၇ ရက်သားသမီးအတွက် 26.1.2023 မှ 1.2.2023 အထိ တစ်ပတ်စာ ဟောစာတမ်း နှင့် ယတြာ

Astrology

၇ ရက်သားသမီးအတွက် 26.1.2023 မှ 1.2.2023 အထိ တစ်ပတ်စာ ဟောစာတမ်း နှင့် ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၇ ရက်သားသမီးအတွက် 26.1.2023 မှ 1.2.2023 အထိ တစ်ပတ်စာ ဟောစာတမ်း နှင့် ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၇ ရက်သားသမီးအတွက် 26.1.2023 မှ 1.2.2023 အထိ တစ်ပတ်စာ ဟောစာတမ်း နှင့် ယတြာ
တနင်္ဂနွေ

၁၃၇၈ခုနှစ်၊ (၇)ရက်သားသမီးဗေဒင် | အခါပေး ဗေဒင်

တနင်္ဂနွေသားသမီးများ အနေဖြင့်ယခုကာလေးမှာတော့ မိမိမှန်ကန်သည်ကိုယ် ထင်ကာပြုလုပ်နေသော လုပ်ဆောင်မှုများသည် မှားယွန်းနေမှုများ ဖြစ်ခြင်း ၊ တစ်စုံတစ်ဥ​ီး၏ စွပ်စွဲမှုများ ခံရခြင်းတို့ ဖြစ်တက်သောကြောင့် ကြား၃ကြား အားဝင်ရောက်ပါဝင်ခြင်းနှင့် မိမိနှင့်ကိစ္စ မဟုတ်သောအရာများတွင် ဝင်ရောက်ပတ်သက်ခြင်းများအား ဒီကာလေးအတွင်းရှောင်ရှားစေပါ

သို့ သော်မိမိတွင်မည်သည့်အခက်ခဲလေးများ ကြုံနေပါစေ အမျိုးသမီးတစ်ဦးဦး၏ အကူညီဖြင့် အရာအားလုံးအဆင်​ပြေအုံးမည်ဖြစ်သည်။
မြင့်မားသောနေရာများ နှင့် ပြုတ်ကျလွယ်သော နေရာများတွင်နေထိုင်ခြင်း သွားလာခြင်းကိုယ် လည်းရှောင်ရှားသင့်ပါသည်။ ဒီကာလေးမှာ အလွဲလေးများ အခက်ခဲအသေးမွှားလေး တစ်ချို့နှင့်ရင်ဆိုင် ရနိုင်သော်ငြားလည်း ထိုအရာ​လေးများထဲပျော်စရာအခိုက်တန့်လေးများရရှိအုံးမည်ဖြစ်သည်။

ကျန်းမာရေးအနေဖြင့်ကတော​့ စိတ်ထိုင်းမှိုင်းခြင်း ၊ စိတ်လေးလံခြင်း နှင့် ဦးခေါင်းနှင့်ပတ်သတ်သော ရောဂါဝေဒနာများ အနည်းငယ်ခံစားရနိုင်သည်။ မိမိ၏ အထက်လူကြီး အမျိုးသမီးတစ်ဦးဦး၏ ကျန်းမားအနည်းငယ် ထိခိုက်နိုင်သည့်ကာလဖြစ်သည်။

စီးပွားရေးအနေဖြင့် စတင်လုပ်ဆောင်မည့် မည်သည့်လုပ်ငန်းမျိုးမဆိုအဆင်ပြေမည့်ကာလဖြစ်သည်။ သို့သော် မိမိလုပ်ဆောင်နေဆဲလုပ်ငန်းများတွင်မှုကတော​​့ အနည်းငယ် အလွဲလွဲအချော်ချော်လေးများဖြစ်နေတက်သည့်အချိန်ဖြစ်သည်။ ဒီကာလအတွင်း ဥာဏ်အားဖြင့် ပြုလုပ်ရသောလုပ်ငန်းမ​ျားအနေဖြင့် အားကောင်းနေတက်သည်။ လုပ်ငန်းခွင့်အတွင်း အတိုက်ခိုက်များမရှိသော်ငြားလည်း မိမိကိုယ်တိုင် အလုပ်ခွင့်တွင်းပေါ့ဆမှု့​ကြောင်​​့ အမှားလေးများအနည်းငယ်ရှိတက်သည်ကိုယ် သတိထားစေပါ။

ငွေကြေးအနေဖြင့်ကတော​့ အစပြုရမည့်ကာလလေးဖြစ်နေတက်ပြီး စုစုဆောင်းဆောင်းဖြင့်နေသင့်သောအချိန်လေးဖြစ်သည်။ ငွေကုန်စရာကိစ္စလေးများပေါလာတက်သော်လည်း မိမိဘက်မှချွေတာစွာဖြင့်သုံးစွဲနေထိုင်သင့်ပါသည်။

အချစ်ရေးအနေဖြင့်ကတော့ ချစ်သူ ရည်းစား အိမ်ထောင်ဖက် ရှိသူများအနေဖြင့် တစ်ဦးပေါ်တစ်ဦး အမြင်စောင်းမှုလေးများ သံသယစိတ်​လေးများ ရှိနေမည့်အခ​ျိန်ဖြစ်သဖြင့် တစ်ဦးပေါ်တစ်ဦးယုံကြည်မှုပိုမိုရရှိရန်ကြိုးစားသင့်သည့်အချိန်ဖြစ်ပါသည်။ အချစ်ရေး အိမ်ထောင်ရေးမှာ မည်သည့်သောအကြောင်းရာများရှိစေကာမှု သွေးအေးအေးဖြင့် ဖြေရှင်းပါက လွယ်ကူစွာပြီးဆုံးမည်ဖြစ်သည်။
ချစ်သူရည်းစား မရှိသေးသူများအနေဖြင့်ကတော့ မိမိကိုကိုယ်မိမိ ပိုမိုချစ်ခင်စွာနေထိုင်ခြင်းက မိမိရဲ့ညို့ဓာတ်တစ်ခုဖြစ်နေပါလိမ့်အုံးမည်။

ယတြာအနေဖြင့်ကတော့ ဒီကာလလေးအတွင်း အညံ့​လေးများကွယ်ပျောက် ကာကံကောင်းခြင်းလေးများရရှိစေနိုင်ဖို့ သစ်ပင် (သို့) ပန်းပင်လေးတစ်ပင်အားစိုက်ပျိူးကာဆုတောင်းစေပါ။

ကံကောင်းစေသော အရာများမှာ ဂဏန်းအားဖြင့် ၂ ဂဏန်း ၁ ဂဏန်းတို့ဖြစ်ပြီး အရောင်အားဖြင့် အနီရောင် နှင့် အပြာရောင်တို့ဖြစ်ကြသည်။

တနင်္လာ

၇) ရက်သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာ ယတြာ နဲ့ အကျိုးပေးဂဏာန်းများ – Moe  Tauk Kyal

တနင်္လာသားသမီးများအနေဖြင့် ယခုကာလေးမှာ တွေ့ကြုံ ရင်ဆိုင်ရမည်​့ အခက်ခဲလေးများ ပြသာလေးများမှ မိမိဘဝတွက် ကောင်းမွန်သော အတွေ့ကြုံသင်ခန်းစာမ​ျားရရှိမည့်အချိန်ဖြစ်သည်။ မိမိအား အမှန်တစ်ကယ် ကူညီချင်သူနှင့် မနာလိုတိုက်ခိုက်ချင်သူမှာ မိမိ၏အနီးဆုံးတွင် ရောက်ရှိနေတက်သောအချိန်ဖြစ်သည်။
ဒီကာလေးထဲမှာ မိမိဖြစ်လိုသည့် ဖြစ်ချင်သည့်အရာလေးများ များနေအုံးမည်ဖြစ်ပြီး တစ်ချို့သောအရာလေးများတွင် စိတ်မပြတ်မသားမှုကြောင်​့ လိုရာပန်းတိုင်မရာက်လည်းဖြစ်နေတက်အုံးမည်။ ဒီအပတ်တွင်းမှာ ထူးစမ်းသောအိပ်မက်များ မြင်မက်ခြင်း ကိုယ်မရရှိဖူး သောအတွေ့ကြုံအသစ်ဆန်းတစ်ချို့လည်းရ ရှိလာမည့်အချိန်ဖြစ်သည်။

ကျန်းမာရေးအနေဖြင့်ကတော့ ဗိုက်အောင်​့ ဗိုက်နာဖြစ်ခြင်း ခြေဖျား လက်ဖျားများမကြာခနဆိုသလို အေးစက်စက်ဖြစ်ခြင်း တို့ကြုံရတက်ပြီး
ခိုက်ရန်ဖြစ်ပွားမှုကြောင့်လည်း ဒဏ်ရာတစ်ချို့ရရှိနိုင်သောကြောင်​့ ဒီကာလအတွင်း မည်သည့်အရာကြောင့်နှင့်မှ ရန်ဖြစ်ခြင်းရှောင်ကြင်ပါ။
မိမိ ၏မိတ်ဆွေ အပေါင်းသင်းမ​ျားထဲမှတစ်ဦးဦး ကျန်းမာရေးအညံ့ရှိတက်သည်။

စီးပွားရေးအနေဖြင့် စွန့်စား ရဲရင့်ခြင်းက သင့်တွက်အောင်မြင်မှုတစ်ခုဖြစ် စေမည့်အချိန်ဖြစ်သဖြင့် ရင်းနှီးမြှုံ့နှံမ​ှုများ ဆက်တူအကျိူးပြုလုပ်ငန်းများ နှင်​့လုပ်ငန်းသစ်များစတင်ရာတွင်အထူးအကျိူးပေးမည့်အချိန်ဖြစ်သည်။

သို့သော် မည့်သည့်လုပ်ငန်းခွင်တွင်မဆို အတိုက်ခိုက်လေးအနည်းနှင့်ရင်ဆိုင်ရအုံးမည့်အချိန်ဖြစ်သည်။ စီးပွားရေးတွင် တည်ကြည်ပြတ်သားစွာ ဆုံးဖြတ်ချက်ချနိုင်ရန်လည်းလိုအပ်သေးသည်။ စီးပွားရေးတွင် မိမိအား လမ်းပြကူညီမဲ့သူပေါ်ပေါက်လာနိုင်သလို ထိုလူနှင့်လက်တွဲ ပြုလုပ်မည်ဆိုပါကလည်းအောင်မြင်မှုများ ရရှိနိုင်အုံးမည်ဖြစ်သည်။

ငွေကြေးကံလေးအနေဖြင့်ကတော​​့ ယခုအချိန်တွင် ငွေအဝင်လေးများနည်းနေသေးသော်လည်းပဲ မကြာသောအချိန်တစ်ခုအတွင်းမိမိ၏လုပ်ဆောင်းချက်များကြောင့်ငွေကြေးလေးများပြန်လည်းဝင်ရောက်လာအုံးမည်ဖြစ်သည်။

အချစ်ရေးကံလေးအနေဖြင့်ကတော့ ချစ်သူ ရည်းစား အိမ်ထောင်ဖက်ရှိသူများအနေဖြင့်ကတော့ မကြာခနဆိုသလို ရန်ဖြစ်ခြင်း စကားများခြင်းနှင့် အမြင်မတူသည့်အရာ​လေးများဖြစ်ပေါ်နေမည့်အချိန်ဖြစ်သည်။ ထိုကြောင့်ဒီချိန်လေးမှာ မိမိဘက်မှအရာရာ သည်းခံနေနိုင်မှတော်ယုံကြမည်ဖြစ်သည်။ မိမိ စိတ်ကိုယ်အလိုလိုက်ကာ မည်သည့်အရာများမှမပြုလုပ်သင့်သည့်အချိန်ဖြစ်သည် ။ အချစ်ရေးမှာLGBT တစ်ဦးဦးကြောင့် မိမိအချစ်ရေးလည်းထိခိုက်မှုများရှိတက်သည်။

ချစ်သူ ရည်စားမရှိသူများအနေဖြင့် အချစ်နောက်လိုက်မနေပဲ မိမိ တက်လမ်းတစ်ခုတွက်သာကြိုးစားသင့်သည့်အချိန်ဖြစ်သည် အချစ်ရေးသည် ဒီကာလမှာ မိမိအတွက်အနှောက်ယှက်တစ်ခုဖြစ်နေတက်သည်။

ယတြာအနေဖြင့်ကတော​​့ ခဲတံ တစ်ချောင်းအား အရှေ့ အနောက်နှစ်ဖက်လုံးကချွန်စေပါ မိမိ၏ ပိုက်ဆံ အိတ်သို့ မိမိ၏အမြဲယူဆောင်လေ့ရှိသော အိတ်ထဲအတွင်းထားရှိစေပါ။
ကံကောင်းစေသည့် အရာများမှာ ဂဏန်းအားဖြင့် ၇ ဂဏန်း ၉ ဂဏန်းတို့ဖြစ်ပြီး အရောင်အားဖြင့် အပြာရောင် နှင့် အမဲရောင်တို့ဖြစိကြသည်။

အင်္ဂါ

၇) ရက်သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာ ယတြာ နဲ့ အကျိုးပေးဂဏာန်းများ – Moe  Tauk Kyal

အင်္ဂါ သားသမီးများအနေဖြင့်ကတော့ အိမ်တွင် ခြေမကပ်မိကာလဟုဆိုနိုင်လောက်အောင် ခရီးသွားစရာလေးများ အလည်ပတ်သွားစရာ​
ေလးများနှင့် တစ်ခြားသော ထွေရီကိစ္စ လေးများကြောင့် မကြာခနဆိုသလိုအပြင်ထွက်နေရအုံးမည်ဖြစ်သည်။ ဒီကာလေးမ​ှာ မိတ်ဆွေဟောင်းများနှင့် ပြန်လှည်အဆက်သွယ်များရရှိုခြင်း အရင် အတိတ်များစီကိုယ် ရံဖန်ရံခါ ပြန်လှည် အမှတ်ရနေခြင်းတို့တက်သည်။ ကံကြမ္မာ အထွေထူးအပြောင်းလည်းများမရှိသော်လည်း အမ​ျားအားဖြင့် အကောင်းဘက်မှာရှိနေသောအချိန်ဖြစ်သဖြင်​့ မိမိ ယုံကြည်ရာ ဝါသနာပါသောအရာများ စိတ်နစ်လုပ်ဆောင်သင့်သော်အချိန်ကောင်းလည်းဖြစ်သည်။ မိမိ၏ အိမ်အတွင်းသို့ ယခင်ကရောက်လေ့ရောက်ထမရှိသော တိရစ္ဆာန် ငယ်လေးများရောက်ရှိလာလည်တက်သည်။

ကျန်းမာရေးအနေဖြင့်ကတော့ ကူးစက်ရောဂါများ ဖြစ်တက်ပေါ်တက်သည်။ အပျော်ပါး ကြောင့်ရရှိသော်ရောဂါများလည်းဖြစ်တက်သဖြင့် အပျော်ပါးအလွန်လိုက်စားခြင်းရှောင်ကြင်ပါ ။ အထူးသဖြင့် စိတ်အတွေးများသောကြောင်​့ စိတ်ကြည်မသာဖြစိနေသည့်အရာလေးများလည်းဖြစ်တက်သည်။

စီးပွားရေးအနေဖြင့်ကတော့ စီးပွားရေး မိတ်ဖက်ကောင်းများ ရရှိအုံးမည်ဖြစ်ပြီး မိမိ ဆက်လက်ကြိုးစားရမည့်အရာများကိုယ်လည်း ဒိကာလလေးအတွင်းမှသိရှိလာမည်ဖြစ်သည်။

စီးပွားရေးတွင် မိမိဥာဏ်ပညာအား အသုံးချပြုလုပ်ပါက အချိန်တိုအတွင်းတိုတက်လာမည့်အရာများလည်းရှိနေသေးပြန်သည်။ စီးပွားရေးလုပ်းငန်း အသစ်များလုပ်လိုသူများအနေဖြင်​့ အချိန်မစွဲပဲ စတင်လုပ်ဆောင်သင့်သည့် အချိန်​ကောင်းဖြစ်သည်။ ပညာရေး နှင့်ပတ်သတ်သော လုပ်ငန်းများအားကောင်းနေသေးပြီး စီးပွားရေးနှင့် ပညာရေး ယုဥ်လာပါက ပညာရေးတွင်ပိုမို အလေးထားသင့်ပါသည်။

ငွေးကြေးကံလေး ကောင်းမွန်နေသည့်အချိန်ဖြစ်ကာ ငွေလည်ပတ်မှုလေးများပုံမှန်ပြန်ဖြစ်နေမည့်အချိန်လည်းဖြစ်သည်။ ဒီကာလအတွင်း ငွေသုံးစရာလေးများပေါ်ပေါက်လာတက်သော်လည်း အတက်နိုင်ဆုံးချွေတာ သုံးစွဲကာ ငွေ​ကြေးစုဆောင်းကာနေထိုင်သင့်သည်။

အချစ်ရေး ကံလေးအနေဖြင့်ကတော​့ ချစ်သူ ရည်းစား အိမ်ထောက်ဖက် ရှိသူများအနေဖြင်​့မသိစိတ်က တစ်ခြားသူပေါ်သာယာမိသလိုလို ရှိနေသည့်အချိန်ဖြစ်ကာ ထိုအရာများသည် အချစ်စစ်မှန်မဟုတ်ကြောင်းသိရှိရန်လိုအပ်ပါသည်။ ထိုမှသာ မိမိတို့အချစ်ရေးသည် ရေရှည်တည်မြဲနိုင်မည်ဖြစ်သည်။ ခနတာအတွက်မညိသည့်အရာမှ မသာယာမိစေပါနဲ့

တစ်ချို့သော အချိန်လေးများတွင် အလုပ်ကိုယ်စီဖြင့်မအားလတ်ကြကာ တစ်ခါတစ်ရံ အချစ်ရေးတွင် သွေးအေးသည့်အရာများဖြစ်နေတက်သောကြောင့် အချစ်ရေးတွင် မိမိချစ်သူအားရင်ခုန်စေမိအရာလေးများပြုလုပ်ပေးသင့်သည်။ ချစ်သူ ရည်းစား မရှိသူများအနေဖြင့်ကတော့ မကြာသောအချိန်တွင်ရင်ခုန်ရမည့်သူတစ်ဦးတွေ့စုံအုံးမည်ဖြစ်ပြီး ထိုသူနှင့်အချိန်တိုအတွင်း ရင်းနှီးမှုရရှိလာနိုင်မည်ဖြစ်သည်။

ယတြာအနေဖြင့်ကတော့ အမျိုးသမီးတစ်ဦးဦးနှင့်အတူတကွ ကျီးကန်း ၊ စာက​လေး ၊ ခို အစရှိသည့်မိမိနီးစပ်ရာတွင်ရှိသော ငှက်လေးများအား အစာကျွေးစေကာ မိမိလိုရာဆုအားတောင်းဆုပြုးေစပါ။

ကံကောင်းစေသည့် အရာများကတော့ ဂဏန်းအားဖြင့် ၁ ဂဏန်း ၀ ဂဏန်း တို့ဖြစ်ပြီး အရောင်အားဖြင့် အဝါရောင် လိမော်ရောင်တို့ဖြစ်ကြသည်။

ဗုဒ္ဓဟူး

၇) ရက်သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာ ယတြာ နဲ့ အကျိုးပေးဂဏာန်းများ – Moe  Tauk Kyal

ဗုဒ္ဓဟူး သားသမီးများအနေဖြင့် အခုကာလေးမှာတော့ မိမိလျှောက်လှမ်းစေ ချင်သည့်လမ်းကြောင်း အလုပ်ကိုင် နှင့် မိမိ ယုံကြည်စွာရည်ရွယ်ထားသော အရာများစတင်လုပ်ကိုင်သင့်သည့် အချိန်ဖြစ်သည်။ ဒီကာလေးသည် မိမိ၏ အနေထားတစ်ခုအား မြင့်တက်စေမည့်အချိန်ဖြစ်သဖြင့် မိမိလုပ်ရပ်များ လုပ်ဆောင်မှုများသည် တန်ပြန်သက်ရောက်လာမည့်အချိန်လည်းဖြစ်သည်။

မကြာသောအချိန်တွင်းမှာလည်း ေ​ြသာဇာအာဏာ ရှိသောလူကြီးတစ်ဦးနှင့်လည်း မိတ်ဆွေဖွဲ့ စုံစည်းရအုံးဖြစ်သည်။
ဒီအချိနိမှာ မိမိကိုကိုယ်မိမိ အဆင့်တန်းမြှင့်တင်ရမည့်အချိန်ဖြစ်တာနှင်အညီ မိမိတွင် မည်သည့်အရာများလိုအပ်နေသည်မည်သည့်အရာများ ပြင်ဆင်သည့်ကိုယ်လည်း သတိထားပြောင်းလည်းသင့်ပါသည်။ မိမိ၏ သတင်းစရာများအားလည်းပြောကြားနေသူများရှိသည်။

ကျန်းမာရေးအနေဖြင့် အပေါ်ယံ ကျန်းမာနေသော်လည်း အတွင်းရောဂါတစ်ချို့ခံစားနေရတက်သည်။ ကိုယ်တွင်းအဆစ်များ ကိုက်ခဲညောင်းငြာခြင်း မည်သည့်အရာမှလုပ်ကိုင်လိုခြင်းမရှိ စိတ်ထိုင်းမှိုင်းများဖြစ်တက်သည်။
အညောင်းမိခြင်းများလည်း ဖြစ်တက်သောကြောင့် အထိုင်များခြင်း နှင့် သွေးလည်ပတ်မှုနည်းပါးခြင်းများမဖြစ်စေရန် လေ့ကျင့်ခန်းလေးများတစ်ချို့ပြုလုပ်ပေးသင့်ပါသည်။

စီးပွားရေးအနေဖြင့်ကတော့ မိမိလုပ်လုပ်ဆောင်နေသောလုပ်ငန်းအပေါ် အနည်းငယ် အားရ​ကျေနပ်မှုမရှိဖြစ်နေသည့်အချိန်ဖြစ်သည်။
အလုပ်ကိုင်သစ်များ လုပ်ငန်းတိုးချဲ့လိုသည့်စိတ်များရှိနေတက်သည်။ သို့သော် လုပ်ငန်းအသစ်များလုပ်ကိုင်ရာတွင် အထူးအကျိုးပေး သည့်အခ​ျိန်သည်လည်းဖြစ်သည်။ လုပ်ငန်းခွင် အတွင်း အထက်လူကြီး၏ ကြည့်ရှုဆောင်မခြင်းကိုယ်ခံရတက်သောကြောင်​့ မိမိလုပ်ကိုင်နေသောအလုပ်မှန်သမျှကိုယ် အလေးနက်တန်ဖိုးထား လုပ်ကိုင်ရန်လိုအပ်ပါသည်။ မိမိလုပ်ငန်းများပိုမို တိုးတက်စေလိုပါက လုပ်ငန်းခွင်တွင်း မည်သူ့ကိုယ်မှနှိပ်ချဆက်ဆံခြင်းမပြုလုပ်ပဲ ေစားမှုဖြင့်ဆက်ဆံလုပ်ကိုင်ပါ။

ငွေကြေးကံလေးကတော့ ပုံမှန်လည်ပတ်နေအုံးမည်ဖြစ်ပြီး မိမိခက်ခက်ခဲခဲရှာထားသော ငွေ​ကြေးများအားတန်ဖိုးထားသုံးစွဲရန်လိုအပ်သည်။ မကြာသောအချိန်တွင် လုပ်ငန်းခွင်တွင်းကောင်းမွန်မှုကြောင်​့ ငွေဝင်မှုလေးများရှိနေအုံးမည်ဖြစ်သည်။

အချစ်ရေးအနေဖြင့်ကတော့ ချစ်သူ ရည်းစား အိမ်ထောင်ဖက် မရှိသူများအနေဖြင့်ကတော​​့ တစ်ဦးပေါ်တစ်ဥိး မာန်မာနများထားရှိခြင်းရှောင်ကြင်သင့်ပါသည်။ တစ်ချို့သော အခက်ခဲ ပြသာနာလေးများကြားမှ ပြန်လှည်အဆင်​ပြေစ ပြုလာမည်ဟုပြောရမည့်အချိန်ဖြစ်သည်။

လူငယ် စုံတွဲလေးများအနေဖြင့် လူကြီးများအနှောက်ယှက်ခြင်းများခံရတက်သောအချိန်ဖြစ်သဖြင့် တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုတစ်ခုတည်ဆောက်ရန်လိုအပ်နေသေးသည်။

အချစ်ရေးတစ်ခုတွင် မိမိသည်ဦးဆောင်လိုသူတစ်ဦးဖြစ်နေထိုင့်သင့်သလို မိမိချစ်သူ အိမ်ထောင်ဖက်အပေါ်လည်း နားလည်မှုရှိသောသူတစ်ဦးဖြစ်နေရပါမည်။
ချစ်သူရည်းစား မရှိသေးသးများအနေဖြင့်ကတော့ အချစ်ရေးကံစန်းပွင့်လာစေရန် မိမိ၏နေထိုင်မှုပုံစံလေးတစ်ချို့က ချိန်းသင့်ပြီဖြစ်သည်။ crushရှိသူများအနေဖြင့်ကတော​့ ယုံကြည်မှုဖြင့်ရှေ့ဆက်တိုးသင့်သည့်အချိန်ဖြစ်သည်။

ယတြာအနေဖြင့်ကတော့ မိမိ၏ အဝတ်စားများထဲမှာ အစုတ်ပြဲများဖြစ်ပေါ်နေသော ဝတ်စုံတစ်စုံအား လွှင့်ပစ်စေပါ။
ကံကောင်းစေသောအရာများကတော့ ဂဏန်းအားဖြင့် ၄ ဂဏန်း ၁ ဂဏန်းများဖြစ်ပြီး အရောင်အားဖြင့်ကတော့ အနီရောင် နှင့် အဖြူရောင်ဖြစ်သည်။

ကြာသာပတေး

၇) ရက်သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာ ယတြာ နဲ့ အကျိုးပေးဂဏာန်းများ – Moe  Tauk Kyal

ကြာသာပတေး သားသမီးများအ​နေ ဖြင့်ယခုကာလလေးမှာ မည်သည့်အရာမဆို လက် လွတ်စလွယ်မ​ြပုလုပ် သင့်သောအချိန်ဖြစ်သည်။
ဒီကာလေးမှာ အစုဖွဲ့နေထိုင်ခြင်းထက် တစ်ယောက်ထဲနေထိုင်ခြင်းက ပိုမိူကောင်းမွန်ပြီး မိမိတက် လမ်းတစ်ခုအား စတင်ရှာဖွေသင့်သည့် အချိန်ဖြစ်သည်။ ဒီကာလလေးမှာ အပျက်စီး အဆုံးရှုံးလေးများရှိတက်သောကြောင့် စိတ်အလိုလိုက် ကာပြု လုပ်မှုများရှောင်ရှားစေရန်လိူအပါသည်။

ဒီကာလေးမှာ မိန်းကလေးတစ်ဦးဦးကြောင့် ပျော်စရာ ကြည်နူးစရာအခိုက်တံ့လေးများ ကြုံကြိုက်အုံးမည်ဖြစ်သည်။ယခင်က ဆုံးရှုံးခဲ့ဖူးသော တစ်ချို့သော အရာလေးများပြန်လှည်စတင်လုပ်ဆောင်ရန် အချိန်ခါပေးလာအုံးမည်ဖြစ်ပြီး မိမိစိတ်ဓာတ်ကိုယ်အကောင်းဆုံးပြင်ဆင်မှုများပြုလုပ်ရန်လိုသည်။

ကျန်းမာရေးအနေ ​​ဖြင့် ချောင်းဆိုး ဖျားနာခြင်းနှင့် မကြာခနဆိုသလို ခေါင်းမူးတက်သောဝေဒ နာခံစားရတက်သည်။ မိမိတွင် ထွေ ထွေထူးထူးရောဂါမဖြစ်နိုင်သော်လည်း မိမိ၏နေအိမ်အတွင်းနေထိုင်မ ကောင်းဖြစ်နေသည့် သူများရှိပါက အထူးသတိထားပေးရန်လိုအပ်ပါသည်။မိမိ ကိုယ်တိုင်တစ်ချို့သောနေ့ရက်များတွင် စိတ်အတက်ကျမြန်နေသယောင်ယောင်ရှိနေအုံးမည်ဖြစ်သည်။

စီးပွားရေးအနေဖြင့် ​​ အရမ်းမရဲတင်းသေးသည်မှာအကောင်းဆုံးဖြစ်မည့်အချိန်ဖြစ်သည်။မိမိလုပ်ငန်းလေးများကိုယ်ပုံမှန်လုပ်ကိုင်ကာ နေထိုင်ခြင်းသည်သာပိုကောင်းမွန်စေပြီး လုပ်ငန်းတိုးချဲ့မှုများ ရင်းနှီးမှုများ မလုပ်သင့်သေးသည့်အချိန်ဖြစ်သည်။ ဝန်ထမ်းများအဖို့ အလုပ်ကိုင်များအပြောင်းရွေ့ပြုလုပ်ရွခင်းတို့ဖြစ်တက်သည်။

လုပ်ငန်းအတကျ ကြ ွမန်သောအချိနျတစ်ခုလို့ဆိုနိုင်ပြီး လုပ်ငန်းအတွင်း ကြိူးစားအားစိုက်ဆောင်ရွက်မှသာ အဆင်ပြေနိုင်မည့်အချိန်ဖြစ်သည်။ဒီကာလလေးထဲတွင်း လောင်းကစား နှင့် ကံတရားနှင့် ဆက်ဆက်ပြုလုပ်ရသောရင်းနှီးမှုများအားလုံးကိုယ်မပြုလုပ်သင့်ပါ အရှုံးပေါ်တက်ပါသည်။ စီးပှားရေး လုပ်ငန်းအတွင်းအမျိုးသမီးတစ်ဦး ၏ အကူညီလည်းရရှိအုံးမည်ဖြစ်သည်။
လုပ်ငန်းခှင်အတွင်း အတိုကျခိုက်လေးတစ်ချို့ လည်းရှိနေတက်သည်ကိုယ် သတိပြုပါ။

ငွေကြေး ကံလေး အနေ ဖွင့်ကတော့ ချွေ ချွေတာတာနေထိုင်ကာမှ တော်ယုံကမည့်ကာလဖြစ်သည်။ ​ငွေအနည်းငယ် စထွက်သည်နှင့် ဆက်တိုက်ထွက်စေရန်အကြောင်းတရားများပေါ်ပေါက် လာမည်ဖြစ်သည်။

အချစ်ရေးကံလေး အ​နေ ဖြင့်ကတော့ ချစ်သူ ရည်စား အိမ်ထောက်ဖက်ရှိသူများအနဖွေငျ့ ကတော့ အရာရာဆင်ခြေနေထိုင် သင့်သည့်အချိန်ဟုဆိုနိုင်ပြီး သေးငယ်သောပြသာနာလေးများမှ ကြီးမားသော ပွသာနာများဖြစ်ပေါ်နိုင်သည့် အတွက်စကားအပြောဆိုကအစ ဆင်ခြေပါ။

တစ်ချို့သောအချိနိများတွင် တစ်ယောက်ထဲနေထိုင်နေထိုင် ​ခြင်းက အကောင်းဆုံးဖြစ်သည် ။
အမျိူးသမီးများအဖို့ မိမိချစ်သူ အိမ်ထောင်ဖက်ကြောင့် စိတ်မအဆင်မပြေလေးမှုမျာ ကွုံရတက်သည် သို့သော် ထိုအရာများကိုယ်ယခု သိရှိပြီးသည်ဖြစ်ကာ တစ်ချို့သောအရာများအားရှောင်ရှားနေထိုင်စေရန် ပြင်ဆင်နိုင်ပါသည်။
မိမိ ချစ်သူ၏စိတ်ကိုယ်မိမိတိုင်နားလည်ရန် ခကိခဲနေသောအခ​ျိန်တစ်ခုလည်းဖြစ်သည်။

ချစ်သူ ရည်းစားမရှိသေးသူများအနေဖြင့်ကတော​့ အချစ်ရေးတွင် အချိန်ပေးရန်နည်းပါးနေကာ အချစ်ရေးတွင်းစန်းမပွင့်ဖြစ်နေသောပချိန်ဖြစ်သည် ထိုကြောင့် အချစ်ရေးကံလေးအားကောင်းစေဖို့ မိမိကိုယ်တိုင်အချစ်ရေးတွက်စိတ်နှစ်ကာအချိန်ပေးရန်လိုအပ်နေပါသည်။
crush ရှိသူများအနေဖြင့်ကတော့ ရှေ့တိုးမရဖြစ်နေသည့်အချိန်လေးသာဖြစ်သည်။

ယတြာအနေဖြင့်ကတော့ မိမိထက် ဆင်းရဲနွမ်းပါးသော ကလေးငယ်တစ်ချို့ကိုယ် အလျှူဒါနလေး တစ်ခုခုပြုလုပ်ပေးပါ ကံတရား၏အထောင့် ပံ့များစွာရရှိမည်။
ကံကောင်းစေသော အရာများမှာပေါ့ ဂဏန်းအားဖြင်​့ ၃ ဂဏန်း ၁ ဂဏန်းတို့ဖြစ်ပြီး အရောင်းအားဖြင့် အဖြူရောင် နှင်​့ အဝါရောင်တို့ဖြစ်သည်။

သောကြာ

၇) ရက်သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာ ယတြာ နဲ့ အကျိုးပေးဂဏာန်းများ – Moe  Tauk Kyal

သောကြာ သားသမီးများအနေဖြင်​့ ဒီကာလလေးအတွင်း သိသိသာသာ ဆိုသလို လူချစ်လူခင်ပေါ်ခြင်း မိတ်ဆွေ အပေါင်းသင်းများ၏ ချစ်ခင်ခြင်းကိုယ်ရရှိခြင်း နှင်​့ ချစ်ခြင်းတရားကံလေးကောင်းမွန်နေမည့်အချိန်ဖြစ်သည်။ ဒီကာလလေးမှာ မိတ်ဆွေ အသစ်များရရှိခြင်း မိတ်ဆွေကောင်းများတိုးပွားမည့်အချိန်ဖြစ်သည်။

ဒီချိန်လေးမှာ ရယူလိုချင်စိတိများ များပြားနေသည့်အချိန်လည်းဖြစ်သည် သို့သော်ထိုအရာများကြောင်​့ နောက်ဆက်တွဲဆိုးကျိူးများရှိနိုင်သောကြောင်​​့ ရယူလိုစိတ်များအားလျော့ချနေထိုင်သင့်ပါသည်။ မိမိ ၏အနီးဆုံးနေရာတွင် ရှိသောလူတစ်ချို့ကိုယ်သတိထားပါ ထိုသူများသည် ဒီကာလအတွင်းသင့်အား မကောင်းမှုများတွန်းပို့တက်သည်။

ကျန်းမာရေးအနေဖြင့် အစာမှားခြင်း နှင်​​့ အပျော်ပါးမှကသောရောဂါများ လိင်မှတစ်ဆင့်ကူးဆက်တက်သောရောဂါများဖြစ်ပေါ်တက်သည်။ အမျိုးသမီးများအနေဖြင့် သားအိမ်နှင့်ဆက်ဆက်​ေသာ​ဝေဒနာများဖြစ်ပေါ်တက်သည်။ အသောက်စား ရှိသူများအနေဖြင့် ဒီကာလေးမှာ အရက်သေစားများအား လျော့ချသောက်သုံးသင့်ပါသည်။

စီးပွားရေးအနေဖြင့် ပြုလုပ်သည့်အရာရွှေဖြစ်နေမည့် အချိန်တစ်ခုဖြစ်ကာ မိတ်ကောင်း ေဆွးကောင်းများနှင့် အကျိူးတူပြုလုပ်ခြင်းများ တွင်ပိုမိုအောင်မြင်အုံးမည့်အချိန်ဖြစ်သည်။ လုပ်ငန်းခွင်အတွင်းလည်း မိမိအားဖေးမကူညီ ​မည့်သူများပေါ်ပေါက်လာတက်သေးသည်။ ထိုသူများ၏ အကူညီကောင်းများကိူယ်လည်းလက်ခဲရယူပါ မိမိလုပ်ငန်းတက်လမ်းများပေါ်ပေါက်လာမည်ဖြစ်သည်။ သို​့ သော်အချစ်ရေးရာ ကိစ္စများကြောင်​​့ မိမိလုပ်ငန်းခွင်အတွင်းထိခိုက်မှုများရှိတက်သည်။ မည်သည့်အလုပ်ကိုယ်မဆို လောဘဖြင့်မပြုလုပ်သင်​့ ငွေကြေးဆုံးရှုံးမှုများရှိတက်သည်။ ဝန်ထမ်းများအဖို့ မိမိအလုပ်အပေါ် သစ္စာရှိပါ မကြာသောအချိန်တွင်း ရာထူးတက်ခြင်းများရရှိတက်သည်။

ငွေကြေးကံလေးအနေဖြင့် ပုံမှန်အသင့်တင့် ကောင်းမွန်နေသောအချိန်ဖြစ်ကာ ေငွကြေးပူပင်စရာမလိုအောင် အဆင်ပြေနေမည့်အချိန်ဖြစ်သည်။ မိတ်ဆွေ အပေါင်းသင်းများထံမှလည်း ငွေးကြေးလက်ဆောင်များရရှိတက်သည်။

အချစ်ရေးကံလေး အနေဖြင့်ကတော့ ချစ်သူ ရည်းစား အိမ်ဖောက်ရှိသူများအနေဖြင်​့ အချစ်ရေးရာလေးအဆင်ပြေနေမည့်အချိန်ဖြစ်သည် မိမိချစ်သူ၏ ချစ်ခင်ခြင်း ကြင်နာခြင်းတို​့ ပိုမိုရရှိတက်သည့်အချိန်ဖြစ်သည်။ သို့သော် အချစ်ရေးတွင် မိမိဘက်မှ အသစ်သစ်များကိုယ်လိုလားသောစိတ် ဝင်တက်သောကာလဖြစ်သဖြင်​့ အချစ်ရေးဖောက်ပြန်မှုများအား အထူးရှောင်ရှားပေးပါ။

အိမ်ထောက်ရှင်များအနေဖြင့် သားသမီး ရတနာများ မထင်မှတ်ထားပဲရရှိတက်သည့်အချိန်ဖြစ်သည်။ ချစ်သူစုံလေးများအဖို့ တားစီးမည့်သူတစ်ဦး ရောက်ရှိလာတက်သည် သို့သော်ထိုအရာများအား တူတူ​ေကျော်ဖြက်စေနိုင်ပါသည်။ အချစ်ရေးမှာ ကောင်းမွန်နေသောလည်း အချစ်ကြီးကာအမြတ်ကြီးဖြစ်တက်သော အချိန်ဖြစ်ဖြင်​​့ စိတ်ကစားခြင်းမ​ျားအထူးရှောင်ကြင်ပါ။

ချစ်သူ ရည်းစား မရှိသေးသူများအနေဖြင့်ကတော့ ဒီကာလေးအတွင်းမှာ ထူးထူးခြားရင်ခုန်စေမည့်သူတစ်ဦးရောက်ရှိလာမည်ဖြစ်သည်။ Crushရှိသူများအနေဖြင့်လည်း မိမိ မထင်စားသော တစ်ဖက်သူ၏ ချစ်ခြင်းမေတ္တာ များပြန်လှည်မြင်တွေ့ရမည့်ကာလဖြစ်သည်။

ယတြာအနေဖြင့်ကတော့ နှင်းဆီပန်း နီနီ နှစ်ပွင့်အား ပန်းအိုးတစ်အိုးထဲတွင် ထားရှိပါ။
ကံကောင်းစေသာ အရာများအနေဖြင့်ကတော့ ဂဏန်းအားဖြင့် ၆ ဂဏန်း ၈ ဂဏန်းတို့ဖြစ်ပြီး အရောင်အားဖြင့် အစိမ်ရောင် နီညိုရောင်တို့ဖြစ်သည်။

စနေ

၇) ရက်သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာ ယတြာ နဲ့ အကျိုးပေးဂဏာန်းများ – Moe  Tauk Kyal

စနေ သားသမီးများအနေဖြင့် ဒီကာလလေးမှာတော့ တွေဝေစရာလေးတွေ စဥ်းစားဆုံးဖြက်စရာ​လေးများရှိနေတက်ပြီး မိမိ၏ အတွေ့ကြုံကောင်းများဖြစ်စေမည့် အရာများနှင့်ရင်ဆိူင်ရအုံးမည်ဖြစ်သည်။ မိမိဘေးနားမှ သူများသည် မိမိအပေါ်ကောင်းသောများထက် မိမိအပေါ်မနာလိုသူ များပိုမိူများပြားနေတက်သဖြင်​့ လူတိုင်းကိုယ်မယုံကြည်သင်​​့ ထိုသူများသည် မိမိ မိသားစုအတွင်းတွင်မူရှိတက်သည်ဖြစ်သည်။

သို့သော် ထိုလူများအား ဂရုပြုရန်မလို မိမိအမြင့်ဆုံးပြန်သန်းနိုင်လေ ထိုသူများနှင့်အဝေးကိူယ်ရောက်ရှိလေသာဖြစ်သည်။ယခု အပတ်တွင်း မထင်ထားသောသူတစ်ဦးထံမှာ ပျော်ရွင်စရာလေးများရရှိတက်ပါသည်။ ဒီကာလအတွင်း သတိပြုရမည့်အရာမှာ မိတ်ဆွေ ဟောင်းများထဲမှ မိမိအအကြံတစ်ခူဖြင့် ချည်းကပ်လာမည့်သူရှိနေတက်သည် ထိုသူမ​ျားနှင့်ခပ်ဝေးဝေးနေစေပါ။

ကျန်းမာရေးအနေဖြင့် မျက်စိကိုက်ခဲခြင်း ခေါင်းကိူက်ခြင်းနှင့် အာရုံကြောနှင့်ပတ်သတ်သော ရောဂါများ ခံစားရတက်သည်။နှခေါင်းသွေးလျှ့ံတက်သော သူများများအနေဖြင့် ကလည်းနှခေါင်းသွေးလျှံခြင်းများပြန်လှည်ဖြစ်ပေါ်တက်သညသည်။ အဆိပ်ရှိ​​ေသာတိရိစ္ဆာန်တစ်ကောင်ကောင်း၏ ကိုက်ခဲမှုသည်လည်းခံရတက်သည်
ယခုကာလအတွင်း စိတ်ပျော်ရွင်စွာနေထိုင်ခြင်းသည် ကျန်းမာရေးအတွက်အကောင်းဆုံးဆေးတစ်ခွပ်ဖြစ်နေသည်။

စီးပွားရေးအနေဖြင့်ကတော့ ရင်းနှီးမှုလုပ်ငန်းများတွင် အရှုံးပေါ်နိုင်သည်များဖြစ်သောကြောင်​့ ရင်းနှီးမှုလုပ်ငန်းများမပြုလုပ်သင့်သေး လုပ်ငန်းခွင်အတွင်း စကားအခြေတင်ပြောစရာ ကိစ္စလေးများရှိနေပြီး ထိုအခါများတွင် စကားကိုယ်ဖြေးညှင်းစွာပြောဆိုပါ မိမိပြောစကားများသည် ထိရောက်နေပါလိမ့်မည်။ လုပ်ငန်းလေးသည် မိမိထင်သလောက် အဆင်မပြေဖြစ်နေသောအချိန်လေးဖြစ်သည် သို့သော် ထိုအလုပ်များကိုယ်သာရှေ့ဆက်လုပ်ပါ ။

ဒီကာလလေမှာ အလုပ်ကိုင်နှင့်ပတ်သတ်ပြီး ပြောင်းရွှေ့ရန်စဥ်းစားစရာလေးများဖြစ်လာတက်ပြီး ထိုအခါများတွင် လက်ရှိအလုပ်သည်သာအကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

ငွေးကြေးကံလေးအနေဖြင်​့ မလိုအပ်ပဲ ငွေအထွက်လေးတွေများနေတက်ပြီး လက်ထဲတွင်ငွေပိုငွေလျှံရှိရန်ခက်ခဲနေသော အချိန်ဖြစ်သည်။
မိမိ ၏လက်ဖွာမှုအားအခွင့်ရေးယူနေသောသူများသည်လည်းရှိသဖြင့် ငွေကြေးအားသုံးစွဲမှုများတွင် လိုအပ်သည့်နေရာနှင်မလိုအပ်သည့်နေရာခွဲခြားသိရှိစေပါ။

အချစ်ရေးကံလေးအနေဖြင့် ချစ်သူ ရည်းစား အိမ်ထောင်ဖက် ရှိသူများအနေဖြင့် မိမိ ချစ်သူအပေါ်မိမိ စိတ်အလိုမကျမှုလေးများရှိနေမည့်အချိန်ဖြစ်သည်။ မိမိ ချစ်သူအပေါ်လည်း တစ်ချို့သော သံသယလေးများရှိနေတက်ကာ ချစ်သူရည်းစားများအဖို့ ရွေးချယ်စရာလေးများ ရှိအုံးမည့်အချိန်ဖြစ်သည်။

မိမိ ချစ်၏ အဆက်ဟောင်းများဆိုသူများလည်း ပေါ်ပေါက်လာတက်သည်။ အချစ်ရေးတွင် မိမိဖက်မှ မလွတ်ပဲမှတည်မြဲမဲ့အချစ်ရေးများအတွက်ဆိုရင် ဒိကာလေးမှာ လက်လွှတ်လိုက်ပါ မကြာသောအချိန်အတွင်း မိမိအပေါ်အလွန်ကောင်းသောသူတစ်ယောက်ရောက်ရှိလာပါအုံးမည်။

ချစ်သူ ရည်းစား မရှိသေးသူများအနေဖြင့်ကတော​့ အရင်ကဇတ်လမ်းမ​ျားအား သင်ကိူယ်တိုင်မေ့လျော့နိုင်သည့်အချိန်တစ်မှသာအချစ်သစ်ထားစေလိုပါသည် သို့မဟူတ်ပါက ရရှိလာမည့်အချစ်ရေးသည်မတည်မြဲဖြစ်တက်သည်။
Crushရှိသူများအနေဖြင့်ကတော့ ရွေးချယ်မှုများပြုလုပ်ခံရမည့်အချိန်ဖြစ်သည်။

ယတြာအနေဖြင့်ကတော့ ကြေးခွပ် တစ်ခွပ်အတွင်းသို့ ဒဂ်ါးပြားတစ်စေ့ထည်ကာ မြင့်မားသန့်စင်သောနေကာတစ်နေရာတွင်ထားရှိပါ အညံ့မှန်သမျှပပျောက်နိုင်မည်။
ကံကောင်းစေသည်​့ အရာများကတော​​့ ဂဏန်းအားဖြင့် ၈ ဂဏန်း ၁ ဂဏန်းတို့ဖြစ်သည်။

ရေးသားသူ – ဆရာနှင်းခိုင်(ခါတော်မှီဗေဒင်ရပ်ဝန်း) တားရော့ဗေဒင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး