ဂြိုဟ်ပြေ ရန်ပြေ ယတြာများ

Astrology
ဂြိုဟ်ပြေ ရန်ပြေ ယတြာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂြိုဟ်ပြေ ရန်ပြေ ယတြာများဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂြိုဟ်ပြေ ရန်ပြေ ယတြာများ

မိမိလဂ်စန်း မွေးနံပေါ်တွင် စနေစီးတာ မြင်ထားလျှင် ဘုရားစနေထောင့် (အနောက်တောင်ထောင့်)တွင် ပန်းအနီ ၁၀ ပွင့်၊ ဖယောင်းတိုင် အနီ ၁၀ တိုင်၊ ရေ ၁၀ ခွက်ကိုလှူပါ။ ဘုရားစနေထောင့် မှာ ကြေးခေါင်းလောင်း တစ်လုံး လှူပါ။

ခေါင်းလောင်း ညောင်ရွက်ပေါ်မှာ မိမိနာမည်ရေးထိုးပြီး ၎င်းနာမည်ပေါ်၌ ရွှေချ၍လှူပါ။ ထီးအနီ ၁၀ စင်း၊ တံခွန်အနီ ၁၀ တိုင်၊ ကုက္ကားအနီ ၁၀ ခုစီ လှူပါ။ ငါးသက်စေ့လှူပါ။ ရေ လှူပါ။

မိမိလဂ်စန်း မွေးနံပေါ် တွင် ရာဟုစီးတာ မြင်ထားလျှင် ဘုရားရာဟုထောင့် (အနောက်မြောက်ထောင့်)တွင် ပန်းအဝါ ၁၂ ပွင့်၊ ဖယောင်းတိုင် အဝါ ၁၂တိုင်၊ ရေ ၁၂ ခွက်၊ ထီးအဝါ ၁၂ စင်း၊ တံခွန် ၁၂ တိုင်၊ ကုက္ကား အဝါ ၁၂ ခုစီ လှူပါ။ ရာဟုထောင့်မှာ ကြေးခေါင်းလောင်း တစ်လုံးလှူပါ။၎င်း ကြေးခေါင်းပေါ်တွင် မိမိနာမည်ကို ရေး၍ ၎င်းအပေါ်တွင်ရွှေချပါ။ ငါးသက်စေ့လှူပါ။

မိမိလဂ်စန်းမွေးနံပေါ်တွင် ကြာသပတေးစီးတာ မြင်ထားလျှင် ကြာသပတေးထောင့်မှ (အနောက်ရပ်) တွင် ပန်းအဖြူ ၁၉ ပွင့်၊ ဖယောင်းတိုင် ၁၉ တိုင်၊ ရေ ၁၉ ခွက် လှူပါ။ ကြာသပတေး ထောင့်မှ ကြေးခေါင်းလောင်း တစ်လုံးလှူ၍ ၎င်းကြေးခေါင်းလောင်းပေါ်တွင် မိမိနာမည်ကို ရေးထိုး၍ ရွှေချပြီး လှူပါ။ ငါးသက်စေ့လှူပါ။

အခြားသော ပါပဂြိုဟ်များဖြစ်သော အဂ်ါ၊ တနဂ်နွစငည်တို့သည် မွေးနံပေါ်သော်၎င်း၊ လဂ်စန်းပေါ်သော်၎င်း၊ စီးထားမြင်ထားလျှင် သက်ဆိုင်ရာထောင့်များ၌ ပန်းရောင်စုံများ ထီး ၃ စင်း၊ တံခွန် ၃ စင်း၊ ကုက္ကား ၃ ခုလှူပါ။ ငါးသက်စေ့လှူပါ။

မိမိလဂ်စန်းမွေးနံပေါ်တွင် သံဒေါင်းစီးထားမြင်ထားလျှင် သူရာ၊ ရာဟုထောင့်မှာ ပန်းအဝါ ၁၂ ပွင့်၊ ဖယောင်းတိုင် ၁၂ တိုင်၊ ရေတစ်ထမ်းလှူပါ။ ရှားသားမီး ၁၂ ခုလှူပါ။

မိမိကံဇာတာမှာ ဘုမ္မိအဝင်ဖြစ်စေ၊ အထွက်ဖြစ်စေ ကြုံတွေ့နေလျှင်၎င်း၊ ပါပဂြိုဟ် များ သက်ရောက်ဂြိုဟ်ထွက်ကြုံနေလျှင် ၎င်း၊ ရှားမီးအချိန်ကာလ ကြုံတွေ့နေလျှင်၎င်း၊ ဘုရားတွင် ရှားမီးသားလှူပါ။( မိမိစေတနာရှိသလောက် လှူနိုင်ပါသည်။) လူငါးယောက်ဖြစ်စေ၊ ဘုန်းကြီးငါးပါးဖြစ်စေ၊ ဆွမ်းကျွေးပါ။ ငါးသက်စေ့လှူပါ။ အိမ်ရှိဘုရားကို ပန်းမျိုးစုံလှူပါ။

အဆိုပါ ဂြိုဟ်ထွက်ကြုံနေခြင်း ရှားမီးကာလကြုံနေခြင်း ဘုမ္မိအထွက်ကြုံနေ၍ နေထိုင်မကောင်းဖြစ်နေလျှင် ဝေဒနာကြီး ခံစားနေရလျှင် အောက်ပါယတြာများကိုပြုလုပ်ပါ။

ငှက်ပျောသီး တစ်ဖီးကို အိပ်ယာခေါင်းရင်းတွင် ထားအိပ်၍ မနက်ကိုအမှန်တကယ်စားမည့်သူကို လှူပါ။ ဇာတာဟောင်းကိုရေမျှောပြီး ဆုတောင်းပါ။ (ရေမျှောနည်း သီးသန့်ဖော်ပြထားပါသည်။) မိမိဝတ်ဆင်နေသည့် အကျ်ီတစ်ထည်၊ လုံချည်တစ်ထည်(အဝတ်တစ်စုံ) (အဟောင်းဖြစ်သည် အပေါက်မပါရ)ကို ညတွင် ဘုရားရှေ့တွင်ဆုတောင်း၍ ဝတ်ဆင်ပြီး အိပ်ပါ၊ နံနက်တွင် အမှန်တကယ် ဝတ်ဆင်မည့် ဆင်းရဲသောပုဂ္ဂိုလ်ကို လှူပါ။ ဂဏန်းသက်စေ့လှူပါ။ နံနက်စောစော အရှေ့အရပ်ကို မျက်နှာပြု၍ နေမင်းရှိခိုးပြီး ဆုတောင်းပါ။ တစ်စုံတစ်ခုအဓိဋ္ဌာန်ပြုလုပ်ပါ။ ၉ ရက်အတွင်း ထူးခြားစွာ သိသာလာပါမည်။ ဘုမ္မိအရပ်တွင် ခေါင်းရင်းမထားရ။

အကယ်၍ မိမိဇာတာတွင် ပိုးပေါက်နေမည်။ ကျိုးပဲ့နေမည်။ ဆွေး၍ဟောင်းနေမည်ဆိုလျှင် ရေမျှောပါ။ ရေမျှောနည်း မှာ မိမိအဝတ်ဟောင်း တစ်ထည်တွင် ဆန်တစ်ဆုပ်၊ မြေဇာမြက် တစ်ဆုပ်၊ ကြေးနီပိုက်ဆံပြား၊ သံချောင်း တစ်ချောင်း နှင့် ဇာတာဟောင်းကိုပါ ရော၍ထုပ်ပြီး ရေရှင် (မြစ်ဆိပ်)တွင် သွားမျှောပါ။
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ

ရေးသားသူ – ဝင်းပြည့်ခန့်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။