သူ့အကျိုးပေးနဲ့သူ ၊ ကိုယ့်အကျိုးပေးနဲ့ကိုယ်

Astrology
သူ့အကျိုးပေးနဲ့သူ ၊ ကိုယ့်အကျိုးပေးနဲ့ကိုယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူ့အကျိုးပေးနဲ့သူ ၊ ကိုယ့်အကျိုးပေးနဲ့ကိုယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူ့အကျိုးပေးနဲ့သူ ၊ ကိုယ့်အကျိုးပေးနဲ့ကိုယ်

ထီထိုးမယ်ဆို ပထမဆုံးသိဖို့က ကိုယ့်အတွက် အကျိုးပေးဂဏန်း နဲ့ အက္ခရာတွေ ၊ သင်္ကေတတွေပါ ။ဆိုတော့ စသွားရအောင်…။
ကိုယ်မွေးတဲ့ မြန်မာခုနှစ်ကိုတည် ၊ (၇)နဲ့ ÷ ပါ ။အကြွင်းကို ကြည့်ပါ ။

၁ကြွင်း …..၆ ဂဏန်း ၊ သောကြာနေ့ နှင့် သောကြာနံများ ။
၂ကြွင်း……၀/၇ ဂဏန်း ၊ စနေနေ့ နှင့် စနေနံများ ။
၃ကြွင်း……၁ ဂဏန်း ၊ တနင်္ဂနွေနေ့ နှင့် တနင်္ဂနွေနံများ ။
၄ကြွင်း ….. ၂/၉ ဂဏန်း ၊ တနင်္လာနေ့ နှင့် တနင်္လာနံများ ။
၅ကြွင်း ….. ၃ ဂဏန်း ၊ အင်္ဂါနေ့ နှင့် အင်္ဂါနံများ ။
၆ကြွင်း ….. ၄/၈ ဂဏန်း ၊ ဗုဒ္ဓဟူး နေ့ နှင့် ဗုဒ္ဓဟူး ရာဟုနံများ ။
၀ကြွင်း ….. ၅ ဂဏန်း ၊ ကြာသာပတေးနေ့ နှင့် ကြာသာပတေးနံများ ။

ဒါတွေသည် အမြဲတမ်း အကျိုးပေးဂဏန်း သတ်မှတ်ချက်တွေပါ ။

နောက်တစ်ဆင့်က မိမိက ဘာနေ့သားသမီးလည်း….??? ကြည့်ပြီး ခွဲခြားပါမယ် ။

တနင်္လာနေ့ဖွား …..၆ ဂဏန်း ၊ သောကြာနေ့ နှင့် သောကြာနံများ ။
အင်္ဂါနေ့ဖွား ……၀/၇ ဂဏန်း ၊ စနေနေ့ နှင့် စနေနံများ ။
ဗုဒ္ဓဟူးနေ့ဖွား ………၁ ဂဏန်း ၊ တနင်္ဂနွေနေ့ နှင့် တနင်္ဂနွေနံများ ။
ကြာသာပတေးနေ့ဖွား … ၂/၉ ဂဏန်း ၊ တနင်္လာနေ့ နှင့် တနင်္လာနံများ ။
သောကြာနေ့ဖွား ….. ၃ ဂဏန်း ၊ အင်္ဂါနေ့ နှင့် ..အင်္ဂါနံများ ။
စနေနေ့ဖွား ….. ၄/၈ ဂဏန်း၊ ဗုဒ္ဓဟူး နေ့ နှင့် ဗုဒ္ဓဟူး ရာဟုနံများ ။
တနင်္ဂနွေနေ့ဖွား .. ၅ ဂဏန်း ၊ ကြာသာပတေးနေ့ နှင့် ကြာသာပတေးနံများ ။
စတာတွေကို ပုံသေမှတ်ယူထားပါ ။

ဥပမာ…
တစ်ခုကြွင်း အင်္ဂါနေ့ဖွားဆိုပါစို့ ။
တစ်ခုကြွင်းဖြစ်လို့….၆ဂဏန်း အကျိုးပေးဂဏန်း
အင်္ဂါနေ့ဖွား ဖြစ်လို့ ….၀/၇ ဂဏန်း အကျိုးပေးဂဏန်းများ ဖြစ်ပါတယ် ။

ဒါကြောင့် total အားဖြင့် ….၆၊၀၊၇ ဂဏန်းတို့သည် တစ်ခုကြွင်း အင်္ဂါ (ဝါ) အင်္ဂါသိုက်ဖွားတွေရဲ့ မူလအကျိုးပေးဂဏန်းတွေပါ ။

ကဲ..ဒီလောက်ဆို စသုံးကြည့်လို့ရပါပြီ ။ပြောတိုင်းမယုံပါနဲ့ ။လက်တွေ့ဘ၀အတွေ့အကြုံတွေနဲ့သာ ဆုံးဖြတ်ကြပါခင်ဗျာ ။ အနုစိတ်မှာလည်း တစ်ဦးနဲ့တစ်ဦးဆိုတာ အကျိုးပေးအား ကွာခြားနိုင်ပါတယ် ။

အသုံး၀င်ပြီး အကျိုးဖြစ်စေနိုင်ဖို့သာ ရည်ရွယ်ရေးသား ပေးလိုက်ရပါတယ် ။
ချမ်းသာခြင်း ရှိကြပါစေ ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။