(၂၃)ပေရှိ စပါးအုံးမြွေကြီးနဲ့ သူနိုင်ကိုယ်နိုင် အပြိုင်ကျဲခဲ့ရတဲ့ ခြံစောင့်ဝန်ထမ်း

International News

(၂၃)ပေရှိ စပါးအုံးမြွေကြီးနဲ့ သူနိုင်ကိုယ်နိုင် အပြိုင်ကျဲခဲ့ရတဲ့ ခြံစောင့်ဝန်ထမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ (၂၃)ပေရှိ စပါးအုံးမြွေကြီးနဲ့ သူနိုင်ကိုယ်နိုင် အပြိုင်ကျဲခဲ့ရတဲ့ ခြံစောင့်ဝန်ထမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


အသက် 37 နှစ်အရွယ် ခြံစောင့်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ Robert Nababan ဟာ Riau စီရင်စု၊ Indragiri Hulu Regency နယ်မှာ အလုပ်ကနေ အိမ်ကို ပြန်လာစဉ် အရှည် 23 ပေ ရှိတဲ့ ဧရာမ စပါးအုံးမြွေကြီးနဲ့ ပက်ပင်းတိုးခဲ့ရပါတယ်။ ယင်းနယ်မြေဟာ သစ်တောထူထပ်ရာ နယ်မြေဖြစ်လို့ သားကောင်ကြီးတွေရန်ကို ကြောက်ရပါတယ်။

Mirror ရဲ့ အဆိုအရ Robert ဟာ အိမ်ကို မော်တော်ဆိုင်ကယ်နဲ့ ပြန်လာစဉ်မှာ လမ်းမအလယ်ကို ကန့်လန့်ပိတ်ထားတဲ့ မြွေကြီးနဲ့ တိုးမိတာလို့ ဆိုပါတယ်။ အခြားဒေသခံ ရွာသားနှစ်ဦးလည်း မြွေကြောင့် ရှေ့ဆက်လို့ မရခဲ့ဘူးလို့ ဆိုပါတယ်။ ယင်းနောက်မှာတော့ Robert က မြွေကို ကိုင်ဖို့ ကြိုးစားခဲ့တာပါ။

ဒါပေမယ့် မြွေက လက်မောင်းကို ပြန်ကိုက်ခဲ့ပြီး၊ ၎င်းရဲ့ သန်မာလှတဲ့ ခန္ဓာကိုယ်ကြီးနဲ့ ရစ်ပတ်ကာ Robert ကို မျိုဖို့ကြိုးစားခဲ့ကြောင်း၊ ဒီလိုနဲ့ သူလည်း မြွေကြီးနဲ့ သူနိုင်ကိုယ်နိုင် တိုက်ပွဲဝင်ခဲ့ရတာ ဖြစ်ကြောင်း မီဒီယာတွေကို ရှင်းပြပါတယ်။ သူဟာ ဆေးရုံမှာ အရေးပေါ် ကုသမှု ခံယူနေရပါတယ်။

Robert က သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ” ကျနော်က သူ့ကို ကိုင်ဖို့ ကြိုးစားတယ် .. ပြီးတော့ ကျနော့်ကို ကိုက်တယ် … အဲဒီနောက် နပန်းလုံးရတော့တာပဲ “လို့ ဆေးရုံခုတင်ထက်မှာ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။ သူ့ရဲ့ လက်မောင်းနဲ့ လက်ဖဝါး မြွေကိုက်တဲ့ဒဏ်ရာဟာ အလွန်နက်ရိုင်းကြောင်း သိရပါတယ်။

ဒါ့အပြင် ဒေသခံသတင်းစာတွေရဲ့ ဖော်ပြချက်အရ သူဟာ အလွန်ခြေကုန်လက်ပန်းကျနေကြောင်း သိရပါတယ်။ မြွေကြီးကို တိုင်းထွာကြည့်တဲ့အခါ 23 ပေ အရှည်ရှိပါတယ်။ ဂင်းနစ်မှတ်တမ်းဝင်ထားတဲ့ ကမ္ဘာအရှည်ဆုံး စပါးအုံးမြွေဟာ 25.2 ပေဖြစ်ကြောင်း သိရပါတယ်

ရေးသားသူ – Shwe Khit Thit News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။