“(၇)ရက်သားသမီးများရှောင်ကျဉ်ရမည့်စရိုက်လက္ခဏာများ”

Astrology
“(၇)ရက်သားသမီးများရှောင်ကျဉ်ရမည့်စရိုက်လက္ခဏာများ”

(၇)ရက်သားသမီးတွေအနေနဲ့ အောက်ပါအလေ့အထ ၊ အကျင့်အကြံ ၊ အမူအယာဆိုးများနဲ့တကွ လုပ်မှား ကိုင်မှား ပြုမိမှားတဲ့ စရိုက်လက္ခဏာလေးတွေ အမြန်ဆုံး ရှောင်ကျဉ်နိုင်ကြရင် မိမိတို့ ဘဝလမ်းမှာ ကောင်းကျိုးလိုရာ ဆန္ဒပြည့်ကြပါမယ် ။

တနင်္ဂနွေသားသမီးများ

မိမိကို လူအများကြား ထင်ထင်ပေါ်ပေါ် နဲသတိမူမိစေသော ကိစ္စများ ၊ လုပ်ရပ်များ ၊ ပြောဆိုခြင်းများ မပြုမိဖို့ လိုပါတယ် ။ ထို့အပြင် မိမိကို သတိပြုမိအောင် ကြိုးပမ်း
တဲ့ လုပ်ရပ် မပြုရပါ ။ မိမိ အရည်အချင်း နဲ့ လူတွေကြား ထင်ပေါ်မူ များလာပါကလည်း မိမိ အနေဖြင့် ခပ်ကုပ်ကုပ်သာ နေပါ ။

တနင်္လာသားသမီးများ

ကိုယ့်ရဲ့ မိသားစုဝင်များ၏ ကိစ္စများကို၄င်း ၊ ကိုယ့်အိမ်ထောင်ဖက် သို့ သားချင်း မိတ်ဆွေ များ၏ အိမ်ထောင်ရေး ၊ အိမ်တွင်းရေးများကို အကြံဥာဏ်ပေးကာ မြောက်ပေးခြင်းများ နှင့် မိမိ အိမ်ထောင်ဖက်အပေါ် သို့ အိမ်သားများ ကို အနိုင်ယူခြင်း ၊ ဗိုလ်ကျခြင်း … စတဲ့ အနိုင့်အထက်ပြုခြင်းများ အထူးရှောင်ပါ ။

အင်္ဂါသားသမီးများ

ငွေလေး ကြေးလေး ရွှင်လာရင် သုံးချင် ဖြုန်းချင်စိတ် ဖြစ်တတ်လို့ အမှတ်မထင် ငွေစုငွေပြုံကြီး ဝင်ပါက သောကတစ်ခုပါ ကပ်ပါလာတတ်သူ ဖြစ်ပါတယ် ။ သူတပါးအပေါ် မာရည်ကျောရည် ဆက်ဆံမူ ၊ မိမိ အရည်အချင်းအရ မာနဖြင့် မောက်မာမူ ၊ ဝံ့ဝံ့ကြွားကြွား ပပလွှားလွှား နေထိုင်တတ်မူ နဲ့ တကယ်မဟုတ်တဲ့ ကိစ္စတွေကို တကယ်ကြီးလိုလို အာချောင် အကြွားသန်မူ အထူး ရှောင်ဖို့ လိုပါတယ် ။

ဗုဒ္ဓဟူးသားသမီးများ

စိတ်ထဲ ပုံသိပ်မလာရင် တွယ်ချင်ဗြင်းချင် ပြီး အရည်ခွံ ခွာချင်စိတ် ၊ စိတ်ဆိုးရင် နောက်ပိုင်းဘာဖြစ်ဖြစ် ခုလက်ရှိ တစ်ခုခု ပြန်တုံ့ပြန်လိုက်ရလိုက်မှ ကျေနပ် သဘောကျတဲ့ စိတ်ထဲကခိုင်းသမျှ ထလုပ်တတ်သော အလေ့အထ နဲ့ စိတ်လေရင် တော်ယုံနဲ့ ပုံမှန်ပြန်ပြီးတော့ လမ်းမှန်ပေါ် မရောက်တဲ့ကိစ္စလေးတွေကို အမြဲ သတိထားပါ ။ စိတ်ကို လေလို လွှင့်ရင် မိမိသာ ဒုက္ခပွေမည် ။

ကြာသပတေးသားသမီးများ

ငါ တကောကောတဲ့အကျင့် ၊ ငါသာလျှင် ဧကန် မှန်တဲ့သူ ၊ ငါ ကလွှဲရင် ကျန်တာတွေ ဗလာ ဗလာ ဗလာ … ၊ လူကို လူချင်း စီးစီးနင်းနင်း လုပ်ချင်တဲ့အလေ့ ၊ တင်တင်စီးစီး ပြုမူတတ်တဲ့ အထ ၊ ငါ ငါ ငါ … ငါ ဦးတည်တဲ့ အတွေးမျိုး အထူးရှောင်ပါ ။ လူမူပေါင်းသင်းဆက်ဆံရေးမှာ လူဆိုး – ကောင်း သေချာစွာ ခွဲခြားကာ ပေါင်းတတ်သင်းတတ်တဲ့ စရိုက်လေးရအောင်မွေးပါ ။ အရေးကြုံက လူ့အောက်ကျို့သော စိတ်မွေးပါ ။ ဆုံကြုံသမျှ လူသားတွေအားလုံးကို အယုတ်အလတ် အမြတ်မရွေး မျှတတဲ့ စိတ်ထားပေးပါ ။

သောကြာသားသမီးများ

မှားခြင်း ၊ မှန်ခြင်းဆိုတာ နောက်ချန်ထားပြီး တယူသန် တဇွတ်ထိုး လုပ်ချင်ရာ ဇွတ်ကြီး နဲ့အရာရာ ပုံဖော်ပစ်လိုက် တတ်တာလေးတွေ ၊ မှားသွားလဲ နောင်တမရတတ်မူ ၊ မှန်သွားက လူအမြင်ကပ်စရာ ကောင်းအောင်ကို ဝါးကြွားမောက်မာ ပြတတ်မူ မျိုးလေးတွေ အထူးသတိထားပါ ။ အဓိက ကိုယ့်ကိုယ်ထဲက မောင်းထုတ်ရမယ့် အကျင့်ဆိုးက တဇွတ်ထိုးဆန်မူ ၊ တယူသန် အတွေး ၊ တဖက်သတ်လုပ်တတ်မူတွေပါ ။

စနေသားသမီးများ

ကိုယ်အပါအဝင် အခြားသူတွေအတွက်ကို ကောင်းကျိုးချမ်းသာ မဖြစ်စေသောကိစ္စတွေ ၊ လုပ်ရပ်တွေ ၊ စကားပြောဆိုမူတွေ ၊ လှုပ်ရှားသွားလာမူတွေ တတ်နိုင်သမျှ လျော့ပါးအောင် နေထိုင် တတ်အောင်ကြိုးစားပါ ။

အထက်ပါ အကျိုးမဲ့ လုပ်ရပ်လေးတွေ အဝေး မှာထားပြီး တည်ကြည်ငြိမ်သက်စွာ နေနိုင် ရင် အိုကေမှာ စိုပြေပါပြီဗျာ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။