အပျက်အစီးတွေအောက်မှာ အသက်မဲ့နေတဲ့ သမီးဖြစ်သူရဲ့လက်ကို ကိုင်ထားတဲ့ ဖခင်တစ်ဦးရဲ့ကြေကွယ်ဖွယ်ရာပုံရိပ်

International News Local News
အပျက်အစီးတွေအောက်မှာ အသက်မဲ့နေတဲ့ သမီးဖြစ်သူရဲ့လက်ကို ကိုင်ထားတဲ့ ဖခင်တစ်ဦးရဲ့ကြေကွယ်ဖွယ်ရာပုံရိပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အပျက်အစီးတွေအောက်မှာ အသက်မဲ့နေတဲ့ သမီးဖြစ်သူရဲ့လက်ကို ကိုင်ထားတဲ့ ဖခင်တစ်ဦးရဲ့ကြေကွယ်ဖွယ်ရာပုံရိပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အပျက်အစီးတွေအောက်မှာ အသက်မဲ့နေတဲ့ သမီးဖြစ်သူရဲ့လက်ကို ကိုင်ထားတဲ့ ဖခင်တစ်ဦးရဲ့ကြေကွယ်ဖွယ်ရာပုံရိပ်

တူရကီနိုင်ငံမှာ ငလျင်ဒဏ်ခံခဲ့ရတဲ့ မြို့တစ်မြို့ကနေ ကြေကွဲဝမ်းနည်းဖွယ်ရာ ပုံတစ်ပုံမှာ ဝမ်းနည်းပူဆွေးနေတဲ့ ဖခင်တစ်ဦးက ပြိုကျပျက်စီးနေတဲ့ တိုက်ခန်းတစ်ခန်းရဲ့အပျက်အစီးတွေအောက်မှာ အသက်မဲ့စွာ လဲလျောင်းနေတဲ့ သမီးဖြစ်သူရဲ့လက်ကို ကိုင်ထားတာကို မြင်တွေ့ရပါတယ်။
တူရကီနိုင်ငံတောင်ပိုင်းနဲ့ ဆီးရီးယားအနောက်မြောက်ပိုင်းတွေမှာ တနင်္လာနေ့က ငလျင် (၂) ခု လှုပ်ခတ်ခဲ့ပြီး အင်္ဂါနေ့မှာ ပြင်းအားရစ်ချ်တာစကေး ၅.၇ ရှိတဲ့ တတိယမြောက်ငလျင် လှုပ်ခတ်ခဲ့ပြီးတဲ့နောက်မှာ အခုလိုကြေကွဲဖွယ်ရာပုံတစ်ပုံ ထွက်ပေါ်လာခဲ့တာပါ။

ဒီပုံဟာ ငလျင်ဗဟိုချက်အနီး ကာဟာမန်မာရတ်စ်မြို့က ပုံဖြစ်ပါတယ်။ အဖေဖြစ်သူ မီဆွတ် ဟန်ဆာက သူ့ရဲ့အသက် ၁၅ နှစ်အရွယ် သမီးလေးရဲ့လက်ကို ကိုင်ထားနေတာပါ။ သူ့သမီးလေးဟာ အပျက်အစီးတွေအောက်က ကုတင်ပေါ်မှာ အသက်မဲ့စွာ လဲလျောင်းနေပြီး အလောင်းကို ထုတ်ယူလို့မရနိုင်သေးတာပါ။

အခုဆို တူရကီ-ဆီးရီးယားငလျင်လှုပ်ခတ်မှုအတွင်း thayဆုံးသူ ၁၁၀၀၀ ကျော်ရှိနေပါပြီ။ ရာနဲ့ချီတဲ့ အဆောက်အအုံတွေလည်း ပြိုကျပျက်စီးသွားခဲ့ပါတယ်။ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့ လူတွေလည်း ရှိနေပြီး ထိခိုက်ဒဏ်ရာရတာ၊ အအေးမိတာ၊ ငတ်မွတ်တာတွေအပြင် thayဆုံးရနိုင်ခြေများပါတယ်။ ငလျင်ကြောင့် thayဆုံးသူဦးရေ ၂၀၀၀၀ ထိရှိလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်

တူရကီငလျင်က ရာစုနှစ်အတွင်း thayဆုံးသူအများဆုံး ငလျင်စာရင်းဝင်

တူရကီ – ဆီးရီးယားနယ်စပ်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် thayဆုံးသူ ၁၁၀၀၀ ကျော် ရှိလာခဲ့ပြီး လူသောင်းချီ ဒဏ်ရာရခဲ့ပါတယ်။ တူရကီ၊ ဆီးရီးယားနှစ်နိုင်ငံမှာ အဆောက်အအုံထောင်ချီ (တူရကီ တစ်နိုင်ငံတည်းမှာ အဆောက်အအုံ ၅၇၀၀ ကျော် ပျက်စီး) ပြိုကျပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကမ္ဘာ့နိုင်ငံတွေကပါ ပူးပေါင်းကူညီနေပါတယ်။ ပြင်းအား ၇.၈ မဂ္ဂနီကျူ့စ်ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ထပ်ကျော့ငလျင် ၁၀၀ ကျော် လှုပ်ခတ်ခဲ့ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။