ဘောလုံးကွင်း ၅ ကွင်းစာ ကျယ်တဲ့ ကမ္ဘာ့အကြီးဆုံး ကုန်တိုက်ကြီး

International News
ဘောလုံးကွင်း ၅ ကွင်းစာ ကျယ်တဲ့ ကမ္ဘာ့အကြီးဆုံး ကုန်တိုက်ကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘောလုံးကွင်း ၅ ကွင်းစာ ကျယ်တဲ့ ကမ္ဘာ့အကြီးဆုံး ကုန်တိုက်ကြီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘောလုံးကွင်း ၅ ကွင်းစာ ကျယ်တဲ့ ကမ္ဘာ့အကြီးဆုံး ကုန်တိုက်ကြီး

ဆွီဒင်နိုင်ငံမှာရှိတဲ့ ဂီကက်စ်အူလာရက်ဒ်ကုန်တိုက်ကြီးဟာ ကမ္ဘာ့အကြီးဆုံး ကုန်တိုက်ဖြစ်သလို ခရီးသွားတွေကို ဆွဲဆောင်ရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဘောလုံးကွင်း ၅ ကွင်းစာ ကျယ်ပြီး ပစ္စည်းအမျိုးအစားပေါင်း ၁၀၀၀၀၀ ကျော် ရောင်းချတာပါ။

ဆွီဒင်နိုင်ငံတောင်ပိုင်းက အူလာရက်ဒ်မြို့ငယ်လေးမှာ လူ ၈၀၀ နီးပါးပဲ နေထိုင်ကြပေမဲ့ ဂီကက်စ်အူလာရက်ဒ်ကုန်တိုက်မှာ နှစ်စဉ်နှစ်တိုင်း ဈေးလာဝယ်ကြသူကတော့ ၅ သန်းနီးပါးလောက် လာရောက်ကြတဲ့နေရာပါ။ ၁၉၆၃ ခုနှစ်မှာ စွန့်ဦးတီထွင်လုပ်ငန်းရှင် ဂိုရန်ကာလ်ဆန်က ဂီကက်စ်အူလာရက်ဒ်ကုန်တိုက်ကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဝန်ထမ်းပေါင်း ၂၀၀၀ ခန့်ထားပြီး တစ်ကြိမ်ကို ဈေးဝယ် ၅၅၀၀ အထိ ဝန်ဆောင်မှုပေးနိုင်စွမ်း ရှိနေပါပြီ။

ဆွီဒင်ဘုရင် ကားလ်ဂူစတက်နဲ့ မိဖုရား ဆေးလ်ဗီးယားတို့လည်း ဈေးလာဝယ်ဖူးပါတယ်။ ဆွီဒင်နိုင်ငံရဲ့ ကုမ္ပဏီတွေကလည်း သူတို့ရဲ့ဝန်ထမ်းတွေကို ဘောနပ်စ်ပေးတဲ့အနေနဲ့ ဂီကက်စ်အူလာရက်ဒ်ကုန်တိုက်မှာ ဈေးဝယ်ခွင့်ဘောင်ချာတွေ ပေးအပ်လေ့ရှိပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။