ယောကျာ်းဖြစ်သူဘက်က အမျိုးတွေအများကြီးရလို့ ပျော်ရွှင်နေကြောင်းဝေမျှခဲ့တဲ့ ပိုးကြာဖြူခင်

Celebrity Local News
ယောကျာ်းဖြစ်သူဘက်က အမျိုးတွေအများကြီးရလို့ ပျော်ရွှင်နေကြောင်းဝေမျှခဲ့တဲ့ ပိုးကြာဖြူခင်

မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ပီပြင်လွန်းလှတဲ့သရုပ်ဆောင် ကောင်းတစ်ယောက်အနေနဲ့ပရိသတ်ရဲ့ ချစ်ခင် အားပေး ဝန်းရံမှုကို ရရှိ ထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ကျရာဇာတ်ရုပ် ဇာတ်ကောင်တိုင်းကို အကောင်းဆုံး ပီပြင်အောင် ပုံဖော် သရုပ်ဆောင်နိုင် တာကြောင့် ပရိသတ်ရဲ့ ချစ်ခင်မှုကို ရရှိထားခဲ့ကြတဲ့ဇာတ်လမ်းတွဲမင်းသမီးတွေ ထဲမှာ ပိုးကြာဖြူခင်ဟာလည်း ထိပ်ဆုံးကနေ ပါဝင်နေတဲ့ ပရိသတ် ချစ်ရတဲ့ မင်းသမီးလေး တစ်လက်ဖြစ် ပါတယ်။

လူငယ်ပရိသတ် သာမက လူကြီးပရိသတ်ရဲ့ အချစ်ကိုပါ ပိုင်ဆိုင်ရယူ ထားနိုင်သူလေးလည်း ဖြစ်ပါတယ် ပိုးကြာဖြူခင်ကလည်းပရိသတ်နဲ့ အမြဲအဆက်မပြတ် ရှိသူလေးဖြစ်ပြီး သူမရဲ့ လူမူ့ကွန်ရက် ဖေ့ဘုတ်စ်စာမျက်နှာ ထက် ကနေ သူမရဲ့ နေ့စဉ် လှုပ်ရှားမှုလေးတွေနဲ့အလှူအတန်း ပြုလုပ်ဖြစ်တာတွေကို အလှပုံတွေကို အမြဲလိုလို မျှဝေဖာ်ပြလ့ရှိပါတယ်။ပိုးကြာဖြူခင်က အိမ်ထောင်ကျလို့ သားဦးလေးပါ မွေးဖွားထားတဲ့ သူလည်းဖြစ်ပါတယ်

အခုခါမှာတော့ ပိုးကြာဖြူခင်ဟာ ခင်ပွန်းဖြစ်သူ ကို့ထွန်းရဲ့ ဂရုစိုက်ချစ်ခင်ခြင်းခံရယုံသာမက အမျိုးသားဖက်ကဆွေမျိုးအကုန်လုံးကပါ သူမကိုချစ်ခင်ကျပါတယ် ပိုးကြာဖြူက”ယောက်ကျားဘက်ကအမျိုးအင်အားကတော့ပုံထဲကထက် ၅ဆ ရှင့် ရန်ကုန်သူ မန္တလေးမှာ အမျိုးတွေအများကြီးရလို့ ပျော်နေပြီနော်”ဆိုတဲ့ စာသားလေးနဲ့ ပျော်ရွှင်နေတဲ့ ပုံလေးကို တင်ပေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ – Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။