဆောင်တွေကို တရားဝင်အစည်းအဝေးတွေဖိတ်ကြားတာမရှိပါဘူး။

စစ်ကောင်စီကတော့ အာဆီယံရဲ့ လုပ်ဆောင်ချက်တွေဟာ အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေ၊ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ခဲ့တာမဟုတ်လို့ အာဆီယံ‌ခေါင်းဆောင်တွေရဲ့ သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို လက်ခံမှာမဟုတ်ကြောင်း တုံ့ပြန်ထားပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။