ကြာသပတေးဖွားများ၏မူလသဘောထား

Astrology
ကြာသပတေးဖွားများ၏မူလသဘောထား

မွေးနံ ၇.မျိုး ရှိတဲ့အထဲ မူလအခြေအနေအရပ်ရပ်ကနေပိုပိုသာသာ ရှိနေတတ်တဲ့မွေးနံသည် မည်သည့်မွေးနံ ဖြစ်သနည်း။ကြာသပတေးနေ့မွေးဖွားသူများဖြစ်ကြပါသည်။ ကြာသပတေးနေ့မမွေးသော်လည်း အမည်၏ အစတွင်ကြာသပတေးပါလျှင် ရုပ်ပိုင်း သာလွန်ပိုသာသော သဘောနှင့် ဘဝတွင်ရှင်သန်လှုပ်ရှားမှုများပြီး၊ နောက်ပိတ်ထားပါကစိတ်ပိုင်းတွင် သာလွန် လိုစိတ်ရှိသူများဖြစ်ကြသည်။

ရှေ့ကော..နောက်ကော ကြာသပတေးပါဝင်ပါက ရုပ်ပိုင်းကော စိတ်ပိုင်းပါသာလွန်လိုသော သဘောသည် ဖြစ်တည်လာစေတော့သည်။

၅၀… ဝ၅
၅၁… ၁၅
၅၂… ၂၅
၅၃…. ၃၅
၅၄…. ၄၅
၅၅
၅၆… ၆၅
၅၈… ၈၅
မည်သို့ပင် အမည်ပေးထားထား၊ ဤသဘောသည် ကြာသပတေးနေ့ဖွား သို့မဟုတ် အမည်ပေးထားသူတိုင်းတွင် ပါဝင်နေမည့် မူလသဘောထားတစ်ရပ်ပင်ဖြစ်သည်။

ကြာသပတေး၏ ဆပွတ်သည် အဂ်ါဖြစ်၏။ထို့ကြောင့် အသစ်အဆန်း ကြိုက်သည်။ ဆန်းသစ်တီထွင်လို၏။ ထို့ကြောင့်ပင် သဘာဝ..ဓမ္မတာ… ရှေးအစဥ်များကို သူတို့ဘဝအတွက်အရေးမပါ(နာ)သည်ဟူ၍ ထင်မှတ်ကြသည်။

(#စတုရန်းဌာန.#တနဂ်နွေ)
အဟောင်းကို ပယ်လိုသည်။ အတိတ်ကို အတိတ်မှာဘဲ ထားခဲ့လိုက်လိုသည်။#တြိရန်း ပျက်ထွက်..မည်သည့်ဂြိုလ်တွင်မဆို ကြာသပတေးသဘောတွင်တည်မှီခါးသည့်အတွက် အကဲပိုသည်မှာကား သူတစ်ပါးထက် အကဲပိုပါသည်။

ထို့ကြောင့် ကြာသပတေးသားသမီးတို့သည်လည်းကောင်း၊ ကြာသပတေးနေ့နံနှင့်အမည်ပေးထားသူများသည်လည်းကောင်း စ.ဖြစ်တည်မှု Existence အပေါ် မည်သည့်အခါမှရောင့်ရဲတင်းတိမ်မှု သဘောသည်မရှိ။ထို့ကြောင့် ဥစ္စာစီးပွား၊ ပညာ စသည့်အရာများတွင် တိုးတက်မှုရှိစေသည့် ကောင်းမွန်သည့်အခြေခံသဘောသည်ရှိပေသည်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။