“အဆိပ်ပြင်းသောအမျိုးသမီး”

Astrology
“အဆိပ်ပြင်းသောအမျိုးသမီး”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့”အဆိပ်ပြင်းသောအမျိုးသမီး”ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“အဆိပ်ပြင်းသောအမျိုးသမီး”

ထက်မြက်တယ် ၊ လျို့ဝှက်တယ် ၊ နားလည်ရခက်တယ်.. ပင့်ကူအိမ်မှာငြိတဲ့လိပ်ပြာတစ်ကောင်လို သိသိရက်ရုန်းထွက်ဖို့ရန် ခက်တယ် ။ Feminine Energy တစ်ခုကြောင့် ပျော့ညံ့တယ် ၊ မျက်ရည်လွယ်တယ်လို့ လိမ်လည်လှည့်ဖျားမခံစေလိုဘူး ။ ဒီလိုယုံထားမိရင် သူတို့နောက်ကွယ်မှာ တခစ်ခစ်ရယ်ပါလိမ့်မယ် ။

The 10 Scorpio Personality Traits to Know

သူ့ပိုင်နက်ကိုစနင်းပြီဆိုတာနဲ့ အပြင်ပန်းမျက်နှာသာ လွှဲရင်လွှဲထားမယ်.. ဒီအမျိုးသမီးက သူ့အကဲဖြတ်နိုင်စွမ်းကို အကောင်းဆုံးတပ်လှန့်ထားပါတယ် ။ ကိုယ့်စကားအသုံးအနှုန်း ၊ အကြိုက်ဝါသနာ အကျင့်စရိုက် ခနချင်းကောက်ချက်ချနိုင်တယ် ။ သူ့ကိုထိခိုက်မယ့်သူလား ၊ သူ့သားအုပ်ကိုအန္တရာယ်ပေးမယ့်သူလား ခပ်တည်တည်မျက်နှာပေးအောက်က အစိုးရိမ်ကြီးတဲ့ မိခင်တစ်ယောက်ရဲ့အလိုလိုသိစိတ်တွေ အချိန်ပြည့်ပိုင်ထားသူတွေပါပဲ ။

သူတို့နှလုံးသားက သိပ်ပူပြင်းတဲ့မီးခဲနဲ့တူပါတယ် ၊ ချစ်တဲ့သူကိုအလောင်ကျွမ်းခံပြီး အနွေးဓာတ်ပေးတယ် မချစ်မနှစ်သက်ဘူးဆိုလည်း နောင်ကြဥ်လောက်တဲ့အထိ အပူလောင်ဒဏ်ရာတွေပေးတယ် ။ တော်ရုံမမုန်းဘူး တော်ရုံမငိုတတ်ဘူး ၊ သွယ်သွယ်လျလျကလေးနဲ့ ယောကျားရင့်မာကြီးတွေထက် စိတ်ဓာတ်ပိုမာနိုင်ကြတယ် ။ ဘယ်သူ့အကူအညီမှမလိုဘူးဆိုတာထက် ဘယ်သူ့ကျေးဇူးစားကျေးဇူးခံမှ မဖြစ်ချင်ဘူး ၊ သူကရေဆိုပေမယ့် Fixed ဖြစ်တဲ့ ရေthay.. ဒီအတွက် သူ့အပေါ်စီးဆင်းဖို့မလိုဘူး သူ့ကန်စပ်ကပဲ စေတနာရှိသလောက် သူ့လက်နဲ့ခပ်ပေးချင်တတ်တယ် ။

မထင်ရဘူးနော်ဆိုတဲ့စကားက အကောင်းဆုံးပေးနိုင်တဲ့ ဂုဏ်ပြုစကားပဲ ။ သူ့နှလုံးသားခန်းမထဲ သူကိုယ်တိုင်ထုတ်ပေးတဲ့ VVIP လက်မှတ်မပါရင်ဝင်မရဘူး ။ ဒါကြောင့် မုန်းပြီဆိုလည်းတအားချစ်မိလို့ ၊ ငိုပြီဆိုလည်းသိပ်ယုံခဲ့မိလို့ ဒါမှမဟုတ် ကောင်းစေချင်လို့ဆိုတဲ့စေတနာအောက်မှာ မျက်ရည်နဲ့မြစ်ကြောင်းတစ်ခုဖော်ပြီး ကျောက်နံရံတွေတိုက်စားပစ်ဖို့ ၊ နောက်ပြီး.. သူလိုချင်တဲ့ဖက် ကိုယ့်ကိုစီးဆင်းစေဖို့ပဲ ။

ဒီလိုပန်းရိုင်းပွင့်တွေက ချစ်ရသူအတွက် အသည်းခိုက်အောင်ငိုတယ်ပြောရင်ယုံ ။ ဒါပေမယ့် ဓါးတစ်လက်နဲ့နှစ်ချက်အထိုးမခံဘူး ၊ အကြောင်းအရာတစ်ခုအတွက် နှစ်ခါမျက်ရည်မကျဘူးဆိုတာလည်းယုံ ။

လူတွေကိုရုပ်သေးလိုကြိုးကိုင်ရတာ ကြိုက်တယ် ၊ လိုချင်တာရှိရင် ကြားချင်တဲ့စကားကို ရွေးလို့ပြောနိုင်တယ် ။ လိုသူကိုမြင့်အောင်မြောက်သလို သူ့အနားနေရင်အိုအေစစ်ရဲ့ အခွင့်ထူးခံဖြစ်နေရမယ် ။ သိပ်ချစ်ပေးတယ် ၊ နားလည်ပေးတယ် ။ ဒါကိုမှကန္တာရလိုချင်လည်း ကိုယ့်ထိုက်ကိုယ့်ကံပဲ ။ မလိုသူကိုခပ်ဆတ်ဆတ်လေးပစ်ချနိုင်ဖို့ မလိုအပ်တဲ့အာရုံစိုက်မှုမယူဘူး ။ အချိန်ကောင်းမရောက်ခင်အထိ ကြောင်လေးတစ်ကောင်လို လက်သည်းဖွက်ထားတတ်ကြတယ် ။

ဒီအမျိုးသမီးက ကြင်သူအနည်းငယ်သာအလင်းရောင်ကွက်ပေးသူမို့ လျော့တွက်ချင်စရာကောင်းလိမ့်မယ် ၊ ဒါပေမယ့် သူ့စေတနာက စော်ကားကောင်းတဲ့အရာမဟုတ်ဘူး ။ ပုန်ကန်သူအနည်းငယ် သတင်းစသတင်းနပျောက်သွားပေမယ့် တစ်ဖက်ကိုအမှောင်ချ တစ်ဖက်ကိုအလင်းပြပြီး တိုင်းပြည်ရေးသာယာမှုပဲ သူ့ပြည်သားကိုပေးသိထားတယ် ။ သူမက ဒီလိုဘုရင်မလို့လည်း တင်စားနိုင်တယ် ။

သူမက စိတ်ဖတ်ရုံမဟုတ်ဘူး.. စိတ်ကိုလိုသလိုလှည့်စားနိုင်တယ် ။ သူ့ဆန္ဒကို ကိုယ့်အတွေးလို့မြင်လာအောင် ၊ သူ့စိတ်နဲ့ကိုယ့်ခန္ဓာကိုလှုပ်ရှားစေတဲ့အထိ အဆိပ်ပြင်းတယ် ။ အချစ်ကြီးတယ် အမျက်ကြီးတယ် လက်ထဲသစ်နှစ်ချောင်းရှိရင် တစ်ပြည်ထူထောင်နိုင်တဲ့အထိ အစွမ်းအစကြီးတယ် ။ ထူးထူးခြားခြား ချောမောမနေဘူး ၊ နုရွမနေဘူး.. ဒါပေမယ့် မျက်လုံးချင်းတစ်ချက်ဆုံမိရင် အဆက်မပြတ်အိပ်မက်တွေပေးတတ်တယ် ။

ဒီအမျိုးသမီးက လူတိုင်းအတွက်မဟုတ်သလို သူမကိုအောင်နိုင်မယ့်သူ (သူမစိတ်လိုလက်ရခစားမယ့်သူ)ပဲ ပန်ရမယ့်ပန်းတစ်ပွင့်ပဲ ။ နူးညံ့ခြင်းနဲ့ပြင်းထန်ခြင်းနှစ်ခုအကြား လှစ်ကနဲမြည်အောင်ပြေးနေတဲ့သူ့စိတ်က သိပ်စိတ်ဝင်စားဖို့ကောင်းတယ် ။ ကိုယ်သာ.. ရတနာသိုက်ရှာတဲ့သူဆို အသက်နဲ့လောင်းကြေးထပ်သင့်တဲ့ မြေပုံတစ်ခုဖြစ်ပါလိမ့်မယ် ။

(လူတိုင်းနဲ့တိုက်ဆိုင်မှုရှိဖို့ မရည်ရွယ်ပါ)

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။