ထိပ်ပြောင်တဲ့အမျိုးသားတွေက ပိုပြီးထက်မြက်ကြသလို ပိုပြီးလည်းအောင်မြင်ပါတယ်

Knowledge
ထိပ်ပြောင်တဲ့အမျိုးသားတွေက ပိုပြီးထက်မြက်ကြသလို ပိုပြီးလည်းအောင်မြင်ပါတယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထိပ်ပြောင်တဲ့အမျိုးသားတွေက ပိုပြီးထက်မြက်ကြသလို ပိုပြီးလည်းအောင်မြင်ပါတယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထိပ်ပြောင်တဲ့အမျိုးသားတွေက ပိုပြီးထက်မြက်ကြသလို ပိုပြီးလည်းအောင်မြင်ပါတယ်

အမျိုးသားတော်တော်များများအတွက် ထိပ်ပြောင်ခြင်းက လူပြောစရာလို့ဖြစ်နေပါတယ်။ ထိပ်ပြောင်တာက သူတို့ကို ဆွဲဆောင်မှုမရှိသလို ကြည်ရစိုးတယ်လို့လည်း ခံစားမိစေပါတယ်။ ဒါပေမဲ့ သုတေသနပြုချက်တွေအရ ထိပ်ပြောင်တဲ့အမျိုးသားတွေက မကြာခဏဆိုသလို စမတ်ကျတယ်၊ ယုံကြည်ချက်အပြည့်ရတယ်၊ ထက်မြက်တယ်၊ အောင်မြင်တယ်လို့ဆိုထားပါတယ်။

ဒါ့အပြင် Barry University က ပါမောက္ခ Dr.Frank Muscarella စမ်းသပ်ထားတဲ့ လေ့လာချက်ကလည်း ထိပ်ပြောင်တဲ့အမျိုးသားတွေက အခြားအမျိုးသားတွေနဲ့ ယှဉ်ရင် လူမှုရေးအရ ပိုပြီး လွှမ်းမိုးမှုရှိတယ်လို့ ဆိုပါတယ်။ သုတေသီတွေက အခြားအမျိုးသားတွေက ရုပ်ပိုင်းဆိုင်ရာအရ ပိုပြီး ဆွဲဆောင်မှုရှိကြပေမဲ့ ထိပ်ပြောင်တဲ့အမျိုးသားတွေက လူမှုဆက်ဆံရေးပိုကောင်းကြပါတယ်။ လူတွေက သူတို့ကို ပိုပြီးထက်မြက်တယ်၊ အခြားသူတွေကို လွှမ်းမိုးနိုင်စွမ်းရှိတယ်လို့သတ်မှတ်ထားကြောင်း လေ့လာတွေ့ရှိရပါတယ်။

Frank Muscurella က လေ့လာချက်မှာ အမျိုးသားတွေကို ပါဝင်စေခဲ့ပြီး အဲဒီအမျိုးသားတွေကို စံသတ်မှတ်ဖို့အတွက် ပါဝင်တဲ့သူတွေကို အဖွဲ့လိုက်လုပ်ဆောင်ခဲ့ပါတယ်။ တချို့အဖွဲ့ကို ဆံပင်ရှိတဲ့အမျိုးသားတွေရဲ့ပုံတွေကို ပြခဲ့ပြီး အခြားအဖွဲ့ကို ဆံပင်ရှိတဲ့ အမျိုးသားရဲ့ပုံတွေကိုပဲ ဒစ်ဂျစ်တယ်နည်းနဲ့ ဆံပင်တွေကို ဖယ်ရှားပြီး ပြခဲ့ပါတယ်။ ရလဒ်မှာတော့ ထိပ်ပြောင်တဲ့ အမျိုးသားတွေက ပိုပြီးရိုးသားတဲ့၊ထက်မြက်တဲ့၊ ဆွဲဆောင်မှုရှိတဲ့သူတွေအဖြစ် စံသတ်မှတ်ထားကြောင်း တွေ့ရပါတယ်။

r. Frank Muscurella ရဲ့ လေ့လာတွေ့ရှိချက်ကို University of Pennsylvania က စိတ်ပညာရှင် Albert E Mannes က လူတွေက ထိပ်ပြောင်တဲ့အမျိုးသားတွေကို ပိုပြီးသန်မာတဲ့၊ ပိုပြီးထူးခြားတဲ့၊ ပိုပြီးအောင်မြင်တဲ့သူတွေအဖြစ် မြင်ကြတယ်လို့ သက်သပြရင်း ထောက်ခံထားပါတယ်။ University of Saarland က သုတေသီတွေကလည်း လူ (၂၀၀၀၀) ရဲ့ မဲပေးမှုအပေါ် မူတည်တဲ့ ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။ ရလဒ်ကတော့ ထိပ်ပြောင်တဲ့သူတွေက ပိုပြီးအသက်ကြီးသလိုထင်ရပေမဲ့ ပိုပြီးထက်မြက်ပြီး ဉာဏ်ကောင်းတဲ့ သူတွေဖြစ်တယ်လို့ ဆိုထားပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။