၂၀၂၃ ခုနှစ် မတ်လ ၆ ရက်နေ့ မှ မတ်လ ၁၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် မတ်လ ၆ ရက်နေ့ မှ မတ်လ ၁၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် မတ်လ ၆ ရက်နေ့ မှ မတ်လ ၁၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် မတ်လ ၆ ရက်နေ့ မှ မတ်လ ၁၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

( ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( Mar 6 to 12 )

ယခု ရက်သတ္တပတ် အတွင်း Aries ရာသီခွင် အချို့သည် အရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်ရပါလိမ့်မယ်။ ရုတ်တရက် ကျန်းမာရေး ကျဆင်းလာတာကြောင့် စိတ်ဖိစီးမှုနှင့် အတူ စိုးရိမ်ပူပန်မှုများကိုပါ ခံစားရနိုင်ပါမယ်။

ငွေကြေးနှင့် ပတ်သက်သော ပြဿနာများကို အချိန်အတော်ကြာ ကြုံတွေ့နေရပါက ဤရက်သတ္တပတ်အတွင်း အတိုင်းအတာ တစ်ခုအထိ ကျော်လွှားနိုင်ပါလိမ့်မယ်။ ဥပဒေရေးရာ ပြဿနာများကို ရင်ဆိုင်ရာတွင် ကံတရား၏ အားပေးမှုကို ရရှိနိုင်ပါမယ်။ မည်သည့် ဆုံးဖြတ်ချက်ကို မဆို ပညာရှိရှိ ချနိုင်အောင် ကြိုးစားပါ။

ယခုအပတ်တွင် မိမိ မျှော်လင့်ထားသည်ထက် ညီအကို၊ မောင်နှမတို့ထံမှ ပံ့ပိုးကူညီမှုကို ရရှိနိုင်ပါမယ်။ ဒါကြောင့် ရင်ဆိုင်နေရသော အခက်အခဲများမှ သက်သာရာ ရရှိနိုင်ပါမယ်။ သို့သော် မိမိ၏ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ပြောပြပေးရန် လိုအပ်ပါလိမ့်မယ်။

ပြိဿရာသီခွင် – Taurus ( Mar 6 to 12 )

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပတ်သတ်၍ စိန်ခေါ်မှုများ ကြုံ‌တွေ့ရမှာ မဟုတ်ပါဘူး။ ကျန်းမာရေး ကောင်းမွန်နေပါမယ်။ ယောဂ သို့မဟုတ် ကိုယ်လက်လေ့ကျင့်ခန်းများကို အချိန်မှန်မှန် ပြုလုပ်ပေးပါ။ ယခင် အချိန်ကာလမှ ရောဂါ ဝေဒနာ ခံစားရသူများ အနေနှင့် ဤကာလအတွင်း သက်သာရာ ရရှိပါလိမ့်မယ်။

မိမိ၏ လုပ်ငန်းကို ချဲ့ထွင်ရန် အတွက် ယခုအပတ်တွင် မည်သည့် ချေးငွေ အမျိုးအစားကို မဆို ရယူရန် စီစဉ်နိုင်ပါတယ်။ ဘဏ် သို့မဟုတ် အခြားအဖွဲ့အစည်း တစ်ခုခုမှ ချေးငွေ ရရှိနိုင်သော်လည်း ငွေကြေးနှင့် ပက်သက်သော အရောင်းအဝယ် ကိစ္စများကို အစကတည်းက သတိထားပေး ရပါလိမ့်မယ်။

ဤကာလအတွင်း Taurus ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွင်မှုများ ရှိနေပါမယ်။ မိသားစုဝင် အသစ်သည် မိမိတို့၏ မိသားစု ဘဝသို့ ဝင်ရောက်လာ နိုင်ပါတယ်။ မိမိ၏ အကောင်းမြင် စိတ်ထားကို ထိန်းသိမ်းထား နိုင်သည့်အတွက် ကြုံတွေ့နေရသော အခက်အခဲများကို ကောင်းမွန်စွာ ရင်ဆိုင်နိုင်ပါလိမ့်မယ်။

မေထုန်ရာသီခွင် – Gemini ( Mar 6 to 12 )

ဤကာလအတွင်း Gemini ရာသီခွင်တို့သည် စိတ်ခံစားချက် ပြင်းထန်နေပါမယ်။ အလွယ်တကူ စိတ်တို၊ ဒေါသ ဖြစ်လွယ်နေပါမယ်။

ယခုအပတ်တွင် ကော်မရှင်၊ အမြတ်ဝေစု စသော ကိစ္စရပ်များမှ ကြီးမားသောအကျိုးခံစားခွင့်ကို ရရှိနိုင်ပါမယ်။ ငွေကြေး ကောင်းမွန်နေသောကြောင့် ရင်းနှီးမြုပ်နှံမှုများကို ပြုလုပ်နိုင်ပါမယ်။

ဤကာလအတွင်း Gemini ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုများ ရှိနေပါမယ်။ မိသားစုဝင်များနှင့် ဆက်ဆံရေးသည် ကောင်းမွန်နေပါမယ်။ မိသားစုနှင့် အတူ ဘာသာရေးဆိုင်ရာ နေရာ သို့မဟုတ် ဆွေမျိုးများ၏ နေရာ‌ဒေသသို့ သွားရောက်ရန် စီစဉ်နိုင်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( Mar 6 to 12 )

ယခုအပတ်တွင် Cancer ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ အကယ်၍ အချိန်အကြာကြီး ရောဂါဝေဒနာ ခံစားနေရရပါက ယခုအချိန်တွင် သက်သာ ပျောက်ကင်းလာပါမယ်။

ငွေရေးကြေးရေးအားဖြင့် ကောင်းမွန်နေပါမယ်။ ငွေကြေး ရရှိနိုင်သော အခွင့်အလမ်းများလည်း ရှိနေပါတယ်။ ငွေကြေး စုဆောင်းမှုများကို ပြုလုပ်ပေးပါ။

ယခုရက်သတ္တပတ်အတွင်း Cancer ရာသီခွင်တို့သည် သူငယ်ချင်း သို့မဟုတ် ရင်းနှီးသော မိတ်ဆွေတို့သည် မိမိအား အလေးမထားသလို ခံစားရနိုင်သောကြောင့် စိတ်အားငယ်နေနိုင်ပါမယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုဒဏ်ကိုပါ ခံရဖွယ်ရှိနေပါတယ်။

ဤကာလအတွင်း လုပ်ငန်းခွင်တွင် စိတ်အား ထက်သန်မှုများ ပျောက်ဆုံး နေနိုင်ပါမယ်။

သိဟ်ရာသီခွင် – Leo ( Mar 6 to 12 )

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အရ ပင်ပန်းနွမ်းနယ် နေနိုင်ပါတယ်။ ဒါကြောင့် လုံလောက်စွာ အနားယူပါ။ အာဟာရ ပြည့်ဝတဲ့ အစားအသောက်များကို စားသုံးပေးပါ။

ဤကာလအတွင်း ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ငွေကြေး ချေးငှားခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်ပေးပါ။ ငွေကြေး ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရနိုင်ပါတယ်။

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် သူငယ်ချင်းတွေ၊ မိသားစုဝင်များနှင့် ပျော်ရွှင်စရာ ကောင်းသော အချိန်ကာလကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ အလုပ်များကို စိတ်အား ထက်သန်စွာ လုပ်ဆောင်နိုင်ပါမယ်။ မိသားစု ဘဝတွင် အပြုသဘော ဆောင်သောရလဒ်များ ထွက်ပေါ်လာနိုင်ခြေ ရှိနေပါတယ်။

ကန်ရာသီခွင် – Virgo ( Mar 6 to 12 )

ယခုအပတ်တွင် Virgos ရာသီခွင်တို့သည် မိမိတို့၏ ကျန်းမာရေးကို ဂရုစိုက်ရန် လိုအပ်ပါလိမ့်မယ်။ ကျန်းမာရေး ကောင်းမွန်‌စေရန် အာဟာရရှိသော အစားအစာများနှင့် အစိမ်းရောင် အသီးအနှံများကို စားသုံးပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်းများကို နေ့စဉ် ပြုလုပ်ပေးပါ။

ယခင် အချိန်ကာလက လုပ်ဆောင်ခဲ့သော အိမ်ခြံမြေနှင့် ပတ်သက်သည် ငွေပေးငွေယူ အမျိုးအစား အားလုံးကို ယခုသီတင်းပတ်တွင် အပြီးသတ်နိုင်ဖွယ်ရှိနေပါတယ်။ မိမိအတွက် အကျိုးရှိစေမည့် အပြင် အနာဂတ်ကို လုံခြုံစေမည့် အတိုင်းအတာတစ်ခု အထိ အောင်မြင်မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

မိသားစုဝင်များ အကြား ပျော်ရွှင်မှုများ ရှိနေပါမယ်။ မိမိ၏စိတ်ကို အနှောင့်အယှက် ဖြစ်စေနိုင်သော ကိစ္စရပ်များကို လျစ်လျူရှုလိုက်ပါ။ အတိတ်က ပြုလုပ်ခဲ့သည် အမှားများမှ သင်ခန်းစာ ရယူပါ။ မှန်ကန်သော ဆုံးဖြတ်ချက်များ ရမှတ်နိုင်စေရန် စိတ်အေးအေးထားပါ။ အလျင်မလိုပါနှင့်။

တူရာသီခွင် – Libra ( Mar 6 to 12 )

ယခုအပတ်တွင် Libra ရာသီခွင်တွင် မွေးဖွားကြသူများသည် အသေးအမွှား ကျန်းမာရေး ပြဿနာမှ လွဲ၍ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ရောဂါကြီးကြီးမားမား ဖြစ်ပေါ်နိုင်မည် မဟုတ်ပါ။ ရာသီပေါ် ကျန်းမာရေး ချို့ယွင်းမှု ဖြစ်ပေါ်လာပါက မိမိကိုယ်တိုင် မကုသပါနှင့်။ ဆရာဝန်၏ လမ်းညွှန်ချက် အတိုင်း ဆေးဝါး သောက်သုံးပေးပါ။

အတိတ်က ရင်းနှီးမြုပ်နှံမှု အကူအညီတို့ကြောင့် ယခုအပတ်တွင် Libra ရာသီခွင်တို့သည် စိန်ခေါ်မှု အားလုံးကို ကျော်လွှားနိုင် ပါလိမ့်မယ်။ ငွေကြေးဆိုင်ရာ ပြဿနာများမှ သက်သာရာ ရရှိပါလိမ့်မယ်။ သို့သော် ငွေကြေးဆိုင်ရာ ကိစ္စရပ်များနှင့် ပက်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဂရုစိုက်ပေးပါ။

ယခုအပတ်တွင် သင့်အဖေ၏ ကျန်းမာရေးအတွက် အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိလာပါမယ်။ အိမ်တွင်းရေး ကိစ္စများကို ပိုမိုလုပ်‌ဆောင်နိုင်ပါမယ်။ မိသားစုဝင်များထံမှ ပံ့ပိုး ကူညီမှုများ ရှိနေပါမယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( Mar 6 to 12 )

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် မိမိ၏ ကျန်းမာရေး အတွက် အပြည့်အဝ အနားယူပေးပါ။ ကျန်းမာရေး ကောင်းမွန်‌စေရန် အတွက် နေ့စဉ်လမ်းလျှောက်ပါ။

ဤကာလအတွင်း ငွေရေးကြေးရေးသည် ကောင်းမွန်နေပါမယ်။ ယခင် အချိန်ကာလတွင် ပြုလုပ်ခဲ့သော ရင်းနှီးမြုပ်နှံမှုများမှ အကျိုးခံစားခွင့်များ ရရှိနိုင်ပါမယ်။ ချေးငွေများကိုလည်း ပြန်လည် ပေးဆောင်နိုင်မှာ ဖြစ်ပါတယ်။

လူမှုဆက်ဆံရေး နယ်ပယ်များတွင် မိမိ၏ ဂုဏ်သတင်းကြောင့် လူအများ၏ အာရုံစိုက်မှုကို ရရှိနိုင်ပါမယ်။

ဓနုရာသီခွင် – Sagittarius ( Mar 6 to 12 )

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် မိမိတို့၏ အပြုအမူပေါ် မူတည်၍ ကျန်းမာရေး အတက်အကျများ ရှိနေနိုင်ပါတယ်။ ဒါကြောင့် မိမိ၏ စိတ်အခြေအနေတိုးတက်စေရန် ဤကာလအတွင်း တရားထိုင်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုများကို ပုံမှန် ပြုလုပ်ပြီး အစားအသောက်ကို ဂရုစိုက်ပါ။

ယခုအပတ်တွင် ရင်းနှီးမြုပ်နှံမှုမှ မိမိ မျှော်မှန်းထားသလောက် အကျိုးအမြတ် မရရှိနိုင်ပါ။ သို့သော် အတိုင်းအတာ တစ်ခုအထိ စိတ်ကျေနပ်မှုကို ရရှိစေပါလိမ့်မယ်။ ဒါ့အပြင် သင့်လျော်သော အစီအစဉ်များဖြင့် လုပ်ဆောင်နိုင်ပါက အချိန်တိုအတွင်း အမြတ်ငွေ နှစ်ဆ တိုးစေနိုင်ပါတယ်။

ဤကာလတွင် အသက်မွေးဝမ်းကြောင်းနှင့် ပက်သက်၍ ကံတရားသည် ကောင်းမွန်နေပါမယ်။

မကာရရာသီခွင် – Capricorn ( Mar 6 to 12 )

ယခုအပတ်တွင် Capricorn ရာသီခွင်တို့၏ ကျန်းမာရေးသည် ယခင်ထက် ပိုမို ကောင်းမွန်လာပါမယ်။ သို့သော် လေ့ကျင့်ခန်းများကို ပြုလုပ်ပေးရန် လိုအပ်ပါမယ်။ အချိန်ရသည့်အခါ မနက်တိုင်း မိနစ် ၃၀ လောက် ပုံမှန်လမ်းလျှောက်ပေးပါ။

ဤကာလ အတောအတွင်း ရင်းနှီးမြုပ်နှံမှုများကို အလျင်စလို မပြုလုပ်ပါနှင့်။ အကြောင်းအရာများကို အသေးစိတ် သိရှိအောင် စုံစမ်းပါ။ မဟုတ်ပါက ငွေရေးကြေးရေးအရ ထိခိုက်မှုများ ရှိလာနိုင်ပါမယ်။ ဆုံးဖြတ်ချက် မချမီ ကျွမ်းကျင်သူ၏ အကြံဉာဏ်ကို ရယူပါ။ ငွေကြေး သုံးစွဲရာတွင် မိမိအတွက် လိုအပ်သော အရာများ အတွက်သာ သုံးစွဲပေးပါ။

ယခုအပတ်တွင် အသက်မွေးဝမ်းကြောင်းနှင့် ပက်သက်၍ ပိုမိုကောင်းမွန်သော ရလဒ်များကို ရရှိနိုင်မည်ဖြစ်ပြီး မိသားစုရှိ သက်ကြီးရွယ်အိုများ၏ ပံ့ပိုးကူညီမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကုမ်ရာသီခွင် – Aquarius ( Mar 6 to 12 )

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ကျန်းမာရေး ကောင်းမွန်နေစေရန် အများကြီး ရုန်းကန်နေစရာ မလိုအပ်ပါဘူး။ အနည်းငယ် အားထုတ်လျှင်ပင် မိမိကိုယ် မိမိ ကျန်းမာအောင် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

ဤကာလ အတောအတွင်း ငွေရေးကြေးရေးသည် ကောင်းမွန်နေနိုင်သော်လည်း ငွေကြေး သုံးစွဲရာတွင် သတိထားပေးပါ။

လူမှုရေး ပွဲတော်များတွင် သြဇာကြီးသူ အများအပြားနှင့် တွေ့ဆုံခွင့်များ ရှိနေနိုင်ပါတယ်။ အခွင့်အရေးများကို လက်လွတ်မခံပါနှင့်။ အကောင်းဆုံး အသုံးချနိုင်ရန် ကြိုးစားပါ။

မိန်ရာသီခွင် – Pisces ( Mar 6 to 12 )

ယခုအပတ်တွင် Pisces ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ရေများများ သောက်‌ပေးပါ။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးပေးပါ။

ဒါအပြင် မိမိကိုယ် မိမိ ယုံကြည်မှု တိုးလာသည်ကိုလည်း တွေ့မြင်ရပါလိမ့်မယ်။ ဘဝနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်များကို မြန်မြန်ဆန်ဆန် ချမှတ်နိုင်ပါလိမ့်မယ်။ ယခင် အချိန်ကာလက ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ပါလိမ့်မယ်။

ယခုအပတ်တွင် Pisces ရာသီခွင်တို့၏ ငွေရေးကြေးရေးသည် ကောင်းမွန်နေပါမယ်။ ငွေ‌ကြေး ရှာ‌ဖွေရန် အခွင့်အလမ်းများ ပေါ်ပေါက်လာပါလိမ့်မယ်။ တစ်ချိန်တည်းမှာပင် မိမိ၏ ဂုဏ်သိက္ခာနှင့် လေးစားမှုကိုလည်း တိုးလာစေမှာ ဖြစ်ပါတယ်။

ရပ်ဝေး‌ ဒေသတွင် ရောက်ရှိနေကြသော Pisces ရာသီခွင်များ ‌အနေနှင့် ယခုအပတ်တွင် အထီးကျန်မှုကို ခံစားရနိုင်ပါမယ်။ ထိုသို့သော အခြေအနေမျိုးတွင် မိမိ၏ အထီးကျန်မှုကို ပြေပျောက်စေရန် သူငယ်ချင်းတချို့နှင့် အချိန်ကုန်ဆုံးပါ။

ရေးသားသူ – Care Your Future – ဗေဒင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။