ကြွေးသွားတောင်းယတြာ

Astrology
ကြွေးသွားတောင်းယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြွေးသွားတောင်းယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကြွေးသွားတောင်းယတြာ

အကြွေးသွားတောင်းတဲ့အခါကြွေးရှင်ကိုကြွေးယူသူက ပေးချင်တဲ့စိတ်လေးရှိနေရင်တော့ပိုကောင်းတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့စဉ်းစားရမှာက ယူတဲ့သူကငွေရှိမှပေးနိုင်မှာလေ ဒါကြောင့်ကျွန်တော်က ၇ ရက်သားသမီးတွေငွေဝင်အောင်အမျိုးမျိုးတွေလျှောက်စဉ်းစားနေတာအလုပ်တွေသူတို့အဆင်ပြေအောင်အဓိဌန်တွေဝင်ပေးအပင်ပန်းတွေခံလိုက်လုပ်နေရတာ ဒါမှသူတို့ပြန်ဆပ်နိုင်မှာလေ
ကဲစလိုက်ရအောင် ကြွေးသွားတောင်းယတြာလေးကြွေးယူတဲ့သူကိုယ့်မျက်နှာမြင်တာနဲ့မရှိရှိတာလေးထုတ်ပေးချင်အောင် ကိုယ့်ကိုယ်လည်းပြန်အော်ပြီးမပြောအောင်
အာစေးလေးနဲ့ ဘယ်လိုလည်း အဆင်ပြေတယ်မဟုတ်လား

တနင်္ဂနွေသားသမီးထံမှအကြွေးတောင်းလိုသော်

ဗုဒ္ဓဟူးနေ့မနက် ၆ နာရီမှ ၇ နာရီခွဲတွင်း
စိန်ပန်း ၅ ညွန့်ကံကော်၁၅ ညွန့်ကိုနေအိမ်ဘုရားမှာလှူ
ရွက်လှလက်တဆစ်ကိုဆောင်ပြီးသွားတောင်း

တနင်္လာသားသမီးထံမှအကြွေးသွားတောင်းလိုသော်

ကြာသပတေးနေ့မနက် ၆ နာရီမှ ၇ နာရီခွဲတွင်း
လောက်သေ ၁၀ ညွန့် ဇီး၈ ညွန့် ကိုနေအိမ်ရှိဘုရားမှာလှူ ပါ
ပျဉ်းမ လက်တဆစ်ကို ဆောင်ပြီးသွားတောင်း

အင်္ဂါသားသမီးထံမှအကြွေးသွားတောင်းလိုသော်

ကြာသပတေးနေ့မနက် ၆ နာရီမှ ၇ နာရီတွင်း
ပိတောက် ၁၂ ညွန့် ရွက်လှ ၄ ညွန့်ကို
နေအိမ်ရှိဘုရားမှာလှူ ပါ
သီဟိုလက်တဆစ်ကိုဆောင်ပြီးသွားတောင်း

ဗုဒ္ဓဟူးသားသမီးထံမှ အကြွေးသွားတောင်းလိုသော်

သောကြာနေ့မနက် ၆ နာရီမှ ၇ နာရီခွဲတွင်းပြု လုပ်ရန်
သဲအိုးတစ်အိုးမှာအုန်း ၆ ညွန့်ကိုထည့်ပါ
ပျဉ်းမ၅ ညွန့်ကိုပန်းအိုးတအိုးနဲ့သတ်သတ်လှူ
ထန်းလက်တဆစ်ကိုဆောင်သွား

ကြာသပတေးသားသမီးထံမှအကြွေးတောင်းလိုသော်

တနင်္ဂနွေနေ့နံနက်၆ နာရီခွဲမှ ၇ နာရီခွဲတွင်းပြုလုပ်ရန်
ဒါန်းကြီး ၉ ညွန့် သီဟို ၆ ညွန့်ကိုနေအိမ်ရှိဘုရားမှာလှူ
အုန်းသားလက်တဆစ်ကိုဆောင်ပြီးသွားတောင်း

သောကြာသားသမီးထံမှအကြွေးသွားတောင်းလိုသော်

တနင်္ဂနွေမနက် ၆ နာရီမှ ၇ နာရီခွဲတွင်းပြုလုပ်ရန်
သြဇာ ၄ ညွန့် ထန်း ၁၀ ညွန့် ကိုနေအိမ်ရှိဘုရားမှာလှူ ပါ
ကံကော်သားလက်တဆစ်ကိုဆောင်ပြီးသွားတောင်း

စနေသားသမီးများထံမှ အကြွေးသွားတောင်းလိုသော်

တနင်္လာနေ့ မနက် ၆ နာရီမှ ၇ နာရီခွဲတွင်းပြုလုပ်ရန်
ခရေ ၆ ညွန့် အုန်း ၆ ညွန့်ကိုနေအိမ်ရှိဘုရားတွင်လှူ ပါ
ဇီးသားလက်တဆစ်ကိုဆောင်ပြီးသွားတောင်းပါလေ

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။