မုန်းမုန်း ကွဲကွဲ ပြန်ချစ်တွဲအောင်ဓာတ်ဆင်မယ်

Astrology
မုန်းမုန်း ကွဲကွဲ ပြန်ချစ်တွဲအောင်ဓာတ်ဆင်မယ်

ဒီယတြာနည်းကို နှစ်နံတွဲ ပီယဓာတ်ဆင်နည်း လို့ ခေါ်ပါတယ်။ ဒီယတြာကို ဘယ်လို ကိစ္စများ အတွက် ဆောင်ရွက်လို့ ရနိုင်သလဲဆိုရင်.

မိမိချစ်တဲ့သူက မိမိအပေါ် အမုန်းပွားနေရင်
လင်ကွဲမယားကွဲကိစ္စပြန်ပေါင်းချင်လျှင်…
မောင်နှမ သားအမိ စိတ်ဝမ်းကွဲနေလျှင်…
ဇနီးမောင်နှံ အချစ်ပျယ်နေလျှင်….
ဆရာတပည့်အထင်လွဲ၍ လမ်းကွဲစပြုနေလျှင်….
အောက်လက်ငယ်သားနှင့် အထက်လူကြီးအမြင်စောင်းနေလျှင်…အဲဒီလို အခါတွေမှာဆိုရင်လည်း ဒီယတြာကို ဆောင်ရွက်လို့ ရပါတယ်။အရေးကြီးတာလေးတွေ အရင်မှတ်ထားရမယ်။

ဒီယတြာကို မိတ်အချိန်အတွင်းမှာ တိတိကျကျ လုပ်ရမယ်။

မိမိရဲ့ ဆပွတ်နေ့သားက စိတ်ပါလက်ပါ ကူညီ လုပ်ဆောင်ပေးရမယ်။
(၂၁)-ရက်တိတိ မထိရ မကိုင်ရ ထားထားရမယ်။
(၂၁)ရက်ပြည့်ရင်တော့ ရေစီးနေသော ရေသန့်သန့်မှာ မျှောပစ်ရမယ်။

အရင်ဆုံး ယတြာကို ဆောင်ရွက်မယ့် လူက ကိုယ် ဘာနေ့သားလည်း။ ကိုယ့် အဆင်ပြေချင်တဲ့ လူက ဘာနေ့သားလည်း။ အဲဒီနှစ်ချက်ကို အဓိက ထားရမယ်။ အဲဒါကို ကျကျနန သိထားပြီးရင်တော့ အောက်မှာ ဖော်ပြထားတဲ့ ယတြာကို ကျကျနန တိတိကျကျ ဆောင်ရွက်မယ်ဆိုရင် ယတြာ ဆောင်ရွက်နေတဲ့ (၂၁)ရက်အတွင်းမှာတောင် ထူးခြားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မုန်းနေရင် အမုန်းဓာတ်တွေ ပျက်ပျယ် သွားတယ်။ မေတ္တာဓာတ်တွေ ပြန်လည် စိမ့်ဝင်လာမယ်။ ပီယဓာတ်တွေ ပြန်ပြီး ပေါ်လာမယ်။ အမြင်မကြည်ရင် ပြန်ကြည်လာမယ်။

ဥပမာ တနင်္ဂနွေ သားသမီး တစ်ဦးဦးက အင်္ဂါသားသမီး တစ်ဦးနှင့် အဆင်ပြေချင်တယ်ဆိုရင် အုန်းညွန့် (၆) ညွန်နှင့် ဇော်စိမ်း(၈) ညွန့်ကို ပန်းအိုး အသစ်တစ်လုံးထဲမှာ ရောထိုးရမယ်။ ဓာတ်မိအောင် ဓာတ်ပုံ နှစ်ပုံကို ပန်းအိုးမှာ ကပ်ထားလို့ ရပါတယ်။ အဲဒီပန်းအိုးကို အကူနေ့သား ဖြစ်သူက ကိုယ် သတ်မှတ်ထားတဲ့ နေရာကို တင်ပေးရုံပဲ။ ခုံ မြင့်မြင့်လေး တစ်လုံးပေါ် တင်လည်း ရပါတယ်။ သူတင်နေတဲ့ အချိန်မှာ ကိုယ်က ထိုင်ပြီး ဆုတောင်းပေါ့။ အရေးကြီးတာက(၂၁)-ရက် တိတိ ထားရမယ်။ (၂၁)-ရက်အတွင် မထိရ မကိုင်ရဘူး။ ၂၁-ရက်ပြည့်ရင် ရေမျှောပစ်လိုက်ပါ။ အဲဒီတော့ အောက်မှာ (၇)ရက်သား သမီးများအားလုံးအတွက် ရေးပေးလိုက်ပါတယ်။ အတိအကျသာ လုပ်ဆောင်ပါ။ သေချာပေါက် အောင်မြင်စေပါတယ်။

တနင်္ဂနွေသားသမီးများအတွက်

တနင်္ဂနွေသားသမီးများ၏ ယတြာကို သောကြာသားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုးထိုးပေးပြီး အဲဒီ ပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ သောကြာသားသမီးက လုပ်ပေး၇မှာ ဖြစ်ပါတယ်။ အချိန်ကတော့ တနင်္ဂနွေနေ့ နေ့လည် (၁း၃၀) ကနေ (၃း၀၀) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ တနင်္ဂနွေ သားသမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။

တနင်္ဂနွေ + တနင်္ဂနွေ (အုန်းညွန့် ၁၂-ညွန့်)
တနင်္ဂနွေ+တနင်္လာ(အုန်းညွန့်၆-ညွန့်၊ကံကော်၁၅-ညွန့်)
တနင်္ဂနွေ+အင်္ဂါ(အုန်းညွန့်၆-ညွန့်၊ဇော်စိမ်း၈-ညွန့်)
တနင်္ဂနွေ+ဗုဒ္ဓဟူး(အုန်းညွန့်၆-ညွန့်၊ရွက်လှ၁၇-ညွန့်)
တနင်္ဂနွေ+ကြာသပတေး(အုန်းညွန့်၆-ညွန့်၊မေမြို့ပန်း၁၅-ပွင့်)
တနင်္ဂနွေ+သောကြာ(အုန်းညွန့်၆-ညွန့်၊သပြေ၂၁-ညွန့်)
တနင်္ဂနွေ+စနေ(အုန်းညွန့်၆-ညွန့် ၊နှင်းဆီ၁၀ပွင့်)

တနင်္လာသားသမီးများအတွက်

တနင်္လာသားသမီးများ၏ ယတြာကို စနေသားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုးထိုးပေးပြီး အဲဒီ ပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ စနေသားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ တနင်္လာနေ့ နေ့လည် (၃း၀၀) ကနေ (၄း၃၀) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ တနင်္လာသားသမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။

တနင်္လာ+တနင်္ဂနွေ(ကံကော်၁၅-ညွန့်+အုန်းညွန့်၁၂-ညွန့်)
တနင်္လာ + တနင်္လာ (ကံကော် ၃၀-ညွန်)
တနင်္လာ+အင်္ဂါ(ကံကော်၁၅-ညွန့်၊ဇော်စိမ်း၈-ညွန့်)
တနင်္လာ+ဗုဒ္ဓဟူး(ကံကော်၁၅-ညွန့်၊ရွက်လှ၁၇-ညွန့်)
တနင်္လာ+ကြာသပတေး(ကံကော်၁၅-ညွန့်၊မေမြို့ပန်း၁၅-ပွင့်)
တနင်္လာ+သောကြာ(ကံကော်၁၅-ညွန့်၊သပြေ၂၁-ညွန့်)
တနင်္လာ+စနေ(ကံကော်၁၅-ညွန့်၊နှင်းဆီ၁၀ပွင့်)

အင်္ဂါသားသမီးများအတွက်


အင်္ဂါ+တနင်္ဂနွေ(ဇော်စိမ်း၈-ညွန့်+အုန်းညွန့်၁၂-ညွန့်)
အင်္ဂါ+တနင်္လာ(ဇော်စိမ်း၈-ညွန့်၊ကံကော်၃၀-ညွန့်)
အင်္ဂါ + အင်္ဂါ (ဇော်စိမ်း ၁၆-ညွန့်)
အင်္ဂါ+ဗုဒ္ဓဟူး(ဇော်စိမ်း၈-ညွန့်၊ရွက်လှ၁၇-ညွန့်)
အင်္ဂါ+ကြာသပတေး(ဇော်စိမ်း၈-ညွန့်၊မေမြို့ပန်း၁၅-ပွင့်)
အင်္ဂါ+သောကြာ(ဇော်စိမ်း၈-ညွန့်၊သပြေ၂၁-ညွန့်)
အင်္ဂါ+စနေ(ဇော်စိမ်း ၈-ညွန့် ၊ နှင်းဆီ ၁၀ ပွင့်)

ဗုဒ္ဓဟူးသားသမီးများအတွက်


ဗုဒ္ဓဟူး+တနင်္ဂနွေ(ရွက်လှ၁၇-ညွန့်+အုန်းညွန့်၁၂-ညွန့်)
ဗုဒ္ဓဟူး+တနင်္လာ(ရွက်လှ၁၇-ညွန့်၊ကံကော်၃၀-ညွန့်)
ဗုဒ္ဓဟူး+အင်္ဂါ(ရွက်လှ၁၇-ညွန့်၊ဇော်စိမ်း၁၆-ညွန့်)
ဗုဒ္ဓဟူး + ဗုဒ္ဓဟူး (ရွက်လှ ၃၄-ညွန့်)
ဗုဒ္ဓဟူး+ကြာသပတေး(ရွက်လှ၁၇-ညွန့်၊မေမြို့ပန်း၁၅-ပွင့်)
ဗုဒ္ဓဟူး+သောကြာ(ရွက်လှ၁၇-ညွန့်၊သပြေ၂၁-ညွန့်)
ဗုဒ္ဓဟူး+စနေ (ရွက်လှ၁၇-ညွန့် ၊နှင်းဆီ ၁၀ပွင့်)

ကြာသပတေးသားသမီးများအတွက်

ကြာသပတေးသားသမီး၏ ယတွာကို အင်္ဂါ သားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြဳလုပ်ပေးရမယ်။ ပန်းအိုးထိုးပေးပြီး အဲဒီပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ အင်္ဂါ သားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ ကြာသပတေးနေ့နံနက် (၉းဝဝ) ကေန (၁၀း၃၀) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။အောက်မှာကြာသပတေးသားသမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာဆောင်ရွက်လို့ရအောင် ပန်းတွေရေးပေးလိုက်ပါတယ်။

ကြာသပတေး+တနင်္ဂနွေ(မေမြို့ပန်း၁၅-ပွင့်+အုန်းညွန့်၁၂-ညွန့်)
ကြာသပတေး+တနင်္လာ(မေမြို့ပန်း၁၅-ပွင့်၊ကံကော်၃၀-ညွန့်)
ကြာသပတေး+အင်္ဂါ(မေမြို့ပန်း၁၅-ပွင့်၊ဇော်စိမ်း၁၆-ညွန့်)
ကြာသပတေး+ဗုဒ္ဓဟူး(မေမြို့ပန်း၁၅-ပွင့်၊ရွက်လှ၃၄-ညွန့်)
ကြာသပတေး+ကြာသပတေး(မေမြို့ပန်း၃၀ပွင့်)
ကြာသပတေး+သောကြာ(မေမြို့ပန်း၁၅-ပွင့်၊သပြေ ၂၁-ညွန့်)
ကြာသပတေး+စနေ(မေမြို့ပန်း၁၅-ပွင့်၊နှင်းဆီ၁၀ပွင့်)

သောကြာသားသမီးများအတွက်

သောကြာ သားသမီးများ၏ ယတြာကို ဗုဒ္ဓဟူး သားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုးထိုးပေးပြီး အဲဒီပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ ဗုဒ္ဓဟူး သားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ သောကြာနေ့ နေ့လည် (၁း၃၀) ကနေ (၃း၀၀) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ သောကြာ သမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။

သောကြာ+တနင်္ဂနွေ(သပြေ၂၁-ညွန့်+အုန်းညွန့်၁၂-ညွန့်)
သောကြာ+တနင်္လာ(သပြေ၂၁-ညွန့်၊ကံကော်၃၀-ညွန့်)
သောကြာ+အင်္ဂါ(သပြေ၂၁-ညွန့်၊ဇော်စိမ်း၁၆-ညွန့်)
သောကြာ+ဗုဒ္ဓဟူး(သပြေ၂၁-ညွန့်၊ရွက်လှ၃၄-ညွန့်)
သောကြာ+ကြာသပတေး(သပြေ၂၁-ညွန့်+မေမြို့ပန်း၁၅-ပွင့်)
သောကြာ + သောကြာ (သပြေ ၄၂ – ညွန့်)
သောကြာ+စနေ(သပြေ၂၁-ညွန့်၊နှင်းဆီ၁၀ပွင့်)

စနေသားသမီးများအတွက်

စနေသားသမီးများ၏ ယတြာကို ကြာသပတေး သားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုးထိုးပေးပြီး အဲဒီပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ ကြာသပတေး သားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ စနေနေ့ နေ့လည် (၁း၃၀) ကနေ (၃း၀၀) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ စနေ သမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။

စနေ+တနင်္ဂနွေ(နှင်းဆီ၁၀ပွင့်+အုန်းညွန့်၁၂-ညွန့်)
စနေ+တနင်္လာ(နှင်းဆီ၁၀ပွင့်၊ကံကော်၃၀-ညွန့်)
စနေ+အင်္ဂါ(နှင်းဆီ၁၀ ပွင့် ၊ဇော်စိမ်း ၁၆-ညွန့်)
စနေ+ဗုဒ္ဓဟူး(နှင်းဆီ၁၀ ပွင့်၊ ရွက်လှ ၃၄-ညွန့်)
စနေ+ကြာသပတေး(နှင်းဆီ၁၀ပွင့်+မေမြို့ပန်း၁၅-ပွင့်)
စနေ+သောကြာ(နှင်းဆီ၁၀ပွင့်၊သပြေ၄၂ ညွန့်)
စနေ + စနေ (နှင်းဆီ ၂၀ – ပွင့်)

Crd မြန်မာ့ရိုးရာဗေဒင်ပညာ

ရေးသားသူ -ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။