ပိုလန်နိုင်ငံမှာ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ကြောင်ဖက်တီး

International News Local News

ပိုလန်နိုင်ငံမှာ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ကြောင်ဖက်တီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပိုလန်နိုင်ငံမှာ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ကြောင်ဖက်တီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပိုလန်နိုင်ငံမှာ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ကြောင်ဖက်တီး

ပိုလန်နိုင်ငံ အနောက်မြောက်ပိုင်း သမိုင်းအလယ်ခေတ်မြို့ဖြစ်တဲ့ ဆက်ချင်မြို့မှာ ခရီးသည်တွေကို ဆွဲဆောင်နေတဲ့ အဆောက်အအုံတွေ ပေါများပါတယ်။ ပိုမီရေးနီးယန်းမြို့စားကြီးရဲ့ ရဲတိုက်၊ ကက်စ်ပရိုဝစ်ဇာပန်းခြံ စတဲ့ နေရာ ၂ ခုကတော့ ခရီးသည်တွေ စိတ်ဝင်စားမှု အများဆုံးပါပဲ။

ဆက်ချင်မြို့မှာ ခရီးသည်တွေ စိတ်ဝင်စားတဲ့ နောက်တစ်ခုကတော့ ကြောင်ဖက်တီးလေး ဂါဆက်ပါပဲ။ ၂၀၂၀ ပြည့်နှစ်က ဒေသခံ သတင်းဌာနတစ်ခုရဲ့ ဗီဒီယိုမှာ ဂါဆက် ပါဝင်ခဲ့ပြီး အဲဒီဗီဒီယိုပျံ့နှံ့သွားလို့ နာမည်ကြီးလာခဲ့တာပါ။

ကြောင်ဖက်တီးလေး ဂါဆက်ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ဆက်ချင်မြို့လယ်က လမ်းပေါ်မှာ စတွေ့ခဲ့တာပါ။ အဲဒီတုန်းက သာမန် ကြောင်ပိန်လေး တစ်ကောင်ဖြစ်ပေမဲ့ လူတွေက အစားအစာတွေ ကျွေးမွေးကြရင်း ချစ်စရာကောင်းတဲ့ ဝဖိုင့်ဖိုင့် ကြောင်ကြီး ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက ဂါဆက်ကို လှောင်အိမ်နဲ့ လာဖမ်းဖို့ ကြိုးစားခဲ့ဖူးပြီး လမ်းသွားလမ်းလာတွေက ဝိုင်းဝန်းဟန့်တားခဲ့လို့ သူတို့ရဲ့ အစီအစဉ် အထမမြောက်ခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။