ဘုရားပေးတဲ့_ယတြာ

Astrology Religion
ဘုရားပေးတဲ့_ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘုရားပေးတဲ့_ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘုရားပေးတဲ့_ယတြာ

ဆရာကြီးစန္ဒြ ဆိုတာကမြန်မာပြည်ရဲ့ ဗေဒင်နဲ့ လက္ခဏာပညာမှာ နိုင်ငံ့ခေါင်းဆောင်တွေ၊ သူဌေးတွေ၊ရုပ်ရှင်လောကသားတွေနဲ့ ပြည်သူတွေပါ လေးစားဂုဏ်ပြုခြင်းခံရတဲ့ တကယ့်ပါရမီရှင် ပုဂ္ဂိုလ်တဦးပါ။

ဘယ်အသက်ရွယ်မှာ thayမလဲ
ဘယ်အချိန်မှာ ဘာဖြစ်မယ်
ဘယ်အချိန်မှာ အောင်မြင်မယ်
ဘယ်အချိန်ပြည်ပကို ခရီးထွက်ရမယ်
ဆိုတာကအစ အတတ်ဟောနိုင်တဲ့
အအောင်မြင်ဆုံး မြန်မာ့လက္ခဏာဗေဒင်ပညာရှင်။

ဒါပေမဲ့သူ့ဟောခန်းမှာ ရဟန်းသာမဏေများနဲ့သီလရှင်များအား မဟောပါ ဆိုပြီးဆိုင်းဘုတ်ချိတ်ထားသတဲ့ဒါနဲ့ ပတ်သက်ပြီး ဆရာစန္ဒြကို မေးမြန်းကြည့်တဲ့အခါ
တပည့်တော်က ရဟန်းသာမဏေများနဲ့ သီလရှင်များကို မကောင်းတဲ့ အတိတ်နိမိတ်မြင်လို့ ကြိုတင်နိမိတ် ဖတ်ဟောတဲ့အခါ လွဲတာက များတယ်။

ရဟန်းသံဃာများဟာနေ့စဉ်အမြဲ ဘုရားကို သောက်တော်ရေ၊ ပန်းတော်၊ ဆွမ်းတော်စတဲ့ ဘုရားဝေယျာဝစ္စ။ပရိတ် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်တဲ့ ဓမ္မာနုဿတိ။

ကျောင်း အိပ်ရာနေရာ တံမြက်လှည်းခြင်းစတဲ့ကုသိုလ်ကိစ္စတွေကို နေ့စဉ်မပြတ်
ပြုလုပ်ကြတာများတော့ နောင်ဖြစ်လာမည့် မကောင်းတဲ့ အတိတ်နိမိတ်တွေဟာ မဖြစ်နိုင်ကြတော့ဘူး။

ကုသိုလ်စရဏတရားတွေမပြတ်ပြုလုပ်နေသူတွေကို သူဟောရင်လွဲတာက များတယ် တဲ့။ ဒါကြောင့် ရဟန်းသံဃာများနဲ့ သီလရှင်များကို တပည့်တော် ဗေဒင် မဟောခြင်းပလို့ ဆိုပါတယ်။ဆရာကြီးဟာ သူ့အသက် ၇၂နှစ်မှာ thayမယ်လို့သူ့ပညာအရသိတဲ့အခါ ဗေဒင်လက္ခဏာပညာကို ခဏရပ်နားကာ ဆရာတော်ကြီးတွေရဲ့အဆုံးအမကိုခံယူပြီး အညာဘက်ကိုသွားနွားတွေဝယ် ဘေးမဲ့လွတ်၊ ရေရှားတဲ့ဒေသတွေမှာ ရေတွင်းရေကန်တွေတူးလှူစတဲ့ ကုသိုလ်တွေကို ပြုလုပ်ခဲ့ပါတယ်။

အသက် ၇၂နှစ်မှာ မthayခဲ့တဲ့အတွက်သူ့ပညာတွေကို အပြီးအပိုင်စွန့်လွတ်ပြီး ရဟန်းဝတ်ပါတယ်။ရဟန်းဘဝနဲ့ ဗုဒ္ဓတရားတော်များကလူတစ်ယောက်ရဲ့ကံဇာတာကို ပြောင်းလဲပေးနိုင်ကြောင်း ဆောင်းပါးများကို ရေးသားခဲ့ပါတယ်။

အသက် ၈၃နှစ်မှ ရွှေပြည်သာက ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာလူကြီးရောဂါနဲ့ ပျံလွန်တော်မူခဲ့ပါတယ်။ဆရာကြီးရဲ့ဘဝအတွေ့အကြုံသင်ခန်းစာတွေကို ကြည့်ခြင်းအားဖြင့်ကုသိုလ်အလုပ်တွေကိုစဉ်ဆက်မပြတ် ပြုလုပ်နေသူတို့အဖို့ကံဆိုး ကံညံ့တွေ မကျရောက်နိုင်ဘူး။

မကောင်းတဲ့အတိတ်တွေ နိမိတ်တွေဟာအကောင်းဘက်ကို ရောက်ရှိသွားနိုင်တယ်ဆိုတာတွေ့ရပါတယ်။ဒါ့ကြောင့်ကိုယ့်ဘဝမှာ မကောင်းတဲ့ အတိုက်အခိုက် တွေကြုံလာလို့ပဲ ဖြစ်ဖြစ်၊အလုပ်အကိုင် အဆင်မပြေလို့ဘဲ ဖြစ်ဖြစ်၊ဗေဒင်က ကိုယ့်ကိုယ် ကံဆိုးကံညံ့ရှိနေတယ်လို့ဘဲ ဟောဟော လုပ်နိုင်သ၍ ကုသိုလ်ကောင်းမှု့တွေကိုသာ တိုးတိုးပြီး နေ့စဥ် လုပ်နိုင်သ၍ #ကုသိုလ်ပြုကြပါလို့ တိုက်တွန်းပါရစေ။

ရေးသားသူ –Htet_Myat_Aung

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။