မန်ယူ 7-0 နဲ့ လီဗာပူးကို ရှုံးတဲ့သတင်းအား ရန်ကုန်မြို့ လမ်းဆုံလမ်းခွများတွင် ကြော်ငြာလိုက်ကပ်

Sports
မန်ယူ 7-0 နဲ့ လီဗာပူးကို ရှုံးတဲ့သတင်းအား ရန်ကုန်မြို့ လမ်းဆုံလမ်းခွများတွင် ကြော်ငြာလိုက်ကပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မန်ယူ 7-0 နဲ့ လီဗာပူးကို ရှုံးတဲ့သတင်းအား ရန်ကုန်မြို့ လမ်းဆုံလမ်းခွများတွင် ကြော်ငြာလိုက်ကပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မန်ယူ 7-0 နဲ့ လီဗာပူးကို ရှုံးတဲ့သတင်းအား ရန်ကုန်မြို့ လမ်းဆုံလမ်းခွများတွင် ကြော်ငြာလိုက်ကပ်

လီဗာပူး ၇-၀ မန်ယူနိုက်တက်

မန်ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံး ရှုံးနိမ့်မှုပါပဲ။ ဆာလာ၊ ဂတ်ပို၊ ဒါဝင်နူနက်ဇ်တို့ရဲ့ တိုက်စစ်ပိုင်းက ယူနိုက်တက် ခံစစ် မထိန်းနိုင်ခဲ့သလို ဒီဂီယာလည်း ပုံမှန်လက်စွမ်း မရှိခဲ့ပါဘူး။ လီဗာပူးအတွက် ဂတ်ပို၊ ဒါဝင်နူနက်ဇ်၊ ဆာလာတို့က ၂ ဂိုးစီ သွင်းခဲ့ပြီး ဖာမီနိုက ပွဲသိမ်းဂိုး သွင်းခဲ့တာပါ။

မန်ယူပရိသတ်တွေအတွက်တော့ ခေါင်းမဖော်နိုင်တဲ့ အစဉ်အလာကြီးတဲ့ပြိုင်ဘက်ကို ဝက်ဝက်ကွဲ ဘဲဉမကွဲအောင် ရှုံးခဲ့တဲ့ အရှုံးကတော့ အမည်းစက်ကြီးတစက်ဖြစ်သွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံကဘောလုံးချစ် ပရိသတ်တွေကလည်း စနောက်လှောင်ပြောင်နေကြပြီဖြစ်ပါတယ်။ အခုဆိုရင် ၇ဂိုးပြတ်ရှုံးခဲ့တဲ့အကြောင်း print ထုတ်ပြီးရန်ကုန်လူစည်ကားတဲ့နေရာမှာကပ်ထားတာကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

 

photo crd

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။