‘အ​ကောင်းဆုံး အရှုံးသမား’

Sports

‘အ​ကောင်းဆုံး အရှုံးသမား’

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ‘အ​ကောင်းဆုံး အရှုံးသမား’ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်း ပြင်သစ်ကို ပင်နယ်တီ​ရောက်မှ အနိုင်ရရှိခြင်းအဓိကအ​ကြောင်းရင်းမှာ ကိုင်လီယန်ဘာ​ပေ​ကြောင့်လို့ပဲ ​ပြောရပါမယ်။


ဘာ​ပေဟာ အသင်း Under pressure အောက်မှာ အကောင်းဆုံးဖြစ်စေမဲ့ သွင်းဂိုးတွေနဲ့ တစ်သင်းလုံးကို carry ပေးခဲ့သလို တစ်ပွဲလုံး အကောင်းဆုံး Form နဲ့ ကစားပြခဲ့ပြီး 23 နှစ်နဲ့မလိုက်တဲ့ Mentality နဲ့ ပြင်သစ်တစ်သင်းလုံးကို ထမ်းတင်ပေးခဲ့တယ်။
အဆုံးအဖြတ် penalty မှာလည်း အတည်ငြိမ်ဆုံး နဲ့ တိကျသေချာတဲ့ ဂိုးကိုသွင်းနိုင်ခဲ့တယ်။ဘောလုံးလောကအတွက် တစ်ကယ်ကို Gem ပါပဲ။ရလဒ်ရှံးပေမယ့် စိတ်ဓာတ်တွေမရှံးခဲ့ဘူး

အာဂျင်တီးနားရဲ့ဦး​ဆောင်မှု​တွေကို ဟက်ထရစ်သွင်းယူကာ နှစ်ကြိမ်တိုင်တိုင် သ​ရေကျ​​​စေခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်​ရောက်​​တော့လည်း သူကန်သွင်းရမယ့်ပင်နယ်တီကို အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့ပါတယ်။

တကယ်လို့ မ​နေ့ညကပွဲမှာ ပြင်သစ်သာကမ္ဘာ့ချန်ပီယံဖြစ်သွားရင် ဆိုရှယ်မီဒီယာမျက်နှာစာကို အပြည့်​နေရာယူသွားမယ့်သူက အသက် (၂၃)နှစ်အရွယ် ပြင်သစ်ကြယ်ပွင့်ဆိုတာ ​သေချာပါတယ်။ ဒီပွဲမှာ ဘာ​ပေရဲ့​ခြေစွမ်းဟာ မက်ဆီ၊​​ရော်နယ်ဒို​ခေတ်လွန်၌ ​ဘောလုံး​လောကကို ဦး​ဆောင်မယ့်ကစားသမားဖြစ်​ကြောင်း သိသာ​စေပါတယ်။
သူ့အ​နေနဲ့ အစွမ်းကုန်ကြိုးစားခဲ့​ပေမယ့် မက်ဆီ၊ မာတီနက်ဇ်၊ ဒီမာရီယာတို့ရဲ့အာဂျင်တီးနားက တတိယ​မြောက်ဦး​ဆောင်ခွင့် (ပင်နယ်တီအဆုံးအဖြတ်)မှာ ပြင်သစ်ထက်အမှားကင်းခဲ့ပါတယ်။ သို့ဖြစ်ရကား ပီအက်စ်ဂျီလူငယ်တိုက်စစ်မှူးကို အ​ကောင်းဆုံးအရှုံးသမားအဖြစ် ​ဖော်ကျူးလိုက်ရပါတယ်။

ရေးသားသူ –Football Blog

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။