တေးသီချင်းမူပိုင်ခွင့်တွေကို ဒေါ်လာသန်း ၂၀၀ နဲ့ ရောင်းချခဲ့တဲ့ ဂျက်စတင်ဘီဘာ

Celebrity International News

တေးသီချင်းမူပိုင်ခွင့်တွေကို ဒေါ်လာသန်း ၂၀၀ နဲ့ ရောင်းချခဲ့တဲ့ ဂျက်စတင်ဘီဘာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တေးသီချင်းမူပိုင်ခွင့်တွေကို ဒေါ်လာသန်း ၂၀၀ နဲ့ ရောင်းချခဲ့တဲ့ ဂျက်စတင်ဘီဘာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပေါ့ကြယ်ပွင့် ဂျက်စတင်ဘီဘာက သူ့ရဲ့သီချင်းတွေအတွက် မူပိုင်ခွင့်ကို Hipgnosis Songs Capital ကုမ္ပဏီထံ ဒေါ်လာသန်း ၂၀၀ နဲ့ ရောင်းချခဲ့ပါတယ်။ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ဘီလျံရှိတဲ့ Hipgnosis Songs Capital ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ဂျက်စတင်ဘီဘာရဲ့ အအောင်မြင်ဆုံး သီချင်းတွေဖြစ်တဲ့ Baby ၊ Sorry သီချင်းတွေအပါအဝင် သီချင်းအပုဒ်ရေ ၂၉၀ ရဲ့ မူပိုင်ခွင့်ကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ပါပြီ။

ဒီစာချုပ်အရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မတိုင်ခင် ထွက်ရှိခဲ့တဲ့ ဂျက်စတင်ဘီဘာရဲ့သီချင်းတွေအတွက် (ဂျက်စတင်ဘီဘာရဲ့ မူပိုင်ခွင့်ရှယ်ယာကို) HipgnoSongs Capital ကုမ္ပဏီက လွှဲပြောင်းရရှိမှာဖြစ်ပြီး ဒီသီချင်းတစ်ပုဒ် ထုတ်လွှင့်တိုင်း ဝင်ငွေ ရရှိနေမှာပါ။

ဂျက်စတင်တင်းဘာလိတ်၊ ရှာကီရာ အစရှိတဲ့ အဆိုတော်တွေကလည်း သူတို့ရဲ့ တေးသီချင်း မူပိုင်ခွင့်ရှယ်ယာတွေကို Hipgnosis ကုမ္ပဏီထံ ရောင်းချခဲ့ပါသေးတယ်။ အဲဒီလို မူပိုင်ခွင့်ရောင်းချရာမှာ အသက်အရွယ်ရနေတဲ့ အနုပညာရှင်တွေ အများစု ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ဘော့ဒိုင်လန်၊ ဘရုစ်စပရင်းစတင်းတို့ကလည်း သူတို့ရဲ့တေးသီချင်းမူပိုင်ခွင့်တွေကို Sony ကုမ္ပဏီထံ ရောင်းချခဲ့ပါတယ်။ စပရင်းစတင်းကတော့ အဲဒီရောင်းချမှုကနေ ဒေါ်လာသန်း ၅၀၀ အထိ ရရှိခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး