အပြန်အလှန် သွင်းဂိုးများနှင့် အကြိတ်အနယ်ရှိခဲ့သည့် တောင်ကိုရီးယား နှင့် ဂါနာ

Sports

အပြန်အလှန် သွင်းဂိုးများနှင့် အကြိတ်အနယ်ရှိခဲ့သည့် တောင်ကိုရီးယား နှင့် ဂါနာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့အပြန်အလှန် သွင်းဂိုးများနှင့် အကြိတ်အနယ်ရှိခဲ့သည့် တောင်ကိုရီးယား နှင့် ဂါနာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယား 🇰🇷 ၂-၃ 🇬🇭 ဂါနာ

ဂါနာတို့က တောင်ကိုရီးယားကို အနိုင်ကစားပြီး ကာတာကမ္ဘာ့ဖလားတွင် ၎င်းတို့အသင်းအတွက် ပထမဆုံးအနိုင် သုံးမှတ် ရယူနိုင်ခဲ့သည်။
ဂါနာအတွက် ဂိုးများကို ပထမပိုင်း ၂၄ နှင့် ၃၄ မိနစ်များတွင် ဆောက်သမ်တန် ခံစစ်မှူး Salisu နှင့် အေဂျက်တောင်ပံကစာသမား Kudus တို့က သွင်းယူပေးခဲ့သည်။
ပြိုင်ပွဲ၏ ပထမပိုင်းကို ဂါနာတို့က သွင်းဂိုးများဖြင့် ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းသည် တောင်ကိုရီးယားတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။

ဒုတိယပိုင်းတွင် တောင်ကိုရီးယားတို့ တိုက်စစ်အရှိန်တင်ပြီး ကစားခဲ့သည့်နောက် ပွဲချိန် ၅၉ မိနစ်တွင် တိုက်စစ်မှူး Cho Gue-Sung က တောင်ကိုရီးယားတို့အတွက် ခေါင်းတိုက်ပြီး ခြေပဂိုး သွင်းပေးခဲ့သည်။ နောက်သုံးမိနစ်အကြာတွင် Cho Gue-Sung ကပင် ပထမခြေပဂိုးနှင့် ပုံစံတူ တိုက်စစ်လမ်းကြောင်းမှ ဒုတိယ ခြေပဂိုးထပ်သွင်းခဲ့သည်။
သို့သော် ဂါနာတို့အတွက် အဖိုးတန် အနိုင်ဂိုးကို ပွဲချိန် ၆၉ မိနစ်တွင် တောင်ပံကစားသမား Kudus ကပင်သွင်းယူပြီး ဂါနာတို့ သုံးမှတ်ရသွားခဲ့သည်။

 

အုပ်စုပွဲစဉ် နှစ်ပွဲကစားပြီးချိန်အထိ ဂါနာက သုံးမှတ်၊ တောင်ကိုရီးယားက တစ်မှတ် ရရှိထားသည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။