ကောင်းစားစေမည့် ယတြာအပင်များ

Astrology

ကောင်းစားစေမည့် ယတြာအပင်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကောင်းစားစေမည့် ယတြာအပင်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကောင်းစားစေမည့် ယတြာအပင်များ

ဘဝမှာ တဖြည်းဖြည်းချင်း ကောင်းစားလာစေနိုင်ပြီး မိမိအတွက် အကျိုးပေးသော ဓာတ်ယတြာအပင်များ ကို တွက်ချက်ကာ ဖော်ပြပေးလိုက်ပါသည်။
များသောအားဖြင့်ကတော့ မိမိကစိုက်မည်ဆိုသော်လည်း အိမ်တစ်အိမ်၏ အိမ်ထောင်ဦးစီးနေ့နံကိုသာ အဓိက ယူရပါမည်။

သို့သော် မိမိအိမ်တွင် မိဘတို့ ရှိသော်လည်း အသက်ကြီး၍ / ကျန်းမာရေးမကောင်း၍ ဝင်ငွေမရှာနိုင်။ မိမိကသာ ဝင်ငွေရှာနေရလျှင် မိမိနေ့နံကိုသာ ယူပါ။
ဆိုလိုချက်က အိမ်တစ်အိမ်၏ အဓိက ဝင်ငွေ ရှာသူ၏ နေ့နံအရ စိုက်ပျိုးသင့်သော အကျိုးပေးအပင်များ ဖြစ်သည်။

တနင်္ဂနွေ သားသမီးသည် သစ်တိုပင် ကို စိုက်ပါ။
သစ်တို မရှိက (သ ဟ – ဖြင့်စ၍ တ ထ ဒ ဓ န ဖြင့် ဆုံးသော အပင်) ကို စိုက်ပါ။

တနင်္လာသားသမီး သည် ထင်းရှူးပင် ကို စိုက်ပါ။ ထင်းရှူး မရှိက ( တ ထ ဒ ဓ န – ဖြင့်စ၍ ယ ရ လ ဝ ဖြင့် ဆုံးသော အပင် ) ကိုစိုက်ပါ။

အင်္ဂါသားသမီး သည် အုန်းပင် ကို စိုက်ပါ။ အုန်းပင် မရ က ( အင်ပင် ) ကို စိုက်ပါ။

ဗုဒ္ဓဟူး သားသမီးသည် ကံ့ကော် ( သိူ့မဟုတ် ) ကုက္ကိုလ် ပင်ကိုစိုက်ပါ။

ကြာသပတေး သားသမီးသည် စွယ်တော်ပင် ကို စိုက်ပါ။
( စွယ်တော် မရ က စ ဆ ဇ ည – ဖြင့်စပြီး တ ထ ဒ ဓ န ဖြင့် ဆုံးသောအပင် ) ကိုစိုက်ပါ ။

သောကြာသားသမီးသည် လိမ္မော်ပင် ကို စိုက်ပါ။ လိမ္မော် မရက ( ယ ရ လ ဝ – ဖြင့်စပြီး ပ ဖ ဗ ဘ မ ဖြင့်ဆုံးသော အပင် ) စိုက်ပါ။

စနေသသမီး သည် မရမ်းပင် စိုက်ပါ။ မရမ်းပင် မရက
( ပ ဖ ဗ ဘ မ – ဖြင့်စပြီး ယ ရ လ ဝ ဖြင့်ဆုံးသော အပင် ကိုစိုက်ပါ )

မှတ်ချက်

အပင်နေ့နံကောက်ယူလျှင် အများဆိုင်နံဖြစ်သော
” ပင် ” ကို ထည့်မယူရ။
ဥပမာ သစ်ဆိမ့် ပင်ဆိုလျှင် သစ်ဆိမ့် အထိသာ ယူကာ
( 6+3 ) နံတွဲအဖြစ် သိရမည်။
လိမ္မော်ပင် ဆိုလျှင် လိမ္မော် အထိသာယူကာ ( 4+5 ) နံတွဲအဖြစ် ယူရမည်။
မိမိအိမ် မည်သည့်နေရာတွင် စိုက်ပါ မညွှန်းသော်လည်း ဓာတ်သဘောအရ ပိုအကျိုးပေးလိုက မိမိ၏ တေဇ အရပ်တွင် စိုက်က ပိုကောင်းသည်။

ရေးသားသူ – မြစကြာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။