ပင်ဖျက်ပိုး နှိမ်နင်းမယ့် ဉာဏ်ရည်တုနည်းပညာသုံး ကိရိယာသစ် တီထွင်နိုင်ခဲ့တဲ့ အထက်တန်းကျောင်းသူ

International News Tech
ပင်ဖျက်ပိုး နှိမ်နင်းမယ့် ဉာဏ်ရည်တုနည်းပညာသုံး ကိရိယာသစ် တီထွင်နိုင်ခဲ့တဲ့ အထက်တန်းကျောင်းသူ

နယူးဂျာစီပြည်နယ်မှ အထက်တန်းကျောင်းသူတစ်ဦးဟာ ပင်ဖျက်ပိုးတွေကို ဖမ်းဆီးနှိမ်နင်းပေးနိုင်မယ့် ဉာဏ်ရည်တုနည်းပညာသုံး ကိရိယာသစ် တီထွင်မှုနဲ့အတူ အမေရိကန်နိုင်ငံရဲ့ ဂုဏ်သိက္ခာအကြီးဆုံး သိပ္ပံပြပွဲမှာ နောက်ဆုံးအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါပြီ။

အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ဆယ်လီနာကျန်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီပြီး ဉာဏ်ရည်တုနည်းပညာအသုံးပြုတဲ့ ပင်ဖျက်ပိုးထောင်ချောက်ကို ဖန်တီးခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ မျိုးရင်းဖြစ်တဲ့ အစက်အပြောက်ပါ ပင်ဖျက်ပိုးတွေဟာ အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ၁၇ ခုအထိ ပျံ့နှံလျက် ရှိပြီး သီးနှံပင်တွေကို ဖျက်ဆီးနေပါတယ်။ အဲဒီအတွက် အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း စိုက်ပျိုးရေးကဏ္ဍမှာ နှစ်စဉ်နှစ်တိုင်း အမေရိကန်ဒေါ်လာ ၃ ဘီလျံဝန်းကျင် ဆုံးရှုံးနစ်နာလျက် ရှိပါတယ်။

ဆယ်လီနာကျန်း တီထွင်ခဲ့တဲ့ ထောင်ချောက်ဟာ ပင်ဖျက်ပိုးတွေကို မြားခေါ်နိုင်စွမ်းရှိပြီး လျှပ်စစ်ဓာတ်လွှတ်ကာ နှိမ်နင်းပေးမယ့်ကိရိယာ ဖြစ်ပါတယ်။ အဲဒီတီထွင်မှုကြောင့် ဆယ်လီနာကျန်းဟာ Regeneron Science Talent Search ပြိုင်ပွဲရဲ့ နောက်ဆုံးဆန်ခါတင် ၄၀ ဦးစာရင်းမှာ ပါဝင်ခဲ့တာပါ။ ဒီပြိုင်ပွဲဟာ အမေရိကန်နိုင်ငံမှ အထက်တန်းကျောင်းသား/သူတွေအတွက် ကျင်းပပေးတဲ့ ရှေးအကျဆုံးနဲ့ ဂုဏ်သိက္ခာအကြီးမားဆုံး သိပ္ပံနှင့် သင်္ချာပြိုင်ပွဲလည်း ဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။