All-Star XI အသင်းနဲ့ PSG အသင်းတို့ရဲ့ ခြေစမ်းပွဲမှာ PSG အသင်းက (၅-၄)ဂိုးနဲ့ အနိုင်ရ

Sports

All-Star XI အသင်းနဲ့ PSG အသင်းတို့ရဲ့ ခြေစမ်းပွဲမှာ PSG အသင်းက (၅-၄)ဂိုးနဲ့ အနိုင်ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ All-Star XI အသင်းနဲ့ PSG အသင်းတို့ရဲ့ ခြေစမ်းပွဲမှာ PSG အသင်းက (၅-၄)ဂိုးနဲ့ အနိုင်ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီယာ့ဒ် All-Star XI အသင်းနဲ့ ပြင်သစ်ကလပ် PSG အသင်းတို့ရဲ့ ခြေစမ်းပွဲမှာ PSG အသင်းက (၅-၄)ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲမှာ ရီယာ့ဒ်အသင်းခေါင်းဆောင် ရော်နယ်ဒိုရော PSG အသင်းသား မက်ဆီနဲ့ အမ်ဘာပေတို့ပါ ဂိုးသွင်းနိုင်ခဲ့ပြီး ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုတော့ နှစ်ဂိုးသွင်းယူခဲ့တဲ့ ရော်နယ်လ်ဒိုက ရရှိသွားပါတယ်။

အသက်၃၇နှစ်ရှိပြီဖြစ်ပေမဲ့ စွမ်းဆောင်ရည်ကျမသွားကြောင်းအခု PSGအသင်းလိုဒိတ်ဒီတ်ကြဲအသင်းနဲ့ပြိုင်ရတဲ့ခြေစမ်းပွဲမှာ ၂ဂိုးအထိသွင်းယူပြီး ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုထိုက်ထိုက်တန်တန်ရရှီခဲ့တာဖြစ်ပါတယ်

ပရိသတ်တွေကလည်း ဘောလုံးလောကရဲ့GOAT(Greatest of all time)၂ယောက်ပြန်လည်တွေ့ဆုံတဲ့ပွဲဖြစ်တာနဲ့အညီ ကွင်းလုံးပြည့်လာရောက်အားပေးခဲ့တာကိုတွေ့ရပါတယ်

ရေးသားသူ – DVB TV News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။