ခုနစ်ရက်သားသမီးများအတွက် 30.3.2023မှ 5.4.2023ထိ တစ်ပတ်စာတားရော့ဟောကိန်း

Astrology
ခုနစ်ရက်သားသမီးများအတွက် 30.3.2023မှ 5.4.2023ထိ တစ်ပတ်စာတားရော့ဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခုနစ်ရက်သားသမီးများအတွက် 30.3.2023မှ 5.4.2023ထိ တစ်ပတ်စာတားရော့ဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခုနစ်ရက်သားသမီးများအတွက် 30.3.2023မှ 5.4.2023ထိ တစ်ပတ်စာတားရော့ဟောကိန်း
တနင်္ဂနွေသားသမီး

ဒီရက်တွေအတွင်းမှာ ဘေးကျပ်နံကျပ် အခက်အခဲမျိုးတွေ ကြုံရတက်ပါတယ်။အင်တာဗျူးကိစွ လျောက်လွှာကိစွ စာချုပ်ကိစွ စရင်းဇယားကိစွတွေအောင်မြင်မယ်။ခရီးကိစွတွေအတွက်စိတ်ညစ်စရာကြုံရမယ်။ကိုယ်လုပ်သမျှကို ကန့်ကွက်နှောက်ယှက်သူတွေနဲ့ပဲ ကြုံနေရတက်တယ်။ရည်ရွယ်ထားတဲ့အလုပ်တွေပျက်သွားတက်တယ်။မလုပ်ချင်တဲ့အလုပ်တွေ လုပ်ရတက်တယ်။သူတပါးကိစွတွေနဲ့ အချိန်ကုန်နေမယ်။ဒါပေမဲ့ ကျေးဇူးမတင်တဲ့အပြင် မကောင်းမြင် အထင်လွဲတာတောင် ခံရတက်ပါတယ်။အချစ်ရေး အိမ်ထောင်ရေးမှာတော့ အထူးသတိထားရမဲ့အချိန်ပါပဲ။ လမ်းခွဲရမှာထိ ဖြစ်နိုင်ပါတယ်။ငွေကြေးကံတွေတော့ ကောင်းလာမယ်။ကြီးကဲသူတွေနဲ့ ကူညီဆောင်မမှုတွေနဲ့လဲ ကြုံလာပါလိမ့်မယ်။ အခက်အခဲကြားကပဲ အလုပ်နဲ့ပတ်သက်လို့ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

ယတြာ – မိမိအိမ်ဘုရားမှာ လိမ္မော်သီးကပ်လှူပါ။

တနင်္လာသားသမီးများ

What's Your Sign According to the Myanmar Zodiac? - Dr. Keesha

ဒီရက်တွေအတွင်းမှာ အစစအရာရာ သတိထားဖို့လိုတယ်။လုပ်သမျှ ဒုက္ခဆိုသလိုဖြစ်နေမယ်။အလုပ်မှာလဲ အထစ်အငေါ့ အနှောင့်အယှက်တွေအများကြီးကြုံမယ်။မကူညီချင်တဲ့အပြင် ဒုက္ခပေးမဲ့သူတွေ တန်းစီနေတက်ပါတယ်။ပြသာနာဟောင်း ရောဂါဟောင်းတွေ ပြန်ပေါ်လာတက်တယ်။ရပ်ဝေးနဲ့ ဆက်သွယ်ရတဲ့ အလုပ်တွေအောင်မြင်မယ်။အဆောက်အဦးကိစွ မြေယာကိစွတွေနှင့်ပတ်သက်ပြီး အဆင်ပြေမယ်။နိုင်ငံခြားခရီးစဉ် အခွင့်အလမ်းတွေပေါ်ပေါက်လာမယ်။အောက်လက်ငယ်သားတွေအတွက် စိတ်ချမ်းသာရတာ ကွဲကွာနေသူတွေနဲ့ပြန်ဆုံတာ၊ အချစ်ရေးအိမ်ထောင်ရေးမှာ စိတ်ချမ်းမြေ့စရာတွေ ကြုံလာရပါမယ်။ဦးခေါင်းပိုင်းဝေဒနာ ခံစားရတက်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးမထင်မှတ်ထားတာတွေဝင်လာပါမယ်။ကြီးကဲသူတွေ အခွင့်အရေးပေးတာ ကြုံရပါမယ်။

ယတြာ – မိမိအိမ်ဘုရားမှာ နန်းကြီးသုပ်ကပ်လှူပါ။

အင်္ဂါသားသမီး

What's Your Sign According to the Myanmar Zodiac? - Dr. Keesha

 

ဒီရက်တွေမှာ စိတ်နှစ်ခွ ဖြစ်စရာတွေ ဆုံးဖြတ်ရခက်တာတွေကြုံလာတက်တယ်။ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့ အချိန်တွေကုန်သွားတက်ပါတယ်။လက်အောက်ငယ်သားတွေအတွက်လဲ စိတ်ရှုတ်ရတက်ပါတယ်။အဲ့ဒီလိုကြားကပဲ အဖိုးတန်ပစွည်းတွေဝင်လာမယ်။ခက်ခဲကြန့်ကြာနေတဲ့ ငွေကိစွ ပစွည်ကိစွတွေ အဆင်ပြေသွားမယ်။ယာဉ် စက်ပစွည်းများအကြောင်းပြု၍ စကားများဖြေရှင်းရတက်သည်။မိတ်ဆွေ ဆရာသမား အကူအညီကောင်းတွေပေးလာမယ်။ပညာရေးကိစွ သင်တန်းကိစွတွေမှာ အခွင့်အလမ်းကောင်းတွေ ပေါ်လာမယ်။အချစ်ရေးအိမ်ထောင်ရေးမှာ စိတ်သဘောထားတင်းမာမှုလေးတွေဖြစ်နေမယ်။ငွေကြေးတွေဝင်လာမယ်။ထွက်နေတဲ့ ငွေတွေ ပစွည်းတွေလဲ ပြန်ဝင်ကိန်းရှိတယ်။မိတ်ဆွေ ဆွေမျိုးထဲမှ လူနာသွားကြည့်ရတက်သည်။

ယတြာ – မိမိအိမ်ဘုရားမှာ ဆီမီး(၃)တိုင်ကပ်လှူပါ။

ဗုဒ္ဓဟူးသားသမီး

Myanmar Zodiac Signs - Astrology System | Go Myanmar Torus

ဒီရက်တွေအတွင်းမှာ ဘေးကျပ်နံကျပ် အခက်ခဲမျိုးတွေကြုံရတက်ပါတယ်။ရည်ရွယ်ထားတဲ့အလုပ်တွေ ပျက်သွားတက်တယ်။ကိုယ်လုပ်သမျှကို ကန့်ကွက်နှောက်ယှက်သူတွေနဲ့ပဲကြုံနေရမယ်။မလုပ်ချင်တဲ့ အလုပ်တွေ လုပ်ရတက်တယ်။သူတစ်ပါး ကိစွတွေနဲ့ အချိန်ကုန်နေလိမ့်မယ်။ဒါပေမဲ့ကျေးဇူးမတင်တဲ့အပြင် မကောင်းမြင် အထင်လွဲတာတောင် ခံရတက်ပါတယ်။ခရီကိစွကောင်းမွန်ပါတယ်။အလုပ်ကိစွနဲ့ပတ်သက်ပြီး ခရီသွားအကျိုးပေးမယ်။အောက်လက်ငယ်သားတွေနဲ့ ပတ်သက်ပြီး စိတ်နှစ်ခွဖြစ်စရာကြုံမယ်။အချစ်ရေးအိမ်ထောင်ရေးမှာ စန်းကောင်းနေတဲ့အချိန်ဖြစ်တာကြောင့် အိမ်ထောင်သည်များ သတိထားရမဲ့အချိန်ဖြစ်ပါတယ်။နေရာထိုင်ခင်းကိစွ အဆောက်အဦးကိစွတွေကတော့ အဆင်ပြေအောင်မြင်မယ်။ဆရာသမား အကြီးအကဲတွေရဲ့ကူညီဆောင်မမူတွေနဲ့လဲ ကြုံလာပါမယ်။အခက်အခဲတွေကြားကပဲ အလုပ်နဲ့ပတ်သက်လို့ အခွင့်လမ်းကောင်းတွေပေါ်လာနိုင်ပါတယ်။

ယတြာ – မိမိအိမ်ဘုရားမှာ စပယ်ပန်းကပ်လှူပါ။

ကြာသပတေးသားသမီး

ဒီရက်တွေအတွင်းမှာ အဘက်ဘက်က အခြေနေကောင်းတွေကြုံလာမယ်။နာမည်ဂုဏ် သတင်းတိုးတက်လာမယ်။ဝင်ငွေ သိသိသာသာ တိုးလာမယ်။ရာထူးတက်သလို အခွင့်ရေးကောင်းတွေ ကြုံလိမ့်မယ်။စာချုပ်စာတမ်း စရင်းဇယား အမှားယွင်းကြုံတက်သည်။အရေးကြီး စာရွက်စာတမ်းတွေ ပျက်စီးပျောက်ဆုံးတက်သည်။မိသားစုထဲက ကျန်းမာရေးအညံ့လေးတွေကြုံရတက်တယ်။အချစ်ရေး အိမ်ထောင်ရေးမှာတော့ အဆင်ပြေ စိတ်ချမ်းသာရမယ်။မိတ်ဆွေ မောင်နှမတို့ရဲ့ အကူအညီကောင်းတွေလဲ ရတက်သည်။အပူလောင်တာ ရေချိုးမှားတာတွေ ဖြစ်တက်သည်။ပညာရေးကိစွ သင်တန်း ကိစွတွေကတော့ အဆင်ပြေအောင်မြင်မယ်။မထင်မှတ်တဲ့နေရာက ငွေတွေ ပစွည်းတွေ ဝင်လာတက်တယ်။ငွေအဝင်ကြမ်းသလိုအထွက်လဲကြမ်းနေတက်သည်။

ယတြာ – မိမိအိမ်ဘုရားမှာ ကြံရည်ကပ်လှူပါ။

သောကြာသားသမီး

ဒီရက်တွေအတွင်းမှာ သင်တန်းကိစွ ပညာရေးကိစွ အင်တာဗျူးကိစွတွေ အဆင်ပြေအောင်မြင်မယ်။အလုပ်ကိစွတွေမှာတော့ မနာလိုရန်လိုသူ ပေါ်မယ်။စွပ်စွဲ နမည်ဖျက်တာတွေ ခံရတက်တယ်။မ်ိတ်ဆွေရင်း လူရင်းတွေ သစွာဖောက်တက်တယ်။ဆ်ီး မျက်စီ ကျန်းမာရေးညံ့တက်တယ်။အလှူအတန်းကိစွတွေပေါ်လာလိမ့်မယ်။အဖိုးတန်အသုံးအဆောင် လျှပ်စစ်ပစွည်းတွေ ဝင်မယ်။နေရာထိုင်ခင်းကိစွ အဆောက်အဦးစာချုပ်ကိစွတွေပျက်သွားတက်တယ်။အောက်လက်ငယ်သားတွေနဲ့ ပတ်သက်ပြီး ဝမ်းသာစရာတွေကြုံရမယ်။ထီပေါက်ကိန်းရှိနေတယ်။ငွေအစုစိုက် အပုံလိုက်ဝင်တက်သည်။အချစ်ရေး အိမ်ထောင်ရေးနဲ့အပတ်သက်ပြီး စ်ိတ်ချမ်းသာရမယ်။ပျော်ရွှင်စရာ ခရီးတွေသွားရတက်သည်။

ယတြာ – မိမိအိမ်ဘုရားမှာ ရွှေပန်းကပ်လှူပါ။

စနေသားသမီး

ဒီရက်တွေအတွင်းမှာ ကောင်းသောအပြောင်းအလဲတွေ ထူးထူးခြားခြားဖြစ်တက်တယ်။အထူးသဖြင့် အတွေးအခေါ်ပဲဆိုင်ရာ ခံယူချက်ပိုင်းဆိုင်ရာ စိတ်သဘောထား အပြောင်းလဲတွေ ဖြစ်ပေါ်လာတက်တယ်။အလုပ်မှာလဲ ကောင်းသော အပြောင်းအလဲတွေကြုံမယ်။လက်ရှိလုပ်ငန်းကို တိုးချဲ့တာပဲဖြစ်ဖြစ် လုပ်ငန်းပြောင်းတာ အသစ်လုပ်တာပဲဖြစ်ဖြစ်အောင်မြင်မယ်။ရပ်ဝေးက လုပ်ငန်းအဆက်သွယ်ကောင်းတွေပေါ်လာတက်သည်။အရင်ကဖြစ်ဖူးတဲ့ ပြသာနာဟောင်း ရောဂါဟောင်းတွေ ပြန်ပေါ်လာတက်တယ်။နိုင်ငံခြားခရီးစဉ် အထစ်အငေါ့လေးတွေကြုံနေမယ်။အိမ်သူအိမ်သားအချင်းချင်း စကားများဖြစ်ရန်ဖြစ်ရတက်သည်။အချစ်ရေး အိမ်ထောင်ရေးမှာလဲ ကြီးကဲသူတွေကို အကြောင်းပြုပြီး အဆင်မပြေမူတွေရှိတက်သည်။ထီပေါက်သလိုဝင်တွေဝင်မယ်။လူနာဧည့်သည့်ကို ကူညီရတက်သည်။ဆွေမျိုး မိတ်ဆွေရင်းထဲမှ ကြီးကဲသူတစ်ဦး အမှူအခင်းကြုံရတက်သည်။

ယတြာ – မိမိအိမ်ဘုရားမှာ ရွှေရင်အေးကပ်လှူပါ။

ရေးသားသူ – ဆရာမမေဘုန်းပြည့်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။