နေ့ခင်းကြောင်တောင် ကားရပ်ပြီး မဖွယ်မရာလုပ်ပြတဲ့ taxiသမား

Local News
နေ့ခင်းကြောင်တောင် ကားရပ်ပြီး မဖွယ်မရာလုပ်ပြတဲ့ taxiသမား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေ့ခင်းကြောင်တောင် ကားရပ်ပြီး မဖွယ်မရာလုပ်ပြတဲ့ taxiသမား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နေ့ခင်းကြောင်တောင် ကားရပ်ပြီး မဖွယ်မရာလုပ်ပြတဲ့ taxiသမား

6.5.2023နေ့လည်၃နာရီဝန်းကျင်
ဒီနေ့အလုပ်ကပြန်တော့ ကျွန်မကကားစီးဖို့စောင့်နေတာ ကျွန်မနဲ့အတူ၁၄နှစ်၁၅နှစ်လောက်ရှိမယ်ကလေးမလေးတစ်ယောက်လည်းရှိတယ်
ခဏကြာတော့ taxiတစ်စီး(ပုံပါ)ကကျွန်မတို့ရှေ့ကနေဖြတ်ပြီး ငှားဦးမလားဆိုတဲ့ပုံစံနဲ့လက်ဟန်ခြေဟန်ပြတော့ ကျွန်မရော ဟိုကလေးမရောအတူခေါင်းခါပြလိုက်ပါတယ်
ဒါကိုအဲ့taxiကကျွန်မတို့နဲ့သိပ်မကွာတဲ့နေရာမှာထိုးရပ်သွားတယ် ပြီးတော့taxiပေါ်ကနေ အသက်၅၀ကျော်၆၀နီးပါးရှိတဲ့လူတစ်ယောက်ဆင်းလာတယ် ကားဘေးနားမှာဆောက်လုပ်ရေးတစ်ခုရှိတော့အရိပ်လည်းရှိတယ် အဲ့အရိပ်ထဲကိုအဲ့လူကဝင်ပြီးအပေါ့သွားတဲ့ဟန်ပြင်တယ်(အဲ့အရိပ်ထဲထိုင်လိုက်တာကိုမြင်တော့ အော်သူအပေါ့ဆင်းသွားတယ်ပေါ့ဆိုပြီးကျွန်မကတွေးလိုက်တာ)

ပြီးတော့လည်းကားကိုမောင်းမထွက်သွားဘူး အဲ့နားမှာဝဲလည်လည်နဲ့လုပ်နေတာ ကျွန်မလည်းအဲ့လူမူမမှန်တာသိတော့သူ့ဘက်ကိုမကြည့်တော့ဘဲဆန့်ကျင်ဘက်ကိုလှည့်လိုက်ရောအဲ့အချိန်မှာကျွန်မဘေးက ကလေးမလေးကခြေတွေလက်တွေတုန်နေတာ ကျွန်မလည်းမသင်္ကာတာနဲ့ဟိုလူကိုပြန်လှည့်ကြည့်တော့ ဟိုလူကကျွန်မဘေးက ကလေးမလေးကိုမဖွယ်မရာလုပ်ပြနေတာရှင်

အဲ့လူပသူ့ပိုက်ဆံအိတ်ကိုဖွင့်ပြပြီး ကလေးမလေးကိုလိုက်မလား ၂သောင်းပေးမယ်ဆိုတဲ့ပုံစံနဲ့​လက်ဟန်ခြေဟန်လုပ်ပြနေတာ ကျွန်မလည်းဓာတ်ပုံရိုက်ဖို့ဖုန်းနဲ့ချိန်လိုက်ရောအဲ့လူကကားထဲဝင်ပြီးကားတံခါးကို ပုံပါအတိုင်းဖွင့်ထားပြီး ကားရဲ့backမှန်ကနေ အပေါ်ကပြောခဲ့တဲ့အတိုင်းထပ်လုပ်ပြနေတာ သူ့လက်ကလည်းဘေးကကလေးမလေးကို လာလာဆိုပြီးခေါ်နေသေးတာ

ကလေးမလေးစီးမယ့်ကားနဲ့ကျွန်မစီးမယ့်ကားကမတူဘူး(ကလေးမလေးကိုမေးလိုက်တာ)မတူပေမယ့် ကလေးမလေးစီးမယ့်ကားကိုတူတူစီးပေးခဲ့ပါတယ် ကလေးမလေးကိုလည်းတစ်ယောက်တည်းမထားခဲ့ပါဘူးရှင်

ကျွန်မတို့စီးမယ့်ကားလာတော့ ကျွန်မကအရင်ထလိုက်တာ အဲ့တာကိုဟိုလူကကျွန်မထွက်သွားပြီထင်ပြီး ကလေးမလေးဆီကိုလမ်းလျောက်လာတာ
တော်သေးတယ်ပြောရမယ် အဲ့လူကျွန်မတို့နားမရောက်ခင်မှာတင် စီးမယ့်ကားရောက်လာလို့ ကားပေါ်ရောက်တော့ကျွန်မကိုကလေးမလေးပြောတာက ခုနဆောက်လုပ်ရေးအရိပ်နားမှာသူထိုင်တာကအပေါ့သွားတာမဟုတ်ပါဘူးတဲ့ ယောင်္ကျားလေးအာသာဖြေသလိုမျိုးလုပ်ပြနေတာပါတဲ့

ထန်နေရင် -ာတန်းသွား ကလေးတွေကိုလာပြီးမဖျတ်စီးနဲ့ ငါတို့ကleeပါတယ်ကြိုက်တဲ့အပေါက်ထိုးမယ် ဗိုက်ကြီးပြီးဘဝပျက်တာငါတို့မဟုတ်ဘူးဆိုတဲ့ကောင်တွေကရွံစရာအကောင်းဆုံးပဲ

​ဖြစ်တဲ့အချိန်က နေ့လည်အလင်းကြီး ဖြစ်တဲ့နေရာကလည်း ၁၉ရပ်ကွက် တံတားထိပ်မှတ်တိုင်မှာဖြစ်တာ(လူတွေရှိတယ်လူပျက်တဲ့နေရာလည်းမဟုတ်ဘူး)

သတိထားကြပါ စျေးပေါတယ်ဆိုတိုင်းကြုံရာtaxiမစီးကြပါနဲ့ အသိမိတ်ဆွေtaxiမဟုတ်ရင် ဘယ်taxiစီးစီးsafeဖြစ်​အောင်တစ်ခုခုဆောင်ထားပြီးသူငယ်ချင်းဖြစ်ဖြစ်မိသားစုဝင်နဲ့ဖြစ်ဖြစ်အဆက်သွယ်မပျက်သွားတာအကောင်းဆုံးပါရှင်

ရေးသားသူ – Ei Zin Phyoe’s Facebook

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။