ယူကရိန်းအလံကို အတင်းဆွဲဖြုတ်သည့် ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ထိုးကြိတ်ခံရ

International News
ယူကရိန်းအလံကို အတင်းဆွဲဖြုတ်သည့် ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ထိုးကြိတ်ခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ယူကရိန်းအလံကို အတင်းဆွဲဖြုတ်သည့် ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ထိုးကြိတ်ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ယူကရိန်းအလံကို အတင်းဆွဲဖြုတ်သည့် ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ထိုးကြိတ်ခံရ

Oleksandr Marikovski, a Ukrainian member of parliament, landed several blows to the head of a Russian official after his Ukrainian flag was ripped from his hands during a summit at the Turkish parliament building on Thursday.

တူရကီနိုင်ငံ အန်ကာရာမြို့ မှာ ကျင်းပနေတဲ့ ပင်လယ်နက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (PABSEC) အစည်းအဝေးတက်ရောက်နေတဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗာလရီ စတာဗီစကီကို ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးက မေလ ၄ ရက်နေ့က ထိုးကြိတ်တိုက်ခိုက်ခဲ့ကြောင်း ရုရှားအစိုးရက သတင်းထုတ်ပြန်ပါတယ်။

Video shows Ukrainian delegate punching Russian official who grabbed flag |  Fox News

အစည်းအဝေးကျင်းပတဲ့ ဟိုတယ်ထဲမှာပဲ ထိုးကြိတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး တိုက်ခိုက်ခံခဲ့ရတဲ့ဗာလရီ စတာဗီစကီကို ရုရှားသံရုံးက အစစအရာရာ ကူညီဆောင်ရွက်ပေးနေကြောင်းလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဘာကြောင့် ထိုးကြိတ်တိုက်ခိုက်ခံရတယ်ဆိုတာကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖေါ်ပြောဆိုတာမရှိသေးပါဘူး။

ရေးသားသူ – Pi Lon

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။