“မကောင်းတဲ့ လက္ခဏာ လမ်းကြောင်းဖျက်နည်း”

Astrology
“မကောင်းတဲ့ လက္ခဏာ လမ်းကြောင်းဖျက်နည်း”

တစ်ချို့တချို့သော မိတ်ဆွေများနဲ့(၇)ရက်သားသမီးများက လက်ဝါးပြင်ပေါ်က
လက္ခဏာနဲ့ပတ်သတ်ပြီးတော့ မေးမြန်းထားတာတွေများစွာရှိပါတယ် ။ လက္ခဏာမှာပါတဲ့ တချို့သော လက္ခဏာလမ်းကြောင်းတွေက အမျိုးမျိုး ရှိတယ်။ကောင်းတာတွေရောမကောင်းတာတွေရော မျိုးစုံ စွယ်စုံပါပဲ……။

အောင်မြင်ရေးလမ်းကြောင်း ကောင်းတာတွေ၊အိမ်ထောင်ရေးလမ်းကြောင်း ကောင်းတာတွေ၊ကျန်းမာရေးလမ်းကြောင်း ကောင်းတာတွေ
ပညာရေးလမ်းကြောင်း ကောင်းတာတွေ၊နှလုံးသားလမ်းကြောင်း ကောင်းတာတွေ၊ “စ”တဲ့ကံကောင်းစေတဲ့ လမ်းကြောင်းပါတဲ့ သူတွေနဲ့…။

လူတချို့ကျတော့… ကံကောင်းစေတဲ့ လမ်းကြောင်းထက်ကံဆိုးစေတဲ့ လမ်းကြောင်းတွေလည်း ပါတတ်ပါတယ်။

ဥပမာ ထောင်ကျမယ့် လမ်းကြောင်း
အိမ်ထောင်ကွဲစေမယ့် လမ်းကြောင်း
ကံဆိုးမိုးမှောင် ကျစေမယ့်လမ်းကြောင်း
အချစ်ရေးကံ မကောင်းစေတဲ့လမ်းကြောင်း
အသက်တိုစေမယ့် လမ်းကြောင်းတွေ စသည်ဖြင့်ပါဝင်စေတဲ့ လက္ခဏာလမ်းကြောင်းတွေကျ ကံမကောင်း ဖြစ်စေတယ် ။

တစ်ချို့ကျ…လက္ခဏာ ဆရာဆရာမတွေဆီမှာသွားမေးရင်းနဲ့ ဒီလမ်းကြောင်းကကံမကောင်းဘူး ဒါကျတော့ကံဆိုးစေမယ်။ဒါကျတောဘယ်လို ညံ့တာ စသည်ဖြင့်
လက္ခဏာဆရာဆရာမတွေက လက္ခဏာ လမ်းကြောင်းတွေပြောပြလို့ ငါ့ ဒီလမ်းကြောင်းကဘယ်လို မကောင်းတာ ဒီလက္ခဏာလမ်းကြောင်းကဘယ်လို စသည်ဖြင့် ဒိလိုမျိုးတွေပါလာရင် ကိုယ်ကစ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပါဘူး။
(ဒါပေမဲ့ စိတ်ညစ်စရာမလိုပါဘူးဗျာ)

ဒီလိုမျိုးတွေဆိုအခုပြောပြမယ့် နည်းကို သိထားခဲ့ရင် ပူနေစရာ လုံးဝမလိုပါ။မည်သို့ပင် မိမိ လက်ဝါးပေါ်မှာကံဆိုးစေမယ့် လက္ခဏာ ပါလာ ပါလာ ဦးစွာပထမ မိမိလက်ဝါး ခရုပတ်ဗွေ ပါတဲ့လက်ချောင်းလေးကိုရှာပါ အကယ်၍မပါခဲ့ရင်ပါတဲ့ သူကို အကူညီ တောင်းပါ ။ခရုပတ်ဗွေ ပါတဲ့ လက်လေးနဲ့အောက်ပါ ဂါထာကို ရွတ်ဆို၍ကံမကောင်းစေတဲ့ လက္ခဏာ လမ်းကြောင်းကလေးတွေကို ခရုပတ်ဗွေပါတဲ့လက်နဲ့ ပွတ်ပေးပြီး ကံ အညံ့တွေကိုပယ်ဖျက်ပစ်ပါ ။

ဒါက ကံမကောင်းစေတဲ့ လမ်းကြောင်းကံဆိုးစေတဲ့ လက္ခဏာ လမ်းကြောင်းတွေကို
ပယ်ဖျက်နိင်တဲ့ ဂမ္ဘီရ သဘောတွေပဲဖြစ်ပါတယ်။ကံအဆိုးတွေ ပ ပျောက်ပြီးကံကောင်းခြင်းတွေနဲ့ပဲ ..ပြီးပြည့်စုံပါလိမ့်မည်ဖြစ်သည်။

ရွတ်ဆိုရမှာကတော့အနည်ဆုံး ၁၈ ခေါက်ကနေ
၄၅ ခေါက် ရွတ်ပြီးဖျက်လို့ရပါတယ်။
” ဥုံ ဖုဠဿလောက ဓမ္မေဟိ
စိတ်တံ ယဿ နကမ်ပတိ
အသောကံ ဝိရဇံ ဥုံ ခေမံ ။ ”

credit to sayar win maw aung

ရေးသားသူ –ဇာဇာဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။