အကျိုး​ပေးမြန်သည့်ကြံတိုင်းအောင်ဆောင်တိုင်းမြောက်သည့်ယတြာ

Astrology

အကျိုး​ပေးမြန်သည့်ကြံတိုင်းအောင်ဆောင်တိုင်းမြောက်သည့်ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အကျိုး​ပေးမြန်သည့်ကြံတိုင်းအောင်ဆောင်တိုင်းမြောက်သည့်ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

(၇)ရက်သားသမီးမည်သူမဆိုကြံတိုင်းအောင်ဆောင်တိုင်းမြောက်စေဖို့ ကံများလာဘ်များ မကြာချက်ချင်းပွင့်စေဖို့ ကြံတိုင်းအောင်ဆောင်တိုင်းမြောက်သည့်ယတြာလေးအားမျှဝေပေးလိုက်ပါတယ်

ယတြာပြုလုပ်ရန်

ဖန်ခွက်တစ်ခွက်ထဲသို့ရေထည့်ပါ။ပြီးလျှင် အောင်သပြေ ၅ ညွန့် ၊ ကြံတစ်ချောင်း(၃ဆစ် ၊ ၅ဆစ် ၊ ၇ဆစ် မိမိအဆင်ပြေရာ) ထည့်ပြီး ဘုရားကျောင်းဆောင် ၊ မိမိအလုပ်စားပွဲ ၊ ဆိုင်ကောင်တာ စသဖြင့်မိမိအဆင်ပြေရာနေရာတွင် တင်ထားနိုင်ပါတယ်။

ယတြာပြုလုပ်နေစဥ် ထိုဖန်ခွက်အား လက်နှစ်ဖက်ဖြင့်ထိ၍ “ဘုန်းတော်အနန္တ ၊ ကံတော်အနန္တ ၊ ဥာဏ်တော်အနန္တ ၊ တန်ခိုးတော်အနန္တ ၊ ပါရမီတော်အနန္တ တို့နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်အားဦးထိပ်ထား၍ ဤနေ့၊ဤချိန် မှ စ၍ ဘုရားတပည့်တော်အား ပြောသမျှ၊ဆိုသမျှ၊လုပ်သမျှ၊ကိုင်သမျှ၊အကြံအစည်မှန်သမျှအားလုံး အစစအရာရာ အဆင်ပြေအောင်မြင်ရပါစေဘုရား၊ရောင်းပန်းသာလို့ဝယ်ပန်းလှပါစေ ၊ ကံများလာဘ်များလဲ ပွင့်ပါစေ ဘုရား” ဆိုပြီးလေးလေးနက်နက်ဆုတောင်းပါရှင်။
( ဖြစ်ချင်တာကိုလေးနက်စွာဆုတောင်းလဲရပါတယ်)

ဤယတြာအားပြုလုပ်ဆောင်ရွက်မည်ဆိုပါက မည်သည့်နေ့ရက် မဆို
နံနက် ၆နာရီမှ နံနက် ၁၀ နာရီ၄၅မိနစ်အတွင်း ဆောင်ရွက်ပါ။
ယုံကြည်စွာပြုလုပ်သူတိုင်းအကျိုးထူးပါမည်။

ရေးသားသူ – ဆောင်းသော်တာဝေ(တားရော့၊မြန်မာဗေဒင်နှင့်ယတြာအစီအရင်)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။