မင်းအောင်လှိုင် နှင့် စစ်ခေါင်းဆောင်များက လေကြောင်းတိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့်ခိုင်းနေပြီး စစ်ဆင်ရေး နေ့စဉ် အစည်းအဝေးများ ခေါ်ယူ ထိုးစစ်ဆင်

Local News

မင်းအောင်လှိုင် နှင့် စစ်ခေါင်းဆောင်များက လေကြောင်းတိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့်ခိုင်းနေပြီး စစ်ဆင်ရေး နေ့စဉ် အစည်းအဝေးများ ခေါ်ယူ ထိုးစစ်ဆင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းအောင်လှိုင် နှင့် စစ်ခေါင်းဆောင်များက လေကြောင်းတိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့်ခိုင်းနေပြီး စစ်ဆင်ရေး နေ့စဉ် အစည်းအဝေးများ ခေါ်ယူ ထိုးစစ်ဆင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ ဇန်နဝါရီ ၁၂

အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များက ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ပြီး စစ်တပ်ကို ဆန့်ကျင်နေသည့် တိုင်း ရင်းသား lat nat ကိုင်များ၊ PDF နေရာများအားလုံးကို လေကြောင်းတိုက် ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ကာ စစ်ဆင်ရေး များအတွက် နေ့စဉ် အစည်းအဝေးများ ခေါ်ယူပြီး ထိုး စစ်ဆင်တိုက်ခိုက်ခိုင်းနေကြောင်း သိရှိရသည်။

“တံတားဦး၊ အေလာ၊ မှော်ဘီ အမြဲ ပိုင်းလော့တွေ အဆင်သင့် ပြင်ခိုင်းတယ်။ အဓိက သုံးနေတာက Yak -130 နဲ့ SU-30 တွေ။ MIG တောင် အသုံးနည်းတယ်။ တံတားဦးလေတပ် ဌာနချုပ်မှူး၊ အုပ်မှူး ၂ ဦး၊ စက်လက်ဌာနမှူးတို့ နေပြည်တော် အရေးပေါ်အစည်း အဝေးမှာ သွားတက်နေရတယ်။ စစ် ဆင်ရေးတွေအတွက် နေ့စဉ် အစည်းအဝေးတွေ လုပ်ပြီး ချနေတာ” ဟု လေတပ် သတင်းရင်းမြင်္စထံမှ သိရှိရသည်။

တိုက်လေယာဉ်မှူးများကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် သတင်းပေါက်ကြားမည်ကိုစိုးရိမ်၍ လေယာဉ်ပေါ်တက်ပြီးမှသာ ပျံသန်းရမည့် နေရာနှင့် ပစ်ခတ်ရမည့် ပစ်မှတ်ကို ပေးပို့ ညွှန်ကြားကြောင်း၊ ကြိုတင် အသိပေးခြင်းမရှိကြောင်း သိရှိရသည်။

“လေယာဉ် ဟန်ကာရောက်မှ ဘယ်ကို သွားပြီး ဗုံးကျဲရမယ်။ ဘယ်ကို ပစ်ရမယ်ဆိုတာ ပြောတာ။ ကြို တင် အသိမပေးတော့ဘူး။ အခုနောက်ပိုင်း ကြည်းတပ်က thayဆုံးတာတွေ ဒဏ်ရာရတာတွေ အရမ်းများတော့ ရှေ့လျှောက်မှာ လေတပ်နဲ့ အဓိက ထိုးစစ်ဆင်မယ်။ ပြီးမှ ကြည်းတပ်က နောက်ကနေ lat nat ကြီးတွေ ပစ်ပြီး နယ်မြေသိမ်းမယ်။ အဲဒါ သူတို့ ပြောင်းသွားတဲ့ဗျူဟာပဲ။ ပိုပြီး သတိထားကြဖို့ လိုပါတယ်” ဟု စစ်တပ်ဖရဲသီးသတင်းရင်းမြစ်က ပြောသည်။

ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပလိုသဖြင့် မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်ပိုင်းက စစ်တပ်ကို ဆန့်ကျင်နေသော lat nat ကိုင်များ အင်အားချိနဲ့ပြီး ဆွေးနွေးပွဲ စကား၀ိုင်းဆီ ပြန်လည်ရောက်ရှိလာရေးအတွက် အင်အားအဆမတန်တိုးမြှင့် ဖိအားပေး တိုက်ခိုက်နေကြောင်း၊ တိုက်ခိုက်နေစဉ်မှာပင် တစ် ဖက်တွင်လည်း ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ထားသည်ကြေညာပြီး ဆန့်ကျင်နေသည့် အဖွဲ့များ အညံ့ခံလာရန် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု စစ်တပ်သတင်းရင်းမြစ်များက ပြောသည်။

“အမြစ်ဖြတ် မတိုက်နိုင်တာလည်း သိတယ်။ အခုက NCA စကား၀ိုင်းကို ပြန်ရောက်လာအောင် အင် အား သုံးတာ။ ရွေးကောက်ပွဲကိုလည်းလက်ခံအောင် အရက်စက်ဆုံး နောက်ဆုံးနည်းထုတ်သုံးတာ” ဟု စစ်တပ်ဖရဲသီးသတင်းရင်းမြစ်က ပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။