ကမ္ဘာ့အကောင်းဆုံးဖက်ရှင်အမှတ်တံဆိပ် Hermes ဆက်ခံသူက သူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေလွှဲပြောင်းပေးဖို့ သူ့ဥယျာဉ်မှူးကို မွေးစားဖို့ စီစဉ်နေ

International News
ကမ္ဘာ့အကောင်းဆုံးဖက်ရှင်အမှတ်တံဆိပ် Hermes ဆက်ခံသူက သူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေလွှဲပြောင်းပေးဖို့ သူ့ဥယျာဉ်မှူးကို မွေးစားဖို့ စီစဉ်နေ

ကမ္ဘာအကောင်းဆုံးဖက်ရှင်အမှတ်တံဆိပ်တွေထဲက တစ်ခုဖြစ်တဲ့ Hermes တည်ထောင်သူ Thierry Hermes ရဲ့မြေးဖြစ်သူ အသက် ၈၀ အရွယ် နီကိုလက်စ်ပု့ချ်က သူ့ရဲ့အသက် ၅၁ နှစ်အရွယ်ဥယျာဉ်မှူးကို မွေးစားပြီး ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၁၁ ဘီလျံကို အဲ့ဒီဥယျာဉ်မှူးဆီ ချန်ထားခဲ့ဖို့ စီစဉ်နေပါတယ်။ နီကိုလက်စ်က ဥယျာဉ်မှူးကို တရားဝင်ကလေးဖြစ်လာဖို့ လုပ်ဆောင်နေတယ်လို့ သတင်းဌာနတွေက ဖော်ပြပါတယ်။

နီကိုလက်စ်က Thierry Hermes ရဲ့ ၅ ဆက်မြောက်အမွေဆက်ခံသူဖြစ်ပြီး အိမ်ထောင်မရှိသူ၊ ကလေးမရှိသူပါ။ အခုဆို သူက သူ့ရဲ့ဥယျာဉ်မှူးကို သူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေ လွှဲပြောင်းပေးမယ့် လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတယ်လို့ ဆွစ်ဇလန်သတင်းဌာန Fortune အရ သိရပါတယ်။ တရားဝင်လုပ်ဆောင်နိုင်ဖို့ ဥပဒေအဖွဲ့ကို ငှားရမ်းထားပြီး အမွေဆက်ခံသူတွေကို ပြန်လည်သတ်မှတ်ဖို့ လုပ်ဆောင်တဲ့နေရာမှာလည်း သူ ပါဝင်ပါတယ်။

ကလေး ၂ ယောက်နဲ့ စပိန်အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ထားတဲ့ အမည်မဖော်လိုသူ ဥယျာဉ်မှူးဟာ အခုဆိုရင် နီကိုလက်စ်ရဲ့ ကြွယ်ဝချမ်းသာမှုရဲ့ကြီးမားတဲ့ဝေစုကို ဆက်ခံဖို့ အလားလာရှိနေပါတယ်။ မော်ရိုကိုမှာရှိတဲ့ အဆောက်အဦးနဲ့ ဆွစ်ဇာလန်မှာရှိတဲ့ ဗီလာတစ်ခုရဲ့သော့တွေကို ဥယျာဉ်မှူးကို ပေးထားပြီးပြီလို့ သိရပါတယ်။

နီကိုလက်စ်က မွေးစားမယ့်အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူ နေထိုင်ရာ ဆွစ်ဇာလန်မှာ အရွယ်ရောက်ပြီးသူတွေကို မွေးစားတာက ရှားပါးပြီး ရှုပ်ထွေးလှပါတယ်။ အမွေးစားခံရမယ့်သူ အရွယ်မရောက်ခင်က သူနဲ့အနည်းဆုံး ၁ နှစ်လောက် အတူတူနေထိုင်ဖူးမှသာ အရွယ်ရောက်ပြီးသူတစ်ဦးက အခြားအရွယ်ရောက်ပြီးသားသူကို မွေးစားလို့ရနိုင်တယ်လို့ သိရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။