ချစ်မေမေရဲ့ အသက်(၅၈)နှစ်ပြည့်မွေးနေ့လေးမှာ ပိုက်ဆံပန်းစည်းကြီး နဲ့ စပရိုက်တိုက်ခဲ့တဲ့ “ပိုင်တံခွန်”

Celebrity
ချစ်မေမေရဲ့ အသက်(၅၈)နှစ်ပြည့်မွေးနေ့လေးမှာ ပိုက်ဆံပန်းစည်းကြီး နဲ့ စပရိုက်တိုက်ခဲ့တဲ့ “ပိုင်တံခွန်”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချစ်မေမေရဲ့ အသက်(၅၈)နှစ်ပြည့်မွေးနေ့လေးမှာ ပိုက်ဆံပန်းစည်းကြီး နဲ့ စပရိုက်တိုက်ခဲ့တဲ့ “ပိုင်တံခွန်” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ချစ်မေမေရဲ့ အသက်(၅၈)နှစ်ပြည့်မွေးနေ့လေးမှာ ပိုက်ဆံပန်းစည်းကြီး နဲ့ စပရိုက်တိုက်ခဲ့တဲ့ “ပိုင်တံခွန်”

ပိုင်တံခွန်ကတော့ မိန်းကလေးတိုင်း အားကိုးချင်စရာ ကောင်းလောက်တဲ့ ဗလတောင့်တောင့် နဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ တောင့်တင်းကျစ်လျစ်တဲ့ ကြွက်သားတွေကတော့ ပိုင်တံခွန်ရဲ့ဆွဲဆောင်မှုအရှိဆုံးအချက်တွေပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ သူအောင်မြင်လာတဲ့အချိန်မှာ မိဘတွေအပေါ် ပြန်လည် သိတတ်လိမ္မာခဲ့ပြီး မိဘတွေအတွက် တိုက်၊ ကား စသည်ဖြင့် လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့ မတ်လ (၅) ရက်နေ့ကတော့ ပိုင်တံခွန်ရဲ့ မေမေ အန်တီကြူ ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က သူ့ရဲ့မေမေအတွက် ပိုက်ဆံပန်းစည်းကြီးနဲ့အတူ မွေးနေ့ကိတ်လေးပေးပြီး မိသားစုလိုက် ပျော်ရွှင်စရာ မွေးနေ့ပွဲလေးကျင်းပခဲ့ကြောင်းကို ပိုင်တံခွန်ရဲ့အစ်မ မေချစ်သွေးက သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာခဲ့ပါတယ်။

ပိုင်တံခွန်တို့ မောင်နှမတွေကတော့ ချစ်ရတဲ့မေမေရဲ့ (၅၈) နှစ်ပြည့်မွေးနေ့အတွက် အကောင်းဆုံးနဲ့ အပျော်ရွှင်ရဆုံးဖြစ်အောင် မွေးနေ့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်တို့ သားအမိတွေရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ်လို့ ထင်ပါတယ်

ရေးသားသူ – Let Pan News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။