ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ထိပ်ဆုံးကို ပြန်ရောက်ရှိသွားခဲ့တဲ့ အီလွန်မက်စ်

Celebrity International News
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ထိပ်ဆုံးကို ပြန်ရောက်ရှိသွားခဲ့တဲ့ အီလွန်မက်စ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ထိပ်ဆုံးကို ပြန်ရောက်ရှိသွားခဲ့တဲ့ အီလွန်မက်စ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ထိပ်ဆုံးကို ပြန်ရောက်ရှိသွားခဲ့တဲ့ အီလွန်မက်စ်

Bloomberg ရဲ့ကိန်းဂဏန်းတွေအရ Tesla စီအီးအို အီလွန်မက်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့ဂုဏ်ပုဒ်ကို ပြန်လည်ရယူလိုက်ပါပြီ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပြင်သစ်ဇိမ်ခံပစ္စည်းထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီ LVMH ရဲ့ ဥက္ကဌနဲ့စီအီးအို ဘားနတ် အာနို့ထ်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ထိပ်ဆုံးကို ရောက်သွားခဲ့ပြီး၂လအကြာမှာ အီလွန်မက်စ်က ထိပ်ဆုံးနေရာကို ပြန်ရယူလိုက်တာပါ။

Elon Musk Is Once Again the Richest Person in the World: Bloomberg

အီလွန်မက်စ်ရဲ့အသားတင်ကြွယ်ဝချမ်းသာမှုက ဈေးကွက်ပိတ်အပြီး တနင်္လာနေ့အထိ ကန်ဒေါ်လာ ၁၈၇.၁ ဘီလျံရှိပြီး ဘားနတ် အာနို့ထ်ကတော့ ကန်ဒေါ်လာ ၁၈၅.၃ ဘီလျံရှိတယ်လို့ Bloomberg အရ သိရပါတယ်။ အီလွန်မက်စ်ရဲ့တွစ်တာဝယ်ယူမှုပြဿနာနဲ့ နည်းပညာမှာဈေးကွက်ကျဆင်းမှုတွေ‌ကြား Tesla ရဲ့စတော့ရှယ်ယာတွေက အရင်နှစ်မှာ သိသိသာသာကျဆင်းနေစဉ် အီလွန်မက်စ်ရဲ့ရှယ်ယာတွေက ၂၀၂၃ ခုနှစ်မှာ တစ်ရှိန်ထိုး တက်လာခဲ့ပါတယ်။

Elon Musk has surpassed Amazon's Jeff Bezos to become the world's  wealthiest person

အီလွန်မက်စ်က လက်ရှိကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေရုံသာမက သမိုင်းတစ်လျှောက် ငွေကြေးအများဆုံး ဆုံးရှုံးသူအဖြစ်လည်း စံချိန်တင်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်မှာ အီလွန်မက်စ်ရဲ့ကြွယ်ဝချမ်းသာမှုက ၂၀၂၁ ခုနှစ် နိုဝင်ဘာမှာ ကန်ဒေါ်လာ ၃၄၀ ဘီလျံကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာ ကန်ဒေါ်လာ ၁၃၇ ဘီလျံအထိ ကျဆင်းသွားပြီးတဲ့နောက် သူဟာ ကြွယ်ဝချမ်းသာမှု ကန်ဒေါ်လာ ၂၀၀ ဘီလျံဆုံးရှုံးတဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။